ဘုရားရှင်၏ ရွှေမျက်နှာတော်ကို ဆင်းရဲသားများ၊ နာမကျန်းဖြစ်သူများ၊ စွန့်ပစ်ခံရသူများနှင့် လူမျိုးခြားများ၌ ရှာ‌ဖွေနိုင်ကြစေရန် ပုပ်ဖရန်စစ်မြွက်ကြား

ဘုရားရှင်၏ ရွှေမျက်နှာတော်ကို ဆင်းရဲသားများ၊ နာမကျန်းဖြစ်သူများ၊ စွန့်ပစ်ခံရသူများနှင့် လူမျိုးခြားများ၌ ရှာ‌ဖွေနိုင်ကြစေရန် ပုပ်ဖရန်စစ်မြွက်ကြား

ဘုရားရှင်၏ ရွှေမျက်နှာတော်ကို ဆင်းရဲသားများ၊ နာမကျန်းဖြစ်သူများ၊ စွန့်ပစ်ခံရသူများနှင့် လူမျိုးခြားများ၌ ရှာ‌ဖွေနိုင်ကြစေရန် ပုပ်ဖရန်စစ်မြွက်ကြား

လွန်ခဲ့သော (၇)နှစ်၌ လမ်ပေဒူဆာ (Lampedusa) တွင် ဟောကြားခဲ့သော ဩဝါဒတရားတော်ကို ပြန်လည်ဖော်ဆောင်လျှက် "သက်တောင့်သက်သာနေခြင်း၏ ဓလေ့သည် မိမိအတွက်သာ စဉ်းစားပြီး တခြားသူများ၏ ငိုသံကို ကြားသည့်အခါ၌ စာနာမှုကင်းမဲ့စေသည်။ ၎င်းသည် အဓိပ္ပါယ်မရှိသောလွဲမှားမှုများကို ခေတ္တခဏ ဖန်တီးပေးပြီး ဥပေက္ခာပြုခြင်းသို့ ဦးဆောင်ကာ၊ ကမ္ဘာအနှံ့ ဥပေက္ခာပြုခြင်းအထိ ဖြစ်ပေါ်စေသည်။ တစ်ခြားလူများ ဒုက္ခခံစားခြင်းကို မြင်ရသည်မှာ နေသားကျနေပြီး ကျွန်ုပ်တို့အား မည်သည့်အကျိုးမှ မသက်ရောက်စေခဲ့ပေ။ ၎င်းသည် ကျွန်ုပ်နှင့်လည်းမဆိုင်။ ကျွန်ုပ်၏ အလုပ်လည်းမဟုတ်ပေ ဟူသောစာနာမှု ကင်းမဲ့သည့်စိတ်များဖြစ်ပေါ်စေသည်။"

"သင်၏ ညီ အဘယ်မှာနည်း?"လမ်ပေဒူဆာ ( Lampedusa) မှ ကောဗစ်သို့။ ညီအစ်ကိုရင်းဘဝ၏ စိန်ခေါ်မှု

"သင့်အဖို့ မျှတခြင်းဟူသော မျိုးစေ့ကိုကြဲ၍၊ ဘာသာတရားကိုင်းရှိုင်းမှုဟူသော အသီးကို ရိတ်သိမ်းလော့။" ဟူ၍ ‌စိတ်နှလုံးသားပြုပြင်ပြောင်း လဲရန် ပရောဖက်ဟောရှေ၏ ခေါ်သံကို ပုပ်ရဟန်းမင်းကြီးသည် ပြန်လည် မြွက်ကြားခဲ့သည်။

