ဘုရားရှင်၏ သည်းခံခြင်းသည် ကျွန်ုပ်တို့နှလုံးသားကို မျှော်လင့်ခြင်းဖွင့်ပေး၏။ 

ဘုရားရှင်၏ သည်းခံခြင်းသည် ကျွန်ုပ်တို့နှလုံးသားကို မျှော်လင့်ခြင်းဖွင့်ပေး၏။ 

ဘုရားရှင်၏ သည်းခံခြင်းသည် ကျွန်ုပ်တို့နှလုံးသားကို မျှော်လင့်ခြင်းဖွင့်ပေး၏။ 

တနင်္ဂနွေနေ့  အန်ဂျေလူးမေတ္တာဆိုပြီး မယ်တော်သခင်မထံတော်သို့ ကျွန်ုပ်တို့အား ဖခင်၏ ချစ်ခြင်းမေတ္တာဖြင့် ချစ်မြတ်နိုးတော်မူ၍ သားသမီးများအား တစ်ယောက်မျှ ဆုံးရှုံးရန်မလိုလားသော ဘုရား၏ သည်းခံခြင်းကို နားလည်‌၍ အတုယူနိုင်ကြရန် ကူညီပါမည့်အကြောင်း ဆုတောင်းခဲ့ပါသည်။   

ဂျုံစပါးပင်နှင့် ပေါင်းပင်တို့၏ ပုံဥပမာဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အရှင်သူမြတ်က သခင်ခရစ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ သည်းခံခြင်းသည် ကျွန်ုပ်တို့နှလုံးသားများကို မျှော်လင့်ခြင်းဖွင့်ပေးသည်ဟု မြွက်ကြားခဲ့ပါသည်။ 

တနင်္ဂနွေနေ့တွင် ထောက်ရှုသော ဧဝံဂေလိတရားတော်၌ သခင်ခရစ်တော်သည် လယ်ကွင်းထဲတွင် ကောင်းသော ဂျုံစပါးကို စိုက်ပျိုးသော  လယ်ရှင်၏ ပုံဥပမာကို ဟောကြားခဲ့သည်။ ညအချိန်တွင် ရန်သူသည် ဂျုံစပါးများကြားတွင် ပေါင်းပင်များကို ကြဲခဲ့သည်။ ဂျုံစပါးများနှင့် ပေါင်းပင်များ အတူတကွ မှည့်လာကြသောအခါ လယ်ရှင်၏ အစေခံသည် ပေါင်းပင်များကို ဆွဲနှုတ်ချင်ခဲ့သည်။ အစေခံတို့သည် ပေါင်းပင်များနှင့်အတူ ဂျုံစပါးများပါနှုတ်မိသွားမည်ကို လယ်ရှင်သည် စိုးရိမ်သဖြင့် ဂျုံစပါးများကို ရိတ်သိမ်းသောအချိန်ထိ စောင့်ပေးကြရန်မှာကြားခဲ့သည်။

ကျွန်ုပ်တို့အကြားတွင်လည်းကျွန်ုပ်တို့နှင့် ကမ္ဘာမြေကြီးအား အန္တရာယ်ဖြစ်စေသော ပေါင်းသတ်ဆေးများ၊ အပင်များကို အန္တရာယ်ပြုစေသောဆေးများနှင့် အဆိပ်အတောက်များဖြင့်   ကမ္ဘာ့မြေဆီလွှာသည် ဖိနှိပ်ခံနေရသည်။  

သည်းခံခြင်းရှိဖို့ရန် ဖိတ်ခေါ်ခြင်း

ဤပုံဥပမာ၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အရှင်သူမြတ်က မြွက်ကြားထားသည်မှာ "လယ်ရှင်၏ ကွင်းပြင်ဆိုသည်မှာ ကောင်းသောမျိုးစေ့ကို အမြဲကြဲသောသူနှင့် ကောင်းသောစပါးကို ရိတ်သိမ်းရန် မျှော်မှန်းထားသော ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ရန်သူသည် မနာလိုမှုနှင့် ရန်လိုမှုဖြင့် ဘုရားရှင်၏ လုပ်ဆောင်ချက်ကို ဖျက်စီးရန် ကိုးစားနေသူဖြစ်သည်။ နတ်ဆိုး၏ ရည်ရွယ်ချက်သည် ကယ်တင်ခြင်းလုပ်ငန်းကို အနှောင့်အယှက်ပေးရန်၊ မကောင်း‌သော အလုပ်သမားများမှတစ်ဆင့် ဘုရားရှင်၏နိုင်ငံတော်ကို ကဖျက်ယဖျက်ဖြစ်စေရန်နှင့် မျိုးကြဲသူအား ခလုတ်ထိစေရန် ရည်ရွယ်ခဲ့သည်။ ဂျုံစပါးနှင့် ပေါင်းပင်တို့သည် မမြင်နိုင်သော အဆိုးနှင့်အကောင်းကို ကိုယ်စားမပြုသော်လည်း  ဘုရားနှင့်နတ်ဆိုးကို လိုက်နိုင်သော သက်ရှိလူသားတို့၏ ဖြစ်တည်မှုကို ကိုယ်စားပြုခြင်းဖြစ်သည်။  

