ဘုရားရှင်သည် ကျွန်ုပ်တို့၏ အမှောင်ဆုံးသော အချိန်၌ စောင့်လျက်နေသည်

ဘုရားရှင်သည် ကျွန်ုပ်တို့၏ အမှောင်ဆုံးသော အချိန်၌ စောင့်လျက်နေသည်

ဘုရားရှင်သည် ကျွန်ုပ်တို့၏ အမှောင်ဆုံးသော အချိန်၌ စောင့်လျက်နေသည်

၁၀/၆/၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် တရားနာပရိတ်သတ်များအား၊ ဘုရားရှင်သည် ကျွန်ုပ်တို့ဘဝ၏ အမှောင်ဆုံးအချိန်၌ စောင့်လျက်နေပြီး ကျွန်ုပ်တို့အား ပြောင်းလဲရန်အဆင်သင့်ရှိနေပြီဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုနေ့တွင် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကမ္ဘာဦးကျမ်းတွင် ‌‌ ဖော်ပြထားသည့် ကောင်းကင်တမန်တော်နှင့် ယာကုပ် နပန်းလုံးခဲ့ကြသည့်အဖြစ်ကို  ထောက်ရှုခဲ့ပြီး ဆုတောင်းခြင်းကို ထွင်းဖောက်သိမြင်စေသည်။

ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်နှင့် ညအချိန်၌၊ ကျွန်ုပ်တို့ဘဝ၏ ညအချိန်၊ ကျွန်ုပ်တို့ဘဝ၏ ညအချိန်များ ဖြစ်သော အမှောင်ကျနေသောအချိန်၊ အပြစ်ထဲကျသောအချိန်၊ စိတ်ဓာတ်ကျနေသောအချိန်များတွင် တွေ့ဆုံသည်။ ဘုရားရှင်နှင့်တွေ့ဆုံရန်အချိန်များရှိသည်။ ကျွန်ုပ်တို့အထီးကျန်နေသည်ဟု ခံစားနေရသောအချိန်တွင် ဘုရားရှင်သည် ကျွန်ုပ်တို့ မျှော်လင့်မထားသောအချိန်တွင် အံ့ဩစရာများဖန်တီးပေးသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဤအချိန်ကာလ၌ ကျွန်ုပ်တို့သည် ဘုရားသခင့်ရှေ့တော်၌ ကျွန်ုပ်တို့၏ အားးနည်းချက်များကို သတိမူရမည့်အချိန်ဖြစ်ကြောင်း၊ ဘုရားရှင်သည် ကျွန်ုပ်တို့ ဒုက္ခရောက်နေသောအချိန်တွင်၊ ကျွန်ုပ်တို့ဘဝတစ်ခုလုံး၏အဓိပ္ပါယ်ပါသော နာမည်သစ်ကို ပေးသနားသောကြောင့် ကျွန်ုပ်တို့သည်မည်သည့်အရာကိုမျှ  စိုးရိမ်ကြောက်လန့်စရာမရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။

ဘုရားရှင်သည် ကျွန်ုပ်တို့၏ နှလုံးသားများကို ပြောင်းလဲစေပြီး၊ ဘုရားရှင်အားဖြင့် မိမိကိုယ်ကို ပြောင်လဲလိုသောသူတို့အဖို့ သိုဝှက်ထားသော ကျေးဇူးတော်များကို ကျွန်ုပ်တို့အားပေးသနားမည်ဖြစ်ကြောင်း ရှင်းပြတော်မူခဲ့သည်။ဤဖိတ်ခေါ်ခြင်းသည် ကျွန်ုပ်တို့ဘဝ ပြုပြင်ပြောင်းလဲရန် ဘုရားရှင်မှဖိ‌တ်ခေါ်သော ချိုသာလှပသောဖိတ်ခေါ်ခြင်းဖြစ်သည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အယောက်စီတိုင်းအား သိတော်မူသောကြောင့် ကျွန်ုပ်တို့အယောက်စီတိုင်း၌ မည်သို့ ပြုတော်မူမည်ကိုလည်း သိတော်မူသည်။ “ ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အားသိမြင်တော်မူသည်။ ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်ကို သိမြင်တော်မူသည်။ ကျွန်ုပ်အား ပြုပြင်ပြောင်းလဲပေးတော်မူပါ။” ဟူ၍  ကျွန်ုပ်တို့ အယောက်စီတိုင်းပြော၍ ရကြောင်း ကိုရိုနာရောဂါကူးစက်ပျံ့ပွားမှု စတင်သည့် မတ်လမှစ၍  လူထုပရိတ်သတ်အား တွေ့ဆုံစကားပြောသည့်နေရာမှ  သွန်သင်မိန့်ကြားခဲ့ပါသည်။

 ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ပရိတ်သတ်အားဆက်လက်၍မိန့်ကြားခဲ့သည်မှာ အရှင်မြတ်သည် အာဗြဟံ၏‌ မြေးတော်၊ အိုင်ဆက်၏သားဖြစ်သော ယာကုပ်၏ ဘဝကို ထောက်ရှုလျှက် ယာကုပ်မှာ အစ်ကိုဖြစ်သူ အီသောနှင့် ဆက်ဆံရာ၌ အခက်အခဲရှိ‌ကြောင်းကို မိန့်ကြားခဲ့ပါသည်။

ယာကုပ်နှင့် အီသောတို့သည် ငယ်ငယ်ကတည်းကပင် ပြိုင်ဆိုင်မှုများရှိနေခဲ့ပြီး‌နောက်ပိုင်း၊ မည်သို့မျှ မကြေးအေးမှုကို မကျော်လွှားနိုင်ခဲ့ကြ။ ယာကုပ်သည် အမွှာပူးထဲက၊ ဒုတိယသားဖြစ်သော်လည်း လှည့်စားခြင်းအားဖြင့် ဖခင်ဖြစ်သူ အိုင်ဆက်ထံမှ ကောင်းချီးတော်နှင့် သားဦးအရာကို ရရှိရန်စီမံနိုင်ခဲ့သည်။ သို့သော် ထိုလုပ်ရပ်သည် မရိုးသားသောသူ စွမ်းဆောင်နိုင်သည့် ရှည်လျားသော ကြံစည်မှုများထဲက တစ်ခုသာဖြစ်သည်။

ယာကုပ်သည် သူထွက်‌‌ပြေးသည့်နောက်ပိုင်း  အောင်မြင်‌‌ သောသူတစ်‌‌ ယောက်ဖြစ်လာပြီး၊ ကိုယ့်‌ခြေထောက်ပေါ်ရပ်တည်နိုင်သော စီးပွားရေးတွင်အောင်မြင်သောသူဖြစ်လာပြီး၊ မိမိချစ်ရသောသူနှင့် လက်ထပ်ခွင့်လည်းရခဲ့သည်။ သို့သော်လည်း ‌အစ်ကို ဖြစ်သူက သူ့အားစောင့် လျှက်ရှိသော နေအိမ်တွင် သူပြန်သင့်သည်ဟု ခံစားလာခဲ့သည်။ သူသည် လူများ၊ တိရိစ္ဆာန်များနှင့် အတူ ခရီးရှည်နှင်ပြီး၊ Jabbk ချောင်းတွင် နားခဲ့ကြသာည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဆက်လက်မိန့်ကြားသည်မှာ- ကမ္ဘာဦးကျမ်းသည် ကျွန်ုပ်တို့အားအမှတ်ရစရာ စာမျက်နှာတစ်ခု ပေးထားကြောင်း ယာကုပ်သည်သူ၏ လူအပေါင်းတို့နှင့် တိရိစ္ဆာန်များကို မွေးမြူပြီး မြစ်ကို ကျော်၍ အခြားတိုင်းပြည်၏ ကမ်းခြေတွင် နေထိုင်ခဲ့ကြောင်း၊ သူစဉ်းစား၍နေသည်မှာ၊ နောက်‌တစ်နေ့တွင် သူမည်သည့်အရာဖြစ်မည်ကို စောင့်ဆိုင်း‌‌နေကြောင်း၊ သားဦးအရာကို ခိုးယူခဲ့ခြင်းကြောင့် အစ်ကို ဖြစ်သူ ဧသော၏ သဘောထားမည်သို့ရှိကြောင်း စဉ်းစားလျက်နေသည်။ “ဟုမိန့်ကြားခဲ့ပါသည်။

