ဘုရားရှင်ရဲ့အံ့ဖွယ်လက်ရာနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်နှခါများ မေးခွန်းတွေ မေးတတ်ကြပါသလဲ။

ဘုရားရှင်ရဲ့အံ့ဖွယ်လက်ရာနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်နှခါများ မေးခွန်းတွေ မေးတတ်ကြပါသလဲ။

ဘုရားရှင်ရဲ့အံ့ဖွယ်လက်ရာနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်နှခါများ မေးခွန်းတွေ မေးတတ်ကြပါသလဲ။ ဘယ်လိုလုပ်ပြီး ဘုရားသခင်က နုနယ်အားနည်းတဲ့ အပြစ်သားကို သူ့ရဲ့အလိုတော်ကို ထမ်းဆောင်ဖို့ အသုံးပြုရသလဲ။ အရာအားလုံးကိုဘုရား အစီအစဥ်နဲ့ စီမံထားတာကြောင့် ဘယ်တစ်ခုမှ မတော်တဆ ဖြစ်ပျက်တယ် ဆိုတာ မရှိပါဘူး။ တစ်ဦးချင်းစီရဲ့ ပုံပြင်တွေကို သမိုင်းဖြစ်လာအောင် ဘုရားသခင်က စုစည်းပေးထားပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအစဥ်ကို ကျွန်ုပ်တို့ ယုံကြည်ခြင်းနဲ့ တုံ့ပြန်ခြင်းဖြင့် ဖြစ်တည်မှု ဖြစ်လာစေပါတယ်။ 

 

ဘုရားရဲ့ခေါ်တော်မူခြင်းက ကျွန်ုပ်အတွက် မစ်ရှင်ကြိုတင်ရှိထားတာ ဖြစ်လို့ ကျွန်ုပ်တို့ မိမိကိုယ်ကို အလေးအနက် ပြင်ဆင်ထားဖို့ လိုအပ်ပြီး ဘုရားရှင် ကိုယ်တိုင်ကပဲ ကျွန်ုပ်တို့ကို အမြဲစေလွှတ်ရင်း ကျေးဇူးတော်နဲ့ ကူညီစောင်မပေးနေတာကို သိကြရမှာ ဖြစ်ပါတယ်။ 

 

ညီအစ်ကို မောင်နှမ အပေါင်းတို့ ကျေးဇူးတော်ဟာ ကျွန်ုပ်တို့ရဲ့ ဖြစ်တည်မှုကို အဓိကပြောင်းလဲစေပြီး ဧဝံဂေလိ သတင်းကောင်း ဖြန့်ဝေဖို့အတွက် ထိုက်တန်သူများ ဖြစ်စေကြောင်းကို သတိရပြီး ခွင့်ပြုပေးကြပါစို့။

 

ကျေးဇူးတော်ဟာ အပြစ်တွေအားလုံးကို အဓိက လွှမ်းခြုံထားပြီး နှလုံးသားနဲ့ အသက်တာကို ပြောင်းလဲစေကာ ကျွန်ုပ်တို့အား နည်းလမ်းသစ်ကို မြင်လာစေပါတယ်။ 

အဲဒါကို မမေ့ကြပါနဲ့။

 

✍️ ထန်းဟာ, SJ 

Ref: Catholic News Service

Add new comment

1 + 1 =