ဘုရားရှင်၏ နှုတ်ကပတ်တရားတော်ကို ရင်ဝယ်‌ပွေ့ပိုက်ထားခြင်းဆိုသည်မှာ သခင်ခရစ်တော်အား ‌ရင်ဝယ်‌ပွေ့ပိုက်ထားခြင်းဖြစ်​ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

ဘုရားရှင်၏ နှုတ်ကပတ်တရားတော်ကို ရင်ဝယ်‌ပွေ့ပိုက်ထားခြင်းဆိုသည်မှာ သခင်ခရစ်တော်အား ‌ရင်ဝယ်‌ပွေ့ပိုက်ထားခြင်းဖြစ်​ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

ဘုရားရှင်၏ နှုတ်ကပတ်တရားတော်ကို ရင်ဝယ်‌ပွေ့ပိုက်ထားခြင်းဆိုသည်မှာ သခင်ခရစ်တော်အား ‌ရင်ဝယ်‌ပွေ့ပိုက်ထားခြင်းဖြစ်​ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာဆိုစဉ်တွင် ဖတ်ရှုသော ဧဝံဂေလိတရားတော်ကို ထောက်ရှု၍ မျိုးစေ့ကြဲသောသူ၏ ပုံဥပမာကို "ပုံဥပမာများ၏ မိခင်" ဟု တင်စားခဲ့လေသည်။ အကြောင်းမှာ ၎င်းသည် ဘုရားရှင်၏ နှုတ်ကပတ်တရားတော်ကို နားစွင့်ခြင်းအကြောင်း၊ မတူညီသော မြေပြင် လေးမျိုးအပေါ်သို့ မျိုးစေ့ကို ကြဲသောသူ၏ အကြောင်းကို ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ ဘုရားရှင်၏ နှုတ်ကပတ်တော်အကြောင်းကို ဤသို့ ရှင်းပြခဲ့ပါသည်။ ဘုရားရှင်၏ နှုတ်ကပတ်တော်သည် စိတ်ကူးဖြင့်သာ သိမှတ်ရသော နှုတ်ကပတ်တရားတော်မဟုတ်၊ မယ်တော်သခင်မ၏ ဝမ်းတော်၌ လူ့အဖြစ်ကို ယူခဲ့သော အဖဘုရား၏ နှုတ်ကပတ်တော်၊ သခင်ခရစ်တော်ကိုယ်တိုင်ပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်၏ နှုတ်က ပတ်တရားတော်ကို ရင်ဝယ်‌ပွေ့ပိုက်ထားခြင်း ဆိုသည်မှာ သခင်ခရစ်တော် ပုဂ္ဂိုလ်‌တော်မြတ်အား ‌ရင်ဝယ်‌ပွေ့ပိုက်ထားခြင်းဖြစ်သည်။

ဘုရားရှင်၏ နှုတ်ကပတ်တရားတော်ကို လက်ခံခြင်း

" ဘုရားရှင်၏ နှုတ်ကပတ်တရားတော်ကို လက်ခံရန် နည်းလမ်းများစွာရှိပါသည်။ လမ်းမ‌ ပေါ်၌ ကျသည့် မျိုးစေ့များကဲ့သို့ ငှက်ကလေးများသည် လာ၍ မျိုး‌စေ့များကို စားသုံးတတ်သည်။ ၎င်းသည် ကျွန်ုပ်တို့ခေတ်အချိန် အခါ၏ အာရုံပျက်စေသော အန္တရာယ်အကြီးဆုံးသော အရာတစ်ခုဖြစ်သည်။"

ပုပ်ရဟန်းမင်း ကြီး ဆက်လက်မြွက်ကြားထားသည်မှာ " အသေးအဖွဲစကားများ၊ အတွေးအမြင်များ၊ အိမ်တွင်းအိမ်ပြင်၌ စိတ်ရှုပ်ထွေးမှုများ ဆက်တိုက်တိုက်ဖြစ်နေသော အချိန်အခါများသည် ကျွန်ုပ်တို့အားဒုက္ခပေးသဖြင့် တိတ်ဆိတ်ခြင်းကိုမြတ်နိုးသည့် စိတ်၊ ဘုရားရှင်နှင့် စကား ပြောခြင်းတို့ အားပျောက်ကွယ်စေကာ၊ယုံကြည်ခြင်းကို ဆုံရှုံးစေသည်။