ပုပ်ရဟန်းမင်းကြီးသည် ကောကဆူးစ် (Caucasus) ၌ ငြိမ်းချမ်းခြင်းရှိစေရန်နှင့် ကမ္ဘာတစ်ဝှမ်းပစ်ခတ်မှုများ ရပ်စဲရန် ထပ်လောင်း၍ မေတ္တာရပ်ခံခဲ့‌ပါသည်။ 

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ ကျွန်ုပ်တို့သည် အတင်းအဖျင်းပြောသော လူတစ်ဦးအားမည်သို့ စွပ်စွဲခဲ့ကြသည်ကို ထောက်ပြရာ၌ "တည်ငြိမ်အေးချမ်းသော မိသားစု သို့မဟုတ် အဖွဲ့အစည်းများသည် ပဋိပက္ခများနှင့် မနာလိုမှုများကြောင့် ရုတ်တရက် ပြိုကွဲသွားကြသည်ကို ကြားခဲ့ကြရသည်။" ဟု မိန့်ကြားခဲ့ပါသည်။

" တစ်ပါးသူအားအတင်းပြောရန်နှင့် ဖျက်စီးရန် နှောင့်ယှက်ခြင်းသို့ လဲကျလျှင် ၎င်းသည် ကျွန်ုပ်တို့၏ နှောင့်ယှက်ခြင်းခြင်း သို့မဟုတ် နတ်ဆိုးပင်ဖြစ်သည်။"   

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အရှင်သူမြတ်သည် ကျွန်ုပ်၏ အလိုကို ဆန့်ကျင်၍ လူ့ဥာဏ်ဖြင့် မမှီနိုင်သော ဘုရားရှင်၏ အကြံအစည်တော်အားဖြင့် နတ်ဆိုးကို ရှင်းပစ်ရမည်။ သခင်ခရစ်တော်၏ တပည့်တော်များသည်  မကောင်းသောသူများကို နှိပ်စက်နေခြင်းထက် သူတို့ကို ကယ်တင်ရန် ရည်ရွယ်၍ သည်းခံခြင်းစိတ်ရှိရန် ရွေးကောက်ခြင်းခံခဲ့ကြသည်။ 

‌အမြင်နှစ်ခု Two visions

“ယ‌‌နေ့တရား‌တော်သည် သမိုင်းကို ရှင်သန်ခြင်းနှင့် တုံ့ပြန်ခြင်းဟူ၍ နည်းနှစ်မျိုးကို ဖော်ပြထားသည်။ တစ်ဖက်တွင် သခင်၏ အမြင်နှင့် အခြားတစ်ဖက်တွင် အစေခံကျွန်၏ အမြင်ကို တွေ့မြင်နိုင်သည်။ အစေခံသည် လယ်ကွင်းရှိပေါင်းပင်များကို ရှင်းပစ်ဖို့ အာရုံပြုနေသောအချိန်တွင် လယ်ရှင်သခင်သည် ကောင်းသော ဂျုံစပါးကို ပေါင်းပင်များကြားကပင် တွေးပူ၍ မည်သို့ ကာကွယ်ရမည်ကို ကြိုသိ‌နေခဲ့သည်။  

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် အခြားသူများ၏ အားနည်းချက်နှင့် ချွင်းချက်များကို ရှေးရှုပြုနေသူများအား ဆန့်ကျင်၍ သတိပေးခဲ့သည်။ "အသင်းတော်နှင့်သမိုင်း၏ လယ်ကွင်းပြင်တွင် တိတ်ဆိတ်စွာ ကြီးထွားနေသောသူများသည် ရင့်ကျက်မှုကို စိုက်ပျိုးကြသောသူများဖြစ်ပြီး ကောင်းသောသူများသည်သာ အကောင်းကို အသိအမှတ်ပြုခြင်းကို သိသောသူများဖြစ်သည်။ ထိုသူတို့သည် ဘုရားသခင်၏ ရည်မှန်းချက်၌ ပါဝင်ဆောင်ရွက်နိုင်သော သူများဖြစ်သည်။ 

ဩဝါဒ နောက်ဆုံးတွင် "ကောင်း‌သောသူကို ဆုချ၍ ဆိုး  သောသူကို ဒဏ်ခတ်တတ်သောဘုရား၊ သူတစ်ပါးတည်းသာလျှင် ဖြစ်သည်။" ဟုဆိုကာ နိဂုံးချုပ်ခဲ့လေသည်။

 

ဘာသာပြန်- စစ္စတာရ်လူစီ လားလ်နိုင်ကြိုင်း၊ SJA

https://bit.ly/3eQo171

 

Add new comment

10 + 2 =