ဘုရားသခင်နှင့်ပေါင်းစပ်ခြင်း၊ အစေခံခြင်းနှင့် သနားကြင်နာခြင်းတို့သည် ကိုယ်တော်မြတ် စက္ကရမင်းတူး ၏ အနှစ်သာရကိုယ်ဖော်ဆောင်ခြင်းဖြစ်တယ်

တစ်ကမ္ဘာလုံးဆိုင်ရာကိုယ်တော်မြတ် စက္ကရမင်တူး ညီလာခံအကြိုပြင်ဆင်ရေးဆွေးနွေးပွဲ
ဘုရားသခင်နှင့်ပေါင်းစပ်ခြင်း၊ အစေခံခြင်းနှင့် သနားကြင်နာခြင်းတို့သည် ကိုယ်တော်မြတ် စက္ကရမင်းတူး ၏ အနှစ်သာရကိုယ်ဖော်ဆောင်ခြင်းဖြစ်တယ်
နိုဝင်ဘာလ ၁၀၊ ၂၀၁၈
နိုဝင်ဘာလ ၁၀၊ ၂၀၁၈ စနေနေ့တွင် ဟန်ဂေရီ နိုင်ငံ Budapest တွင် ၂၀၂၀တွင်ပြုလုပ်မည့် တစ်ကမ္ဘာလုံးဆိုင်ရာကိုယ်တော်မြတ် စက္ကရမင်တူး ညီလာခံအကြိုပြင်ဆင်ရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တကမ္ဘာလုံးဆိုင်ရာ ကိုယ်စလှယ်တော်များနှင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံခြင်းတွင် ဘုရားသခင်နှင့်ပေါင်းစပ်ခြင်း၊ အစေခံခြင်းနှင့် သနားကြင်နာခြင်းတို့သည် ကိုယ်တော်မြတ် စက္ကရမင်တူးတွင်အခြေခံသော ဆုတောင်းခြင်းနှင့် လက်တွေ့ကျင်ကြံ နေထိုင်ခြင်းတို့မှထွက်ပေါ်လာသော အနှစ်သာရကို ဖော်ဆောင်ခြင်းဖြစ်သည်။
ကိုယ်တော်မြတ် စက္ကရမင်းတူး၏ အနှစ်သာရသည် ဘုရား၏ နုတ်ကပါတ်တော်ကို နားထောင်ခြင်း၊ မစ္ဆားတရားပူဇော်ခြင်းတွင် စိတ်ပါကိုယ်ရောက် ပါဝင်ခြင်း တို့တွင် ပြည့်ဝသော အဓိပ္ပါယ် ကိုဖော်ဆောင်နေသည်။
ဘုရားနှင့်ပေါင်းစပ်ခြင်း၊ လူတို့နှင့်ပေါင်းစပ် စည်းလုံးခြင်းသည် ဘုရားသခင်၏ အသွေးအသားတော်ကိုခံယူခြင်း၌ အခြေခံနေသည်ဖြစ်၍ ကိုယ်တော်မြတ်ကိုးကွယ်ခြင်းသည်လည်း တကမ္ဘာလုံးဆိုင်ရာကိုယ်တော်မြတ် စက္ကရမင်တူး ညီလာခံ အတွက်အရေးကြီးသော အချက်တစ်ချက်လည်းဖြစ်သည်။
အစေခံခြင်းစိတ်နေစိတ်ထားသည် ဘုရားသခင်နှင့် ကိုယ်တော်မြတ် စက္ကရမင်တူး တွင်ပါဝင်ပေါင်းစပ်ခြင်းအားဖြင့်၊ ဘုရား၏ ကုသပေးခြင်းကို ဝေမျှခံစားခြင်း၊ ကိုယ့်ရဲ့ မပြည့်စုံအားနည်းမှုအခြေအနေတွင် သခင်ခရစ်တော်၏ ကယ်တင်ပေးခြင်းကျေးဇူးတော်ကို တုန်ြ့ပန်ကျေးဇူးဆပ်ခြင်း ဖြစ်သည်။ ဘုရားသခင်နှင့်ပေါင်းစပ်ခွန်အားယူပြီး ဘုရား၏ ကျေးဇူးတော်ကို မိသားစုဝင်များအကြားဝေမျှခြင်း၊ နိမ့်ကျနေသူမျာ၊းဒုက္ခရောက်နေသူများအား ကူညီခြင်း၊ သက်ကြီးရွယ်အိုများ စွန့်ပစ်ခံလူသားများကို ထောက်ပံကူညီခြင်း၊ ဆင်ရဲတွင်းမှာနစ်မွန်းနေသူများ၊ အကြမ်းဖက်ခံနေရသူများကို ကူညီခြင်းအားဖြင့် အစေခံကြရန်၊ လူလောက၏ ဒဏ်ရာတွေနှင့်ပြည့်နေသော နေရာတွင် သခင်ခရစ်တော်၏ဒုက္ခခံပူဇော်ခြင်းဖြင့် အစေခံခြင်းအဓိပ္ပါယ်ကို ပိုမိုပြည့်ဝစွာဖော်ဆောင်ကြလျှက် ဆင်းရဲသားတို့၏ အစေခံဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးများ၊ အသုံးမကျ အငြင်းပယ်ခံရမှုများ၊ မုန်းတီးမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများ၊ ရိုင်းစိုင်းကြမ်းတမ်းမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ လူဘဝထဲမှာ ဖြစ်ပေါ်ဖြတ်သန်း စီးဆင်းနေမှုများကို ကျွနုပ်တို့မကြာခဏ ညည်းတွားပြစ်တင်တတ်ကြသည်။ သို့သော် ရက်စက်ကြမ်းကြုတ်မှုများထက် သနားကြင်နာမှုက ပင်လယ်ကြီးလောက်ကြီးမားတယ်ဆိုတာကိုလည်းမမေ့ပါနဲ။့ ဘုရားနှင့်ပေါင်းစပ်ခြင်းမှ ရရှိလာတဲ့ကျေးဇူးတွေတွေက ဘုရားရဲ့သနားကြင်နာမှုကို အခြေအနေ အမျိုးမျိုး တွင် ဒုက္ခခံနေရသူ
ညီကိုမောင်နှမတွေစီကို သယ်ဆောင်ပေးရမယ်၊ သင်ကိုယ်၌က သနားကြင်နာမှုကို စတင်သူဖြစ်နေရမည်။
ကိုယ်တော်မြတ် စက္ကရမင်တူး ၏ အနှစ်သာရ သည် သင်တို့လက်တွေ့ကြုံနေရသော ကရုဏာရေးလုပ်ငန်းများ၊ စည်းလုံးညီညွတ်ခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းတွေမှာ စိတ်ကောင်းနှလုံးကောင်းရှိသူတို့ထံမှ မိသားစုများ၊ လူ့အဖွဲ့အစည်း အလွှာ အသီးသီးသို့ စီးဆင်းနေကြောင်း သိရှိရပေမည်ဟု ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-eucharistic-congress-plenary-assembly-budapest.html

#pope, Eucharistic, #Congress, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 1 =