ဘုရားရှင်၏ သနားကြင်​နာခြင်းကို အတုယူကြပါ

မတ်လ ၁၈ ရက် တနင်္လာ နေ့ Casa Santa Marta ၌ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား

ဘုရားရှင်၏ သနားကြင်​နာခြင်းကို အတုယူကြပါ
မတ်လ ၁၈၊ ၂၀၁၉

 

မတ်လ ၁၈ ရက် တနင်္လာ နေ့ Casa Santa Marta ၌ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် လမ်းမှားသို့မရောက်စေရန် ဘုရားရှင်၏ မျက်မှောက်တော်၌ အသက်ရှင်နေထိုင်ဖို့၊ တစ်ပါးသူကို အပြစ်တင် စီရင်မူမပြုကြဖို့၊ ခွင့်လွှတ်တတ်​ဖို့၊ ၀ါတွင်​းကာလတွင်​ ဘုရားရှင်၏ သနားကြင်​နာခြင်းကို အတု ယူကြဖို့ ဟောကြားခဲ့ပါသည်။

 

♥ ဘုရားရှင်၏ သနားကြင်​နာခြင်​းသည် အဆိုးဝါးဆုံးအခြေအနေ မှာတောင်ခွင့်လွတ်ပေးနေသည်​။

ငါ့မှာ အပြစ်ကြီးတွေရှိတယ်၊ အပြစ်တွေအများကြီးလုပ်ထားတယ် ငါတော့ငရဲကို သွားရမှာသေချာနေပြီ ဆိုတဲ့သူတွေ ဘုရားသခင်ရဲ့ သနားကြင်​နာမူကို ဘာကြောင့်မတွေးကြတာလဲ၊ ဘုရားရှင်ဟာကြီးမားသော မေတ္တာတော်ရှင်ဖြစ်တယ်၊ အဲ့တာကို ဘယ်တော့မှ မမေ့ပါနဲ့ နောင်တနဲ့သာ ဘုရားစီကို ဝန်ချတောင်းပန်ပါ။

 

ဆင်းရဲတဲ့မုဆိုးမတစ်ဦးဟာ စိန့်ဂျွန်း မာရီဗီအာနေ စီမှာ အာပတ်လာဖြေတယ် ကျွန်မကအပြစသားပါ၊ ကျွန်မယောကျာ်​း ဟာငရဲမှာကျနေတယ်ဆိုတာ ကျွန်မသိတယ် ဘာဖြစ်လို့လည်းဆိုတော့ သူ ဟာ တံတာပေါ်ကနေခုန်ချပြီး ကိုယ့်ကိုကိုယ်​သတ်သေသွားလို့ပါ၊ ကိုယ့်ကိုကိုယ် သတ်သေတာဟာ အပြစ်ကြီးဖြစ်တယ် သူငရဲမှာပဲ ရှိနေမှာပါဆိုပြီး မျက်ရည်နဲ့ ပြောပြခဲ့တယ်၊ စိန်ဂျွန်း မာရီဗီအာနေက ခဏနေပါအုံး တံတားနဲ့ မြစ်နဲ့ကြားမှာ ဘုရားသခင်ရဲ့ သနားကရုဏာရှိနေသေးတယ်လေ၊ ဘုရားရဲ ချစ်ခြင်းမေတ္တာ ကရုဏာက အဆုံးထိ ပေးထားတယ်၊ ဘယ်လိုအခြေနေမှာပဲ ရောက်ရောက် ဘုရားရဲ့ကရုဏာ ရှိနေသေးတယ် ဆိုတာ မမေ့ပါနဲ့။ ။

 

♥ ဝါတွင်းကာလ ကောင်းမွန်သော အမူအကျင့်များ

ဒီကနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး သခင်ခရစ်တော်က ဝါတွင်းကာလ ကောင်းမွန်သော အမူအကျင့်များကျင်ကြရန် ဖော်ပြပေးခဲ့ပါတယ်၊ တပါးသူကို မစီရင်ပါနဲ့၊ သူတပါးကို အပြစ်တင် စီရင်ဆုံးဖြတ်ခြင်းကို ဝါတွင်းကာလမှာ အထူးရှောင်ကျင်ရမယ်၊ လူတွေရဲ့အကျင့်က စကားလေးစပြောတာနဲ့ သူတပါးအပြစ်ရှာဖို့ အတင်းအဖြင်းပြောဖို့ ကို ကိုယ်ကိုပို့​ဆောင်တတ်​ကြတယ်၊ သတိထားရမယ်။

 

♥ မိမိအိပ်ထောင် ဖွင်ထားသောသူဖြစ်ရမယ်

ရက်ရောသောစေတနာစိတ်ကို အသုံးချပြီး သူတပါးအတင်းအဖြင်ပြောခြင်းကိုရှောင်ကျင်ကြဖို့၊ နှလုံးသား ဖွင့်ထားသူတွေသာ ခွင့်လွတ်ပေးနိုင်တယ်၊ သူတပါးကို အပြစ်မြင်နေသရွေ့ဘယ်တော့မှ ခွင့်လွတ်ခြင်းကျေးဇူးတော် သင်နှလုံးသာမှာ ကြီးထွားမည်မဟုတ်ပါ။ပေးတဲ့နေရာမှာ ရက်ရက်ရောရောပေးကြပါ သင်တို့ပေးတဲ့အတိုင်း ဘုရားသခင်က သင်တို့ကိုပြန်လည်ပေးလိမ့်မယ်၊ လိုအပ်သူတွေ၊ ဆင်းရဲနေသူတွေ၊ အကြံဉာဏ်လိုအပ်သူတွေ၊ အပြုံးလိုအပ်သူတွေကို ပေးကြပါ၊ မိမိကိုယ်ကို ပိတ်ဆို့ထားသူတစ်ယောက်အဖြစ်မနေကြပါနဲ့။ သင် ရက်ရက်ရောရောပေးလေ ဘုရာက သင့်ကိုပိုပေးလေပဲ၊ သင်တစ်ခုပေးရင် ဘုရားက သင့်ကို အဆတစ်ရာပြန်ပေးလိမ့်မယ်။ ဝါတွင်းကာလမှာ ပေးဆပ်ခြင်းဝေမျှခြင်းဆိုတာ ငွေကြေးဥစ္စာ တစ်ခုတည်းကို ဆိုလိုတာမဟုတ်၊ သင့်ရဲ့ဖြူစင်​​သော အပြုံး၊ တစ်ပါးသူအတွက် ဆုတောင်ပေးနေသော အချိန်၊ နေမကောင်းသူများထံသွားရောက်အားပေးကူညီခြင်း၊ အထီးကျန်ဆန်နေသူများ ကို သင့်အချိန်ပေး သွားရောက်စကာပြော၊ နားထောင်ပေးခြင်း စသည့် ဝိညာဉ်ရေးရာ လုပ်ဆောင်မူများကိုလည်း ပေးကမ်းကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2019-03...

#pope, #mass, #mercy, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 5 =