ကိုယ်တိုင်တွေ့ဆုံခြင်းသည် သာသ နာအလုပ်ကို ဖြစ်ပေါ်စေသည်။ ဘုရားရှင်၏ ရွှေမျက်နှာတော်ကို ရှာဖွေခြင်းဆိုသည်မှာ ဧဝံဂေလိကျမ်း၌ပါရှိသော တပည့်တော်ကြီး (၁၂) ပါးတို့၌ ဖြစ်ပျက်သကဲ့သို့ ဘုရားရှင်နှင့် ကိုယ်တိုင်တွေ့ဆုံရန်အတွက် ဆန္ဒရှိခြင်းကို ဖြစ်ပေါ်စေသည်။ ဤသို့ ဘုရားနှင့်တွေ့ဆုံခြင်းသည် ကျေးဇူးတော်နှင့် ကယ် တင်ခြင်းရှိသော အချိန်ဖြစ်သည်။ "ဘုရားရှင်၏ ရွှေနိုင်ငံတော်သည် တည်လုနီး‌ကြောင်း" ဟောပြော၍ သာသနာပြုရန်လည်း အလို အလျောက်ဖြစ်ပေါ်စေသည်။ "တွေ့ဆုံခြင်းနှင့် ခန့်အပ်ခြင်း" သည် ခွဲခြမ်း၍မရကြောင်း ပုပ်ရဟန်းမင်းကြီးသည် ရှင်းပြတော်မူခဲ့သည်။

"မည်သည့်အရာကိုမဆို သင်တို့ပြုလျှင်...... ငါ့အားပြု၏" ဤသာသနာပြုလုပ်ငန်းသည် တတိယ ထောင်စုနှစ်၏ တပည့်တော်များအတွက်ဖြစ်သည်။ ဘုရားရှင်၏ ရွှေမျက်နှာတော်ကို ရှာဖွေရန် လုပ်ဆောင်နေကြစဉ် ဘုရားရှင်၏ ရွှေမျက်နှာတော်ကို ဆင်းရဲသားများ၊ နာမကျန်းဖြစ်သူများ၊ စွန့်ပစ်ခံရသူများနှင့် လူမျိုးခြားများ၌ ရှာ‌ဖွေနိုင်ကြပါ‌စေ။

ယေဇူးသခင်၏ နှုတ်ကပါတ်တရားတော်ကို နှလုံးမှတ်လျက် "အငယ်ဆုံးသော ငါ၏ ညီအစ်ကိုများ၌ သင်ပြုသမျှသည် ငါ့အားပြု၏။

တစ်ပါးသူနှင့် တွေ့ဆုံခြင်းသည် ငါနှင့် တွေ့ဆုံခြင်းဖြစ်၏"ဟု ပုပ်ရဟန်းမင်းကြီး မြွက်ကြားခဲ့သည်။ သူသည် ကျွန်ုပ်တို့၏တံခါးကို ဆာလောင်လျက်၊ ရေငတ်လျက်၊ အဝတ်မပါဘဲလျက်၊ ထောင်ထဲမှ ကျွန်ုပ်တို့အား တွေ့ဆုံရန် ကျွန်ုပ်တို့၏ အကူအညီကို တောင်းခံလျက် တံခါးကိုခေါက်နေသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် နေ့စဉ်အသက်တာ၌ ကျွန်ုပ်တို့၏ အသိစိတ်များကို ဆန်းစစ်ရန် သခင်ခရစ်တော်၏ နှုတ်ကပတ်တော်ကို သုံးစွဲဖို့ရန် တိုက်တွန်းခဲ့ပါသည်။

ဤအချက်နှင့် ပတ်သက်၍ လီဘီယားတွင်ရှိသော အကျဉ်းစခန်းတွင် နေထိုင်နေကြသော လူများအကြောင်းကို စဉ်းစားမိသည်။ ဒုက္ခသည်များသည် စွပ်စွဲမှုများ၊ အကြမ်းဖက်မှုများ၏သားကောင်များဖြစ်ကြရပီး မျှော်လင့်ခြင်း၏ ခရီးစဉ်သည် သူတို့၏ လုပ်ငန်းများအား ပြန်လည်ကူညီပေး၍ အရင်နေရာဟောင်းသို့ ပြန်ရောက်စေခဲ့သည်။

