ဘုရားရှင်၏ကြင်နာသနားခြင်းကို လက်ကမ်းပေးသူ မာသာရ် တရေဇား

ကရုဏာတရားသည် ဆားကဲ့သို့ သူမ၏ လုပ်ငန်းကို အနှစ်သာရဖြစ်စေသည်၊

ဘုရားရှင်၏ကြင်နာသနားခြင်းကို လက်ကမ်းပေးသူ မာသာရ် တရေဇား
စက်တင်ဘာလ ၄၊ ၂၀၁၈

https://www.vaticannews.va/en/vatican-city/news/2018-09/mother-teresa-me...

#motherteresa, #pope, #mass, #divinemercy, #poor, #peterkm,
Photo credit to varticanews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၄၊ ၂၀၁၈ ရက်နေ့သည် မာသာရ် ထရေဇားအား ရဟန္တာ အဖြစ်တင်မြှောက်ခြင်း ဒုတိယ နှစ်ပတ်လည်နေ့ဖြစ်သည်။ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ
သြဂုတ်လ ၄၊ ၂၀၁၆ ခုနှစ်တွင် မာသာရ် ထရေဇားအား ရဟန္တာ တင်မြှောက်ခဲ့ပါသည်။
မာသာရ်ထရေဇား အတွက် ကရုဏာတရားသည် ဆားကဲ့သို့ သူမ၏ လုပ်ငန်းကို အနှစ်သာရဖြစ်စေသည်၊ မျက်ရည်ကျစရာမရှိတော့အောင် အမှောင် ထဲမှာ ဆင်းရဲဒုက္ခမျိုးစုံခံစားနေကြရသော သူများကို အလင်းပမာ လင်းရောင်ပေးစွမ်းခဲ့ပါသည်ဟု ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ မာသာရ်ထရေဇားအား ရဟန္တာ အဖြစ်တင်မြှောက်ခြင်း ဒုတိယ နှစ်ပတ်လည်နေ့ မစ္ဆားတရား တော်မြတ်တွင် ဟောကြားခဲ့ပါသည်။
မာသာရ်ထရေဇားသည် ဆင်းရဲသားများထဲမှ အဆင်းရဲဆုံးသူများအား အစေခံရန်ရွေးချယ်ခဲ့မှုသည် ဘုရားရှင်၏ သနားကြင်နာမှုကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပါသည်။
ဘုရားသခင်ထံမှကျွနု်ပ်တို့ရရှိသောကျေးဇူးတော်အားဖြင့် စွန့်ပစ်ခံလူသားများ၊ အထီးကျန်နေသူများ၊ ဆင်းရဲသားများနှင့် သေအံ့ဆဲဆဲ ဖြစ်နေသူများကို သွာရောက်ကူညီကြရပါမည်။ ကျွ်နုပ်တို့ ယခုကဲ့သို့ နှိမ့်ချသောအလုပ်ကိုလုပ်ရန် ဘယ်သောအခါမှ နှောင့်နှေး၊ ရှက်ကြောက်ခြင်းမရှိကြပါနှင့်။ မာသာရ်ထရေဇား သည် လူတိုင်းအား မိမိတို့ဘဝကို အပြုံးနှင့်စတင်ရန် သူမ၏ ဘဝပုံသက်သေဖြင့် တိုက်တွန်းခဲ့ပါသည်။ အပြုံးသည် ချစ်ခြင်း မေတ္တာ ၏ အစဟု သူမ ပြောလေ့ရှိခဲ့သည်။
ကျွန်ပ်တို့သည်လည်း မာသာတရေဇား၏ ကြင်နာသော အပြုံးကို နှလုံးသားထဲမှာ သယ်ဆောင်ပြီး နားလည်ပေးမှု၊ သနားကြင်နားမှု လိုအပ်နေသော ညီကိုမောင်နှမများ၊ မျော်လင့်ချက်ပျောက်ဆုံးနေသောသူများ၊ ပျော်ရွင်မှုပျောက်ဆုံးနေသောသူများ၊ အတိဒုက္ခရောက်နေကြသူများထံ သယ်ဆောင်သွားကြပါစို့ ဟု
မာသာတရေဇားအား ရဟန္တာ အဖြစ်တင်မြှောက်ခြင်း ဒုတိယ နှစ်ပတ်လည်နေ့ မစ္ဆားတရား တွင် ပါဝင်ကြသူများအား ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် မှ ဟော ကြားဝေမျှခဲ့ပါသည်။

 

Add new comment

11 + 1 =