ဘုန်းတော်ကြီးများကို အနီးကပ်ကြည့်ရှု့စောင့်ရှောက်ပေးကြဖို့ အီတလီနိုင်ငံ ဆရာတော်ကြီးများနှင် တွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှပြောကြားခဲ့ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အီတလီနိုင်ငံ ဆရာတော်ကြီးများနှင် တွေ့ဆုံခြင်း

ဘုန်းတော်ကြီးများကို အနီးကပ်ကြည့်ရှု့စောင့်ရှောက်ပေးကြဖို့ အီတလီနိုင်ငံ ဆရာတော်ကြီးများနှင် တွေ့ဆုံခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှပြောကြားခဲ့ခြင်း
မေလ ၂၁၊ ၂၀၁၉

၂၀၁၉ ခုနှစ် မေလ ၂၀ မှ ၂၃ ရက်နေ့ထိ အီတလီနိုင်ငံ ဆရာတော်ကြီးများ စုစည်းပြီး ပြုလုပ်လျှက်ရှိသော ၇၃ ကြိမ်မြောက် အထွေထွေညီလာခံတွင် တနင်္လာနေ့ ညနေပိုင်းက ပုပ်ရဟန်းမင်းကြီး လာရောက်တွေ့ဆုံခဲ့ပြီး သာသနာနယ်အတွင်းရှိဘုန်းတော်ကြီးများ နှင့် သာသနာပိုင် ဆရာတော်၏ ဆက်ဆံရေးသည် ယင်းသာသနာတော်၏ ကျောရိုး သဖွယ်ထောက်ပံ့ ပေးသော အရာဖြစ်သောကြောင်း ပြောကြားခဲ့ပါသည်။

သိုးထိန်းကောင်းဟာ သိုးတွေထဲမှာနေပြီး သိုးတွေအသံကို နားထောင်တယ် ခွဲးခြားမှုမရှိပဲ တန်းတူ ထိန်​းကျောင်းပေးတယ်။ ထို့အတွက်ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မျက်နှာလိုက်ခြင်း၊ အခွင့်အရေးပိုပေးခြင်း၊ သို့မဟုတ် နှိမ်ချချိုးနှိမ်ခြင်းမပြု ကြဖို့ တန်းတူညီမျှ ဆက်ဆံကြဖို့ ဘုန်းတော်ကြီးများအပေါ် ထားရှိရမည့် ဆရာတော်များ၏ စိတ်နေ၊ စိတ်ထားကို ထောက်ပြပြောဆိုခဲ့ပါသည်။

ဆရာတော်များအနေနှင့် ကောင်းမွန်နာခံသော၊ မြှောက်ပင့်ပြောဆိုတတ်​သော ဘုန်းကြီးမျိုးကိုသာ လက်ခံလိုသော နှောက်ယှက်ခြင်းကို သတိထားရမယ်။ ပြီးတော့ ရှက်ရွံ့သော၊ အောက်ကျို့တတ်​သော၊ ပြသနာမကြာခနဖြစ်ပေါ်တတ်​သည့် ဘုန်းတော်ကြီးများကို ချန်လှပ်ထားပြီး နာခံသော၊ စိတ်အားထက်သန်သော၊ မိမိကိုယ်ကိုယ် လူဝန်ဆံအောင်ကြိုးပန်းနေသော ဘုန်းကြီးများသာ တာဝန်ပေး၊ နေရာပေးတတ်​သောအကျင့်ကိုလည်း သတိထားကြဖို့။

ဘုန်းတော်ကြီးတွေက ဆရာတော်တွေရဲ့အမှား တွေ အားနည်းချက်တွေကို သိလာတဲ့အခါမှာ မရိုသေမှုတွေ၊ ပျက်ရယ်ပြု မှုတွေ၊ ပြစ်တင်ပြောဆိုမှုတွေဖြစ်လာတတ်​တယ်၊ နောက်ပြီးတော့ ဘုန်းတော်ကြီးတွေနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ဆရာတော်တွေအကြောင်းကြားရတာ စိတ်မကောင်းဖြစ်မိတယ်၊ ဘုန်းတော်ကြီးတွေနဲ့ ဆရာတော်နဲ့ ဆက်ဆံရေးအဆင်မပြေတော့ရင် အဲ့ဒီသာသနာရဲ့ သာသနာပြုလုပ်ငန်းဟာ ဆုတ်ရုပ်လာမယ် ဆိုတာသတိရှိကြပါ။

အတူတကွ လက်တွဲးလုပ်ဆောင်ကြခြင်းကို ဘုရားသခင်အလိုရှိတယ်၊ အဲ့ဒါကြောင့် အသင်းတော်ထဲမှာ၊ သာသနာတိုင်းမှာ အတူတကွ လက်တွဲးလုပ်ဆောင်ကြပါ ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ တိုက်တွန်းအားပေးခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-italian-bishops-gen...

#pope, #bishops, #priests, #relationship, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

6 + 10 =