ဘုရားပေးသော ကျေးဇူးတော်သည် တစ်ဦးတစ်ယောက်တည်း အတွက်မဟုတ် အများအတွက်သာဖြစ်တယ်

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း

ဘုရားပေးသော ကျေးဇူးတော်သည် တစ်ဦးတစ်ယောက်တည်း အတွက်မဟုတ် အများအတွက်သာဖြစ်တယ်
မတ်လ ၂၇၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း တွင် ကောင်ကင်ဘုံ၌ မေတ္တာ ဒုတိယအပိုဒ်​ မှ နေ့စဉ်မပြတ် အလိုရှိအပ်သော အရာအစား တို့ကိုကျွနု်​ပ်တို့အား ယနေ့၌ပင်ပေးသနားတော်မူပါ ဟူသော မေတ္တာ အပိုဒ်​သည် ဘုရားပေးသော အစားအစာသည် တစ်ဦးတစ်ယောက်အတွက် မဟုတ် အများအတွက် ဖြစ်တယ်ဆိုတာ သိရမယ်။ မိမိ တစ်ဦးတစ်ယောက် အတွက်ပဲစဉ်းစားနေမယ်ဆိုရင် အစာငတ်ပြီး ဒုက္ခရောက်နေရတဲ့ကလေးတွေ့ ဘဝကို သင်​ ်ခံစားတတ်​မှာ မဟုတ်ဘူး။ ဒီမေတ္တာဟာ အစားအစာ တစ်မျိုးတည်းကို အဓိပ္ပါယ်ဖော်ဆောင်တာမဟုတ်ဘူး လူတို့၏ အခြေခံလိုအပ်ချက်များဖြစ်တဲ့ အစားအစာ၊ ရေ၊ နေစရာနေရာ ၊ အလုပ်အကိုင် အားလုံးကို ဖော်ဆောင်ခြင်းဖြစ်တယ်။ အစာရေစာ ငတ်မွတ်ခေါင်းပါးသောဒေသတွေမှာ အစာမစားရတဲ့ကလေးငယ်တွေရဲ့ဘဝ ကို ကိုယ်ချင်းစာကြည့်ကြပါ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ရီမင်၊ ဆီးရီးယား နှင့် တောင် ဆူတန် နိုင်ငံတို့တွင် စစ်မက်ဖြစ်ပွားမူ​ကြောင့် အစာရေစာခေါင်းပါးမူ ဒုက္ခကို ခံစားနေရသော ကလေးငယ်များ ဘဝကို စာနာကြဖို့ ဝေမျှခဲ့ပါသည်။

ရီမင် နိုင်ငံ
ရီမင်နိုင်ငံတွင် အဟာရမပြည့်ဝမူ​ကြောင့် လေးနှစ်အတွင်း ကလေးငယ် ရှစ်သောင်း ငါးထောင်သေဆုံးခဲ့ရသည်​။ ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်များစွာရှိနေပြီး က​​လေးသူငယ် ခြောက်ထောင့်ငါးရာဟာ ရောဂါဝေဒနာ ကြောင့် သေဆုံးရပြီး၊ ကလေးသူငယ် တစ်သောင်းကိုးထောင်ဟာ လေယာဉ် ဗုံးကြဲ တိုက်ခိုက်ခံရမူကြောင့်သေဆုံးရကြောင်း၊ ထိုကလေးသူငယ်များ၏ ဒုက္ခကို ဝိုင်းဝန်းကူညီကယ်တင်ပေးကြဖို့ မှာကြားခဲ့သည်​။

ဆီးရီးယား
ဆီးရီးယား နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရှစ်နှစ်တာစစ်ပွဲအတွင်း ကလေးငယ် ၂၀၀၀၀ ဟာ အဟာရပြတ်လပ်မူအခြေအနေနဲ့ကြုံတွေနေရကြောင်း ၅ သန်းသော ကလေးငယ်များဟာ စစ်​ပွဲများဖြစ်ပွားနေသော ဇုံတွင် မွေးဖွားလာသောကြောင့် ဒုက္ခရောက်နေကြရကြောင်း၊ နိုင်ငံ၏ ၅၀ ရာခိုင်နုန်း သော စာသင်ကြောင်းမျာ စစ်ပွဲဒဏ်ကြောင့် ပျက်စီးသွားပြီး ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိတော့ကြောင်း၊ ကလေးငယ် ၁၀၀၀ လောက်ဟာ လက်နက်ကိုင်တို့၏ အတင်းအဓမ္မ စည်းရုံးအသုံးချခံဖြစ်နေရကြောင်း၊ ကလေးသူငယ် အများစု၏ ကျန်းမာရေးအခြေနေမှာ ဆိုးဝါးမူပိုမိုများနေကြောင်း၊ ကလေးသူငယ်များကို စာနာကူညီပေးကြဖို့ဖြစ်​သည်​။

တောင်ဆူတန်

ခြောက်နှစ်တာဖြစ်ပွားခဲ့သော စစ်ပွဲ​ကြောင့် လူပေါင်း ၇ သန်းခန့် သောက်သုံးရေလုံလောက်စွာမရရှိခြင်း၊ ကျန်းမာရေချို့ယွင်းလာကြခြင်း၊ လူ့အဆင်အတန်း နှင်အညီမနေထိုင်ရခြင်း၊ ကလေးငယ်ပေါင်း ၈၆၀၀၀၀ ဟာ စိုးရိမ်​​ရသော အြခေအနေတွင် အသက်ရှင်နေကြရကြောင်း၊ ထိုကလေးသူငယ်များကိုကိုညီကြဖို့
ဘုရားသခင်၏ ချစ်ခြင်း​မေတ္တာ သည် တစ်ကိုယ်ကောင်းဆန်​မူကင်း​သော ချစ်ခြင်း​မေတ္တာ ဖြစ်သောကြောင့် တကိုယ်ကောင်းမဆန်ဘဲ ကူညီပေးကြဖို့ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ တိုက်တွန်းခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-audience-hu...

#pope, #generalaudience, #peterkm
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

7 + 10 =