ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့​တော် ဒါက တွင်မီးလောင်မူ​ကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဝမ်းနည်းသဝဏ်လွှာပေးပို့ခြင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့​တော် ဒါကာ တွင် ဗုဒ္ဓဟူးနေ့ ည ကြာသာပတေး မနက်ပိုင်း မီးလောင်မူ​

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့​တော် ဒါက တွင်မီးလောင်မူ​ကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ဝမ်းနည်းသဝဏ်လွှာပေးပို့ခြင်း
မတ်လ ၂၁၊ ၂၀၁၉

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့​တော် ဒါကာ တွင် ဗုဒ္ဓဟူးနေ့ ည ကြာသာပတေး မနက်ပိုင်း မီးလောင်မူ​ကြောင့် ၈၁ ဦး သေဆုံးခဲ့ပြီး ၅၀ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း အချို့မှာ ပြင်းထန်စွာ မီးလောင်ဒဏ်ခံထားရသောကြောင့် သေဆုံးသူများ တိုးလာနိုင်ကြောင်း နှင့် မီးလောင်မူကို ဆယ်နာရီကျော်ကြာမှ ထိန်း​ချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

ဗာတီကန်တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ညီလာခံ တက်ရောက်နေသော ဒါကာ မြို့ဂိုဏ်းချုပ်ဆရာတော် Patrick D' Rozario မှ လူတွေ အသက်ပေါင်းများစွာသေကြေ ပျက်စီးသော မီးလောင်မှု့ သတင်းကိုကြားရတဲ့ အတွက် လွန်စွာအံအားသင့် တုန်လှုပ် ဝမ်းနည်းရကြောင်း၊ မီးလောင်သေဆုံးသွားကြသူများ၊ ဒဏ်ရာ ရရှိသူများ သေဆုံးသွားသူတို