ဘုရားရှင်၏နူးညံ့သိမ်မွေ့မူကို သက်သေခံခြင်း

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အမျိုးသမီး သူတော်စင်​ ကာမာလီးယန်း (Camillians) အသင်းဂိုဏ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း

ဘုရားရှင်၏နူးညံ့သိမ်မွေ့မူကို သက်သေခံခြင်း
မတ်လ ၁၈၊ ၂၀၁၉

 

လွန်ခဲ့သော နှစ်ပေါင်း လေးရာက သူတော်စင် ​ကာမီးလုစ် ဒီ လီလစ် (Camillus de Lellis)တည်ထောင်ခဲ့သော အမျိုးသမီး သူတော်စင်​ ကာမာလီးယန်း (Camillians) အသင်းဂိုဏ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်းတွင် မိမိတို့ အသင်းဂိုဏ်းကျင့်စဉ်လည်းဖြစ် အသင်းဂိုဏ်း၏ အဓိက သော့ချက်ဖြစ်သော ဆင်းရဲသားများ ဖျားနာသူများကို ကူညီစောင့်ရှောက်ပေးသော ကျင့်စဉ်ကို တစိုက်မတ်မတ် ကျင့်​ဆောင်ကြဖို့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။ နေထိုင်မကောင်းဖြစ်ချိန်တွင် စိတ်အားငယ်တတ်​ကြပါသည်။ ထိုအချိန်မျိုးတွင် ကူညီထောက်ပံ့​ပေးမည့်သူ၊ နှစ်သိမ့်အားပေးမည့်သူ၊ သနားကရုဏာနှင့်ပြုစုစောင့်ရှောက်ပေးမည့် ညီကို​မောင်နှ တစ်ယောက် ဘေးနာမှာ ရှိနေစေချင်ကြပါသည်။ ဒီအချက်ကို ဖြည့်ဆည်​့​ပေးနိုင်ရမယ်။

 

♥ အသင်းဂိုဏ်း၏ ကျင့်စဉ်ကို ဝေမျှကြပါ

အသင်းတော်နှင့်လူသားထု အတွက် အကျိုးရှိသော ကိုယ်ရောစိတ်ပါ အဆင်းရဲဆုံးသူများကို ထောက်ပံ့ကူညီပေးသည့် တစ်ပါးသူကိုအကောင်းဆုံးအစေခံခြင်းဖြစ်သော သင့်အသင်းဂိုဏ်း၏ ကောင်းမြတ်သောကျင့်စဉ်အတွက် ကျွနု်​ပ်ချီးမွမ်းဂုဏ်ယူပါသည်။ ကောင်းမွန်သော ကျင့်စဉ်အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ ကျေးဇူးများသာဖြစ်ပြီး တစ်ဦးနှင့် တစ်ဦးဝေမျှကြရမည်ဖြစ်သည်​။ သင်တို့၏ လုပ်ငန်းစဉ်သည် ကောင်းမွန်သော သာသနာပြု သိုးထိန်​း လမ်းစဉ်ဖြစ်ပြီး ဒုက္ခဝေဒနာခံစားနေရသူများအတွက် ကြီးမားသော အကျိုးအမြတ်ဖြစ်​ပေသည်​။

 

♥ အသင်းဂိုဏ်း၏ ကျင့်စဉ်၏ မူလ အရင်းအမြစ်

သူတော်စင်​ ကာမီးလုစ် ဒီ လီလစ် (Camillus de Lellis)တည်ထောင်ခဲ့သော သူ၏ ပထမဦးဆုံး အမျိုးသမီး သူတော်စင်​ကာမာလီးယန်း (Camillians) အသင်းဂိုဏ်းဝင်များကို မိခင်က မိမိသားသမီး နေမကောင်း၍ ပြုစုပေးသလို ပြည့်ဝသော မိခင် ချစ်ခြင်း​မေတ္တာ မျိုးဖြင့် အစေခံကြရန် တောင်းဆိုခဲ့သည်ကို သတိရပြီး အသင်းဂိုဏ်းတည်ထောင်သူ၏ အသံကို ပြန်လည်ကြားကြဖို့ရန် နှင့် ၄င်း​ကျင့်စဉ်ကို ယနေ့ခေတ် မိသားစုဝင်များကြား၊ ဘာသာရေးအဖွဲ့အစည်းများကြား မှာ မြင်တွေ့စေရန် ခွန်အားပေးခဲ့ပါသည်။ အမျိုးသမီး သူတော်စင် ​ကာမာလီးယန်း (Camillians) အသင်းဂိုဏ်းဝင်များကို ယနေ့ခေတ် လူသားတို့ပုံစံအမျိုးမျိုးနှင့် ခံစားနေရသော ဆင်ရဲးမွဲ​တေမှုဒုက္ခများကို ကြားနိုင်အောင် နားထောင်တတ်​ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ အလင်းပြမူကို ကြားနိုင်ဖို့၊ မိမိတို့အဖွဲ့ဝင်အချင်းချင်း တစ်ဦးကိုတစ်ဦး နာထောင်တတ်​ဖို့ အရေးကြီးကြောင်း၊ ဤကဲ့သို့နားထောင်ခြင်းအားဖြင့် ကမ္ဘာပေါ်ရှိ လူငယ်များ၏ စိတ်ပါဝင်စာမူကို ခံရပြီး ဘုရားသခင်၏ သနားကြင်နာမူကို ကမ္ဘာ အနှံပြသ သက်သေ ခံနိုင်လိမ့်မည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-to-camillians-witne...

#pope, #meet, #camillians, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 1 =