ဘယ်လ်​ဂျီယံနိုင်ငံ မီချီလင် ဘရတ်ဆယ်စ် ဂိုဏ်းချုပ်ဆရာတော် ရဟန်းမင်အမတ် ကာဒီနယ် Godfrield Danneels သက်တော် ၈၅ နှစ် ပျံလွန်တော်မူခြင်းအတွက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဝမး်နည်း သဝဏ်လွှာပေးပို့

ရဟန်းမင်အမတ် ကာဒီနယ် Godfrield Danneels

ဘယ်လ်​ဂျီယံနိုင်ငံ မီချီလင် ဘရတ်ဆယ်စ် ဂိုဏ်းချုပ်ဆရာတော် ရဟန်းမင်အမတ် ကာဒီနယ် Godfrield Danneels သက်တော် ၈၅ နှစ် ပျံလွန်တော်မူခြင်းအတွက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဝမး်နည်း သဝဏ်လွှာပေးပို့
မတ်လ ၁၄၊ ၂၀၁၉

မတ်လ ၁၃ ရက် ကြာသပတေးနေက ဘယ်လ်​ဂျီယံနိုင်ငံ မီချီလင် ဘရတ်ဆယ်စ် ဂိုဏ်းချုပ်ဆရာတော် ရဟန်းမင်အမတ် ကာဒီနယ် Godfrield Danneels ၏ ပျံလွန်တော်မူခြင်း သတင်းကို ကြားသိရ၍ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ကာဒီနယ် Danneels ကို ဆက်ခံသူ ရဟန်းမင်းအမတ် ကာဒီနယ် Josef De Kesel ထံသို့ ဝမ်းနည်းသွင်လွှာပေးပို့ခဲ့ပါသည်။ ယင်း သဝဏ်လွှာ တွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကာဒီနယ် ဒါနီအဲလ် သည် သူ၏ သာသနာအတွက်သာမဟုတ် ရောမမြို့ရဟန်းမင်းကြီးရုံးတော် ရှိတာဝန်များကိုလည်း ​ကျေပွန်​ခဲ့သူ၊ ဘယ်လ်ဂျီယံ ဆရာတော်ကြီးများအဖွဲ့ချုပ်အဖြစ်လည်း ​တာဝန်ကျေပွန်ခဲ့သူ ဇွဲ လုံ့လ ရှိသော ကာဒီနယ်ကြီးတစ်​ပါးဖြစ်ကြောင်း၊ အသင်းတော်၏ ညီလာခံများတွင်လည်းတက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး သူ၏ ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြောင်း၊ သူအတွက် ထိခိုက်ကြေကွဲရသူများအတွက်လည်း ဆုတောင်းပေးနေကြောင်းနှင့် ယခုအခါတွင် ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်ြ​ခင်းခံယူပြီး သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း၌ ဝင်စားရန် အဖ အိမ်တော်သို့ပြန်သွားပြီဖြစ်ကြောင်း၊ နတ်ဆိုးကို အောင်နိုင်တော်မူသော သခင်ခရစ်တော်သည် ပျော်ရွှင်ငြိမ်းချမ်းသောအရပ်မှ သူကိုကြိုဆိုပါစေ ဟု ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ၏ ဝမ်းနည်းသဝဏ်လွှာတွင် ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-condolences...

#condolences, #cardinaldanneels, # peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 2 =