ကျောက်ထူသောမြေပြင်

မြေဆီလွှာအနည်းငယ်သာရှိပြီး ကျောက်ထူသော မြေပြင်ပေါ်သို့ ဘုရား၏နှုတ်ကပတ်တော်ကို လက်ခံခြင်းသည် အခြားနည်းဖြင့် ဘုရားရှင်၏နှုတ်ကပတ်တရားတော်ကို လက်ခံခြင်းဖြစ်သည်။

အပင်ငယ်သည် လျှင်မြန်စွာ ထွက်ပေါ်လာ‌သော်လည်း ၎င်း၏ အမြစ်‌များသည် မြေကြီး၏နက်နဲရာ၌ စိမ့်ဝင်ခြင်းမရှိသောကြောင့် မကြာခင် ညှိုးနွမ်းသွားရသည်။ ၎င်းသည် လတ်တလောခံစားရသည့် စိတ်ဓာတ်နှိုးကြွမှုတစ်ခုသာဖြစ်သည်။ ၎င်းသည် အ‌ပေါ်ယံမျှသာရှိနေသော်လည်း နှုတ်ကပတ်တော်ကို လက်မခံပေ။ ဤ နည်းအားဖြင့် ပထမအခက်အခဲဖြစ်သည့် ကိုယ်စိတ်မချမ်းသာဖြစ်ခြင်း (သို့) ဘဝ၏ အနှောင့်အယှက်များသည်၊ အားနည်းလျက်ရှိသော ယုံကြည်ခြင်းအား အရည်ပျော်‌စေသဖြင့် ကျောက်ဆောင်များကြားတွင် ကျရောက်သည့် အပင်ငယ်ကဲ့သို့ပင် ညိုးနွမ်းသွားရသည်။

ဆူးချုံနွယ်ပင်ကြား၌ ကျသော မျိုးစေ့

ကျွန်ုပ်တို့သည် ဘုရား၏ နှုတ်က ပတ်တရားတော်ကို ဆူးချုံပင်ကြား၌ ကျရောက်သော မျို့စေ့ကဲ့သို့လည်း လက်ခံနိုင်သည်။ ဆူးချုံပင်ဆိုသည်မှာ ဥစ္စာပစ္စည်း ချမ်းသာခြင်း၊ အောင်မြင်ကျော် ကြားခြင်း၊ လောကနှင့် ဆိုင်သည့်အရာများ...စသည့်အရာများကိုဆိုလိုသည်။ ထို့အခြေအနေတွင် ဘုရား၏ နှုတ်ကပတ်တော်သည် အသီးမသီးပဲ သေဆုံးသွားရသည်။

အသီးသီးသော ကောင်းသောမြေဆီလွှာ

နောက်ဆုံးတွင် ဘုရားရှင်၏ နှုတ်တော်ထွက်စကားကို ကောင်းသော မြေဆီလွှာကဲ့သို့လည်း လက်ခံနိုင်သည်။ ဤနေရာမှာ၊ ဤနေရာ၌ပင် မျိုးစေ့သည် အမြစ်တွယ်နေပြီး အသီးသီးပြီ။ ဤပုံဥပမာသည် ဘုရားရှင်၏ နှုတ်တော်ထွက်စကားသည် အကျိုးများ၍ ထိရောက်ပြီး ဘုရားရှင်
သည် နေရာတိုင်း၌ မျိုးစေ့ကြဲထားသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားရှင်၏ နှုတ်တော်ထွက်စကားတည်း‌ဟူသော မျိုးစေ့ကျလာမည့်မြေပြင်ဖြစ်သည်။ ကျွန်ုပ်တို့အလိုရှိလျှင် ဘုရားရှင်၏ နှုတ်တော်ထွက်စကားတည်းဟူ‌ သော မျိုးစေ့ဖြစ်ထွန်းစေရန် ထွန်ယက်ထားပြီး ကောင်းမွန်စွာစိုက်ပျိုးထားသော ကောင်းသောမြေဆီလွှာဖြစ်နိုင်ကြောင်းမြွက်ကြား၍ ဩဝါဒတရားတော်ကို အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန်- စစ္စတာရ်လူစီ လားလ်နိုင်ကြိုင်း၊ SJA

Photo courtesy of: ANSA

https://bit.ly/3fzVWlG

 

Add new comment

1 + 5 =