ယာကုပ်၏ စိတ်သည် စိုးရိမ်စိတ်များနှင့် လေဘွေကဲ့သို့ အတွေးများရိုက်ခတ်နေပါသည်။ မှောင်လာသောအချိန်တွင်၊ သူစိမ်းတစ်ယောက်သည် သူ့အားဖမ်း၍ စတင်တိုက်ခိုက်လာသည်။ ဘုရားစာကို ပို့ချ‌သူများမှ ဤသို့ ရှင်းပြထားသည်။ “ဤမှတ်တမ်းမှ၊ အသင်းတော်၏ ဝိညာဉ်ရေးရာ အစဉ်အလာသည်၊ ယုံကြည်ခြင်းစစ်ပွဲနှင့် ဇွဲရှိရှိ ‌ အောင်ပွဲခံခြင်း ကြောင့် ဆုတောင်းခြင်း၏ အမှတ် သင်္ကေတ စွဲကိုင်ထားကြသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က၊ ကမ္ဘာဦးကျမ်း (၃၂-၃၃) အရ ယာကုပ်သည် သူစိမ်းတစ်ဦးနှင့်တစ်ညလုံး နပန်းလုံးကာ ရုန်းကန်ခဲ့ရသည်။ သူ၏ပြိုင်ဘက်ကိုလည်း မည်သည့်အခါမျှ မလွှတ်ခဲ့ပေ။ သူသည် ရန်ပွဲကို အနိုင်ရခဲ့သော်လည်း အကြီးအကျယ်ထိခိုက်ဒဏ်ရာရခဲ့သည်။

ယာကုပ်နှင့်အတူ နပန်းလုံးခဲ့သော ထူးဆန်းသာလူက ယခုယာကုပ်အား အီစရာအဲလ်ဟု လူများကသိမည်အကြောင်းကြေငြာခဲ့လေသည်။ သို့သော် ယာကုပ်က မိမိပြိုင်ဘက်၏ အမည်ကို မေးသောအခါ ထိုသူက မဖြေဘဲ ယာကုပ်အား ကောင်းကြီးပေးခဲ့လေသည်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ရှင်းပြသည်မှာ “ သူသည် ဘုရားသခင်နှင့် တွေ့ဆုံခဲ့သည်ကို ယာကုပ် သိမြင်ခဲ့သည်။ ဘုရားရှင်နှင့်နပန်းလုံးခြင်းသည် ဆုတောင်းခြင်းကို တင်စားထားခြင်းဖြစ်သည်။အခြားအချိန်များ၌ ယာကုပ်သည် မိမိကိုယ်ကို ဘုရားရှင်နှင့် စကားစမြည်ပြောဆိုနိုင်သူ ဘုရားရှင်နှင့်ဖော်‌ရွေသူ၊ ဘုရားသခင်သည် ရင်းရင်းနှီးနှီး သူနှင့် ရှိ‌နေခြင်းကို သက်သေပြနိုင်သူဖြစ်သည်။ သို့သော် ကြာရှည်စွာနပန်းလုံးချိန်တွင် ရုန်းကန်မှုကြောင့် သူသည် သေလုမျောပါးဖြစ်နေပြီး ယာကုပ်သည် ပြောင်းလဲသွားခဲ့သည်။ သူ၏အမည်၊ သူ၏ ဘဝလမ်းကြောင်း နှင့် သူ၏ပုဂ္ဂိုလ်ရေးရာ အားလုံးပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တွင် သူသည် အခြေအနေကို ကိုင်တွယ်နိုင်တော့မည်မဟုတ်ပါ။ သူ၏ ပရိယာယ်ကို လိုအပ်မည်မဟုတ်တော့ပါ။ သူသည် မဟာဗျူဟာနှင့် လူသားတွက်ချက်မှုမဟုတ်တော့ပါ။ ဘုရားရှင်သည် သူ့အား လုံးပန်းရသောအချိန်၌ ကြောက်ရွံ့တုန်လှုပ်နေခဲ့သောကြောင့် လူသားပီပီ သူ၏အဖြစ်မှန်သို့ ပြန်ခေါ်ဆောင်ခဲ့လေသည်။ တစ်ချိန်က  ယာကုပ်တွင် ဘုရားသခင်အားဆက်ကပ်ရန် သူ၏ အားနည်းချက်၊ အစွမ်းမရှိခြင်းနှင့် အပြစ်များမှ လွဲ၍ မည်သည့် အရာမှမရှိခဲ့ပေ။ နောက်ပိုင်းတွင် ယာကုပ်ကသာ ဘုရားရှင်ထံမှ ကောင်းကြီးတော်ခံစားရပြီး သူသည်ဒုက္ခ၊ ဒဏ်ရာနှင့်ဖြစ်နေသော်လည်း စိတ်နှလုံးသားအသစ်နှင့် ဘုရားရှင်၏ ကတိထားသောနိုင်ငံသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

