ဘာဝပတ်ဝန်းကျင်ကို ထိန်းနိုင်တဲ့ လူနေမှုပုံစံ

ဘာဝပတ်ဝန်းကျင်ကို ထိန်းနိုင်တဲ့ လူနေမှုပုံစံ

ဘာဝပတ်ဝန်းကျင်ကို ထိန်းနိုင်တဲ့ လူနေမှုပုံစံ

လူငယ်တွေ သတ္တိရှိရှိနဲ့ အတူယှဥ်တွဲနေတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေး စီမံကိန်းတွေကို ကြိုးစားပြီး လုပ်ဆောင်နေကြတာကို တွေ့ရလို့ ကျွန်ုပ် အရမ်းကို ဝမ်းမြောက် ဝမ်းသာ ဖြစ်မိ ပါတယ်။ ဂေဟစနစ်စောင့်ရှောက်မှုနဲ့ ပတ်သက်တဲ့ အရာတွေ ဖြစ်နေလို့ လူငယ်တွေ ဆီကနေ ကျွန်ုပ်တို့ အများကြီးသင်ယူ နိုင်ပါတယ်။ သူတို့ဟာ ရှေ့ပြေးတဲ့ စံပြတွေ ဖြစ်ပါတယ်။ 

 

စက်တင်ဘာလ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်း ရည်ရွယ်ချက်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းနိုင်တဲ့ လူနေမှုပုံစံ ဖြစ်ပါတယ်။

 

သူတို့ရဲ့ ဥပမာကို အတုယူပြီး ကျွန်ုပ်တို့ရဲ့ လူနေထိုင်မှု ပုံစံကို ထောက်ရှုသုံးသပ် ကြည့်ကြပါစို့၊ အထူးသဖြင့် အခုလို ရင်ဆိုင်နေရတဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေပါ။ ကျွန်ုပ်တို့ရဲ့စားသောက်ပုံ၊ သုံးစွဲပုံ၊ ခရီးသွားလာပုံ၊ စွမ်းအင်၊ ပလပ်စတစ်နဲ့ ရေကို အသုံးပြုပုံ တွေအပြင် ကမ္ဘာမြေကြီးကို အန္တရာယ် ဖြစ်စေတဲ့ အခြား ရုပ်ဝတ္ထု ပစ္စည်းတွေ အသုံးပြုပုံကို ထောက်ရှုသုံးသပ် ကြပါစို့။ ကမ္ဘာမြေကြီးကို အန္တရာယ် ဖြစ်စေတဲ့ အခြား ရုပ်ဝတ္ထု ပစ္စည်းတွေ အသုံးပြုပုံကို ထောက်ရှုသုံးသပ်ကြပါစို့။ 

 

ပြုပြင်ပြောင်းလဲဖို့ ရွေးချယ်ကြပါစို့။ လူငယ်တွေနဲ့အတူ ရိုးစင်းပြီး သဘာဝပတ်ဝန်းကျင်ကို လေးစားတဲ့ လူနေမှုပုံစံဆီကို လျှောက်လှမ်း ကြပါစို့။ ကျွန်ုပ်တို့အားလုံး သတ္တိရှိရှိနဲ့ မရှိမဖြစ် ရွေးချယ်ရမဲ့ ရိုးစင်းတဲ့ လူနေထိုင်မှု ပုံစံအပြင် စွမ်းစွမ်းတမံ လုပ်နေတဲ့ လူငယ်တွေ ဆီကနေ ခွန်အားယူပြီး သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းနိုင်တဲ့ လူနေမှုပုံစံတွေ ဖြစ်အောင် ဆုတောင်း ကြပါစို့။ သူတို့က မိုက်မဲနေကြတာ မဟုတ်ဘူး။ ကျွန်ုပ်တို့ မရှိတော့ရင် အနာဂတ်မှာ သူတို့ကိုယ်တိုင် အမွေဆက်ခံမဲ့အရာကို သူတို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

 

✍️ထန်းဟာ, SJ 

#rvamyanmar #rvapastoralcare #PopeFrancisMessage #Environment 

Add new comment

6 + 6 =