ဘဝမလုံခြုံမှု၊ အစာစအရှာ ရှာပါးခြင်း နှင် ဆာလောင်ငတ်မွတ်နေသူများကို ကရုဏာတရားဖြင့် လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းများ မှ ကိုင်တွယ်ဖြေရှင်းကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တိုက်တွန်း

ရောမမြို့ အခြေစိုက် နိုင်ငံတကာ အစားအစာ နှင့် စိုက်ပျိုးရေး အဖွဲ့အစည်း၏ ၄၁ ကြိမ်မြောက် အထွေထွေ ညီလာခံတွင်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ တိုက်တွန်းပြောကြား

ဘဝမလုံခြုံမှု၊ အစာစအရှာ ရှာပါးခြင်း နှင် ဆာလောင်ငတ်မွတ်နေသူများကို ကရုဏာတရားဖြင့် လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းများ မှ ကိုင်တွယ်ဖြေရှင်းကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်တိုက်တွန်း
ဇွန်လ ၂၇၊ ၂၀၁၉

ဘဝမလုံခြုံမှု၊ အစားအစာရှားပါးမှု နှင့် ဆာလောင်ငတ်မွတ်နေသူများကို ကရုဏာတရားဖြင့် လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းများ မှ ကိုင်တွယ်ဖြေရှင်းကြဖို့ နှင့် ၂၀၃၀ ရည်မှန်းချက်ဖြစ်သော ဆင်းရဲမှုပပြောက်ရေး၊ ဆာလောင် ငတ်မွတ်မှုပပြောက်ရေး ရည်ရွယ်ချက်ကို အဓိကထားဖော်ဆောင်ကြဖို့ ရောမမြို့ အခြေစိုက် နိုင်ငံတကာ အစားအစာ နှင့် စိုက်ပျိုးရေး အဖွဲ့အစည်း၏ ၄၁ ကြိမ်မြောက် အထွေထွေ ညီလာခံတွင်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ တိုက်တွန်းပြောကြားခဲ့ပါသည်။

အစားအစာရှားပါခြင်း၊ သောက်သုံးရေ မလုံလောက်ခြင်းများကို အဓိကထားလုပ်ကိုင် ဖြေရှင်းပေးနေကြတဲ့နေရာမှာ နိုင်ငံတကာ တာဝန်ဝတ္တရား များအပေါ် စိတ်ဝင်စားမှုနည်းပါးခြင်း၊ သနားကြင်နာမှုကင်မဲ့နေခြင်းများအပေါ် လည်း ပြစ်တင်ပြောပြခဲ့ပါသည်။

သူ့နိုင်ငံ သူ့ဆင်းရဲသား သူ့ပြသနာ မဟုတ်၊ တို့အားလုံးနှင့်ဆိုင်သော အယောက်တိုင်းစီပါဝင် ပတ်သက်ပြီး ခံစားကူညီပေးရမည့်အလုပ်ဖြစ်တယ်၊ တနေ့ထက်တနေ့ ပိုမိုတိုးပွားပြီး ဆိုးဝါးစွာ ဒုက္ခရောက်နေသူညီကိုယ်မောင် နှမ အားလုံ၏ အော်ဟစ်ငိုကြွေးသံကို နားထောင်ပြီးတို့အားလုံးမှာ တာဝန်ရှိကြောင်း သိရှိကြဖို့ ဖြစ်တယ် လုပ်ဆောင်ပေးရမဲ့တာဝန်လည်းဖြစ်တယ်။

အစားအစာ သောက်သုံးရေ ဖြုန်းတီးခြင်း ကို တိုက်ဖျက်ရမယ် ဒါဟာ ဆာလောင်မှုပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုဖြစ်တယ်။ ဒီ ဖြုန်းတီးခြင်းအလေ့အထ ကိုတိုက်ဖျက်ဖို့ လူသားခြင်းစာနာတတ်​သော လူမှုရေးစိတ်ဓာတ် မြှင့်တင်ပေးရမယ်၊ အဲ့ဒီအရာကို အနာဂတ်မျိုးဆက်သစ်တွေကို ပညာပေးခြင်းဖြင့် ဒီကပ်ဆိုးတွေကို လျှော့ချပြီး ပျောက်ပျက်သည်အထိ လုပ်ဆောင်ကြရမယ်၊ အနာဂတ်မျိုးဆက်သစ်များအနေ နှင့် ဒီ လူမှုရေးး ကံဆိုးမိုးမှောင်ကျမှုကို အနာဂတ်လူငယ်တွေ စိတ်ရှည် သည်းခံဖို့ မဖြစ်နိုင်တော့ပါဘူး။

တနေရာအဆင်မပြေရင် တနေရာကို သွားကြရတာ သဘာဝတစ်ခုပါပဲ ဒါကြောင့် ရွေ့ပြောင်းနေထိုင်သူတွေများလာကြခြင်းဖြစ်တယ်။ ဒုက္ခမျိုးစုံကြုံတွေနေကြရခြင်းတွေကို ဖြေရှင်းဖို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ကြရမယ်၊ နိုင်ငံတစ်နိုင်ငံ၏ ပြသနာဟာ ကမ္ဘာမိသားစုရဲ့ပြသနာဆိုတာကို သိကြရမယ်။

နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပြီး အဆိုးဝါးဆုံး နှင့် အဆင်းရဲးဆုံးနေရာဒေသတွေကို ဦးစားပေးပြီး အခြေခံရသင့် ရထိုက်သည့် အခွင်အရေးများရရှိနိုင်အောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ ရောမမြို့ အခြေစိုက် နိုင်ငံတကာ အစားအစာ နှင့် စိုက်ပျိုးရေး အဖွဲ့အစည်း၏ ၄၁ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ တိုက်တွန်းပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-fao-hunger-...

#pope, #fao, #help, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 7 =