ပြိုလဲစေနိုင်သော တင်ဆက်မှု
ပုပ်ရဟန်းမင်းကြီးသည် လမ်ပေဒူဆာသို့ အလည်သွားခဲ့ချိန်တွင် တွေ့ဆုံခဲ့သော ဒုက္ခသည်တစ်ဦးမှ သူတို့ကြုံတွေ့ခဲ့ရသည့် ကြောက်စရာကောင်းသောအရာများကို ရှည်လျားစွာပြောပြခဲ့သည်ကို ပြန်လည်အောက်မေ့ခဲ့သည်။ သို့သော် ၎င်းအကြောင်းကို ဘာသာပြန်ပေးသူက အတိုချုပ်သာပြောပြခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် ထို့နေ့ နေ့လယ်ခင်းပြန်သွား‌‌သောအချိန်တွင် အီသီယိုးပီးယားမိဘနှစ်ပါး၏ သမီးဖြစ်သူသည် ကြိုဆို လက်ခံအမှုထမ်းဖြစ်၍ တီဗွီမှ တစ်ဆင့် ပုပ်ရဟန်းမင်းကြီးပြောသော စကားများကို ကြားခဲ့ရသည်။ သူမသည် ပုပ်ရဟန်းမင်းကြီးအား ဘာသာပြန်ပေးသော အီသီယိုးပီးယန်းလူသည် ဒုက္ခသည်များ ခံထမ်းရသော စတုတ္ထအကြိမ်ဒုက္ခဝေဒနာနှင့် နှိပ်စက်မှုများကိုပင် မပြောပြခဲ့ကြောင်းပြောလာသောအခါ ပုပ်ရဟန်းမင်းကြီးက " ဖြစ်ရပ်မှန်တစ်ခု၏ ပြိုလဲစေနိုင်သော တင်ဆက်မှု" ဟူ၍ ကောက်ချက်ချခဲ့ပါသည်။

ဤဖြစ်ရပ်သည် ယနေ့ လီဘီယာ၌ဖြစ်ပျက်‌နေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား ပြိုလဲစေနိုင်သော တင်ဆက်မှုကို ပေးသည်။ စစ်မက်သည် မကောင်းသည့်အရာမှန်း သိကြသော်လည်း ၎င်းစစ်မက်ထဲတွင် လူများ မည်မျှဒုက္ခရောက်နေသည်ကိုမူ မှန်းဆ၍ပင်မရပါ။ သူတို့သည် အကျဉ်းချစခန်းတွင် နေကြရသည်။ ဤသူတို့သည် ပင်လယ်ပြင်ကို ဖြတ်ကျော်လာပြီး မျှော်လင့်ခြင်းဖြင့် ရောက်လာကြသောသူများဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် ပုပ်ရဟန်းမင်းကြီးသည် "ဒုက္ခသည်များ၏ ဖြေသိမ့်ရာ" ဂုဏ်ပုဒ်အောက်၌ မယ်တော်သခင်မအား လှုံ့ဆော်၍ ခရစ်ယာန်များအား "ယေဇူးသခင်၏ ရွှေမျက်နှာတော်ကို ယနေ့ထိတိုင် ကျွန်ုပ်တို့၏ကမ္ဘာကြီးအား နှိပ်စက်နေသော မတရားမှုများ၊ ၎င်းဒဏ်ကြောင့် မိမိတို့နေအိမ်ဒေသများမှ ထွက်‌‌ပြေးတိမ်းရှောင်ရန် ဖိအားပေးခံရသော ညီအစ်ကို မောင်နှမများ၏ဘဝတွင် ရှာဖွေနိုင်ကြရန်" ဆုတောင်းတော်မူခဲ့သည်။

ဘာသာပြန်- စစ္စတာရ်လူစီ လားလ်နိုင်ကြိုင်း၊ SJA

https://bit.ly/2ZTkdfW

Add new comment

1 + 1 =