"ဘာကြောင့်လဲ"လို့ မေးမြန်း ဆုတောင်းကြဖို့ မမေ့ပါနဲ့။

"ဘာကြောင့်လဲ"လို့ မေးမြန်း ဆုတောင်းကြဖို့ မမေ့ပါနဲ့။

"ဘာကြောင့်လဲ"လို့ မေးမြန်း ဆုတောင်းကြဖို့ မမေ့ပါနဲ့။ ကလေးတွေက အရာဝတ္ထုတွေကို နားလည်လာခါစ အရွယ်မှာပဲ အဲဒီလိုမျိုး ဆုတောင်း တတ်ကြပါတယ်။ အဲဒါကို စိတ်ပညာရှင်တွေက ကလေးကအဖေ့ကို "ဘာကြောင့်လဲ မေးတဲ့အဆင့်" လို့ခေါ်ဆို ကြပါတယ်။ ဖေဖေဘာကြောင့်လဲ။ ဖေဖေဘာကြောင့်လဲ။ ဖေဖေဘာကြောင့်လဲ။

ဒါပေမဲ့ ကလေးဟာ အဖေ​ရဲ့အဖြေကို နားမထောင်ဘူး ဆိုတာ သတိထားမိမှာပါ။ အဖေကသာ ​ဖြေပေးနေပေမဲ့ ကလေးတွေက "ဘာကြောင့်လဲ" လို့ နောက်ထပ်မေးရင်းနဲ့ စကားဖြတ်​ နေတတ် ကြပါတယ်။ 

ကလေးဟာ အဖေ့ရဲ့အာရုံစိုက်တာ ခံရဖို့အတွက် အဲဒီလိုလုပ်သလိုပဲ ကျွန်ုပ်တို့ ဘုရားသခင်နဲ့ စိတ်ဆိုးတဲ့အချိန်မှာ ဘာကြောင့်လဲလို့ မေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ဘဝ အခက်အခဲနဲ့ ဒုက္ခတွေကို ခမည်းတော်ဘုရားရဲ့နှလုံးသားကနေ အာရုံစိုက် လာစေပါတယ်။ ဘုရားသခင်ကို "ဒါပေမဲ့ဘာကြောင့်လဲ" ဆိုပြီး မေးရဲတဲ့ သတ္တိ ကျွန်ုပ်တို့မှာ ရှိသလား။ 

သားသမီးနဲ့ ဖခင်တို့ အကြား ဆက်ဆံရေးမှာ နိုးကြားစေဖို့တစ်ခါတလေ နည်းနည်းလေး စိတ်ဆိုးလိုက်တာလည်း သင့်အတွက် ကောင်းပါတယ်။ ဘုရားသခင်နဲ့လည်း အဲဒီလိုဆက်ဆံရေးမျိုး ရှိသင့်ပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အခက်ဆုံးနဲ့ အခါးသီးဆုံး ဖော်ပြချက်တွေကိုတောင် ဖခင်မေတ္တာနဲ့ လက်ခံပေးပြီး ဆုတောင်းရင်းနဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်မှုကို ဖော်ပြတဲ့အရာအဖြစ် ဘုရားသခင် လက်ခံမှာဖြစ်တယ်။

✍️ ထန်းဟာ, SJ

Photo courtesy of : Sky News

Add new comment

9 + 0 =