ယာကုပ်၏ ပြောင်းလဲခြင်းကို အနှစ်ချုပ်သော်၊ ယခင်က ယာကုပ်သည် မိမိ၏ လိမ္မာပါးနပ်မှုကို ယုံကြည်စိတ်ချသောသူနှင့် မိမိကိုယ်ကို ယုံကြည်စိတ်ချသောသူဖြစ်သည်။ သူသည် သနားကြင်နာခြင်းကို မသိသောသူ၊ သနားကြင်နာခြင်းကိုလည်း လက်မခံသောသူ၊ ဂရုဏာကင်းမဲ့သူဖြစ်သည်။ “ဤနေရာ၌ အမိန့်ပေးဖို့ ကျွန်ုပ်ရှိသည်” ဟူ၍ ဟစ်ကြော်တတ်သူ၊ သူ့ကိုသူလဲ သနားကြင်နာခြင်းကို လိုအပ်မှန်းလဲ မသိခဲ့သူတစ်ယောက်ဖြစ်သည်။

သို့သော် ဘုရားရှင်သည် လမ်းပျောက်ဆုံးနေသူကို ကယ်တင်ခဲ့သည်။ ယာကုပ်အား သူသည်ကရုဏာသနားခြင်းကို လိုအပ်သော  အပြစ်သားဖြစ်‌‌၍၊ ဘုရားရှင်က သူ့အားကယ်တင်‌ခဲ့ပြီး သူသည် အကန့်အသတ်နှင့်လူသားတစ်ယောက်ဖြစ်ကြောင်း နားလည်စေခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကလေးသူငယ်များအား လုပ်သားများအဖြစ်စေခိုင်းခြင်း ပပျောက်ရေး  အတွက် တောင်းခံပြီး ပရိတ်သတ်များအား ဟောကြားရင်း ဩဝါဒကို နိဂုံးချုပ်ခဲ့ပါသည်။ ဇွန်လ၊ (၁၂)ရက် သောကြာနေ့သည် ကမ္ဘာ့အလုပ်သမားများ ဆန့်ကျင်ရေးနေ့ဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုက်ရာ အလုပ်သမား အဖွဲ့အစည်းက စတင်ကျင်းပသည့် နေ့ရက်ဖြစ်သည်။  အတင်းအဓမ္မ စေခိုင်းခံရသည့် ကလေးများသည် သူတို့ ကလေးဘဝကို ဆုံးရှုံးစေသည်။

လက်ရှိကျန်းမာရေး အရေးပေါ် အခြေအနေတွင် နိုင်ငံအတော်များများ၌ ကလေးငယ်များနှင့် လူငယ်များသည် သူတို့မိသားစု၏ အလွန်အမင်းဆင်းရဲ နွမ်းပါးသောအခြေအနေအား ကူညီရန် သူတို့ အသက်အရွယ်နှင့် မမျှအောင် အတင်းအဓမ္မ စေခိုင်းခြင်းခံရသည်။

ကိစ္စအတော်များများတွင် ကျွန်စနစ်နှင့် ထောင်ချခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်စေနိုင်သော ပုံစံများဖြစ်‌ပေါ်စေပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဆက်လက်၍ မိန့်ကြားထားသည်မှာ အဖွဲ့အစည်းများမှ အရွယ်မရောက်‌ သေးသော ကလေးသူငယ်များကို ကာကွယ်ခြင်း၌ ကြိုးစားအားထုတ်ကြပါရန်နှင့်၊ စီးပွားရေးနှင့် လူမှုရေးကွာဟချက်များကို ဖြည့်ဆည်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ ကလေးသူငယ်များသည် လူသားတို့၏ အနာဂတ်ဖြစ်သည်။ သူတို့၏ တိုးတက်မှု၊ ကျန်းမာရေးနှင့် တည်ငြိမ်အေးချမ်းရေးကို မြှင့်တင်ရမည်မှာ ကျွန်ုပ်တို့အပေါ်တွင်မူတည်နေကြောင်း မိန့်ကြားပြီး နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်- Sr.Lucy Ciang,SJA
 

https://bit.ly/3dR0KSU

Add new comment

2 + 4 =