ဘုရားကိုချစ်ခြင်းနှင့် ကိုယ်နှင့် နီးစပ်သောသူကိုချစ်ခြင်းသည် ခွဲခြား၍မရပါ

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း
မျက်နှာနှစ်ဖက်ပါသော အကြွေစေ့ကို ခွဲခြားလို့မရသလို ဘုရားကိုချစ်ခြင်းနှင့် ကိုယ်နှင့် နီးစပ်သောသူကိုချစ်ခြင်းသည် ခွဲခြား၍မရပါ။
နိုဝင်ဘာလ ၄၊ ၂၀၁၈

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ကျမ်းတတ်ဆရာတစ်ဦးမှ ကိုယ်တော်အား ပညတ်တော်အားလုံးတွင် မည်သည့်ပညတ်သည် အကြီးဆုံးဖြစ်ပါသနည်းဟု့မေးလျှောက်လေ၏ ယေဇူးကလည်း အကြီးဆုံးပညတ်တော်သည်ကား အိုအီစ္စရာအဲလ်လူမျိုး နားထောင်လော့။ ငါတို့၏ ဘုရာဖြစ်သော ထာဝရဘုရားသခင်သည် တစ်ဆူတည်းသောဘုရား ဖြစ်တော်မှု၏။ သင်၏အရှင်ဘုရားသခင်ကို သင်၏ နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှ၊ ခွန်အားရှိသမျှချစ်လော့။ ဒုတိယ ပညတ်သည်ကား သင်နှင့်နီးစပ်သောသူကို သင့်ကိုသင်ချစ်သကဲ့သို့ ချစ်လော့ ဟုဖြေကြားခဲ့သည့် တနင်္ဂနွေနေ့ ဧ၀ံဂေလိကျမ်းစာ ကိုအခြေခံပြီး
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဟောကြားခဲ့ပါသည်။
ဘုရားကိုချစ်ခြင်းနှင့် ကိုယ်နှင့်နီးစပ်သူအား ချစ်ခြင်း တို့သည် ခွဲခြား၍ မရဘဲ၊ တစ်ခုနှင့် တစ်ခုသည်လည်းအပြန်အလှန် ဆက်နွယ်နေသည်။ ဥပမာပေးရရင် မျက်နှာ နှစ်ဖက်ပါသော အကြွေစေ့နင့်တူပါသည်။ ယင်းပညတ်ချက် နှစ်ခုသည် ယုံကြည်သူဘာသာဝင်တို့၏ အသက်ရှင်နေသည့် စစ်မှန်သော ခွန်အားဖြစ်ပါသည်။ ဘုရားကိုချစ်ခြင်းသည် သူရဲ့ဖြစ်တည်မူနှင့် သူလုပ်ပေးသောအရာများအတွက် သူအာဖြင့် အသက်ရှင်ခြင်းနှင့် သူအတွက် အသက်ရှင်ခြင်းဖြစ်သည်။ နေစဉ်လူ့ခွန်အားကို ဘုရားရှင်၏ ကျေးဇူးတော်နှင့်ပေါင်းစပ်ပြီး တပါးသူကိုအစေခံခြင်း၊ အဆုံးမဲ့ခွင့်လွှတ်နိုင်ခြင်း၊ ညီကိုမောင်နှမကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းတို့ကို အဓိပ္ပါယ် ဖော်ဆောင်နေရမယ်။ ဘယ်သူဟာငါနှင့်နီးစပ်သူဖြစ်သလဲဆိုတာထက်၊ တပါးသူရဲ့လိုအပ်မှုကို မြင်တတ်တဲ့မျက်လုံးနဲ့၊ တပါးသူကို ချစ်တတ်တဲ့နှလုံးသား သင့်အထဲမှာ ရှိနေဖို့ကပိုအရေးကြီးသည်။
အလိုအပ်ဆုံးသူတွေကို စီမံကိန်းဆွဲပြီးကူညီနေပေးရုံသက်သက်အတွက်မဟုတ်၊ သင်ကိုယ်၌က နုညံ့သိမ်မွေ့သော နှလုံးသား နှင့် ညီကိုမောင်နှကဲ့သို့သော နီးစပ်မှု့မျိုးဖြစ်သော စိတ်နေစိတ်ထားမျိုး မွေးမြူရမှာပါ။ ခရစ်ယာန်စိတ်ဓာတ်သည် ပြည့်ဝသော တလုံးတဝတည်းရှိမှုကို ဖော်ပြသော စိတ်ဓတ်ဖြစ်သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ ယင်းချစ်ခြင်းမေတ္တာကြောင့် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သည်။ ထို့အတွက် ကြောင့် ယင်းချစ်ခြင်းမေတ္တာ၌အခြေခံ၍ ဘုရားကို ချစ်ခြင်း နှင့် လူကို ချစ်ခြင်းတို့၌ ကျွန်ုပ်တို့ တလုံးတဝတည်းတည်ရှိနေရမည် ဖြစ်သည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-angelus0.html

#pope, #angelus, #sunday, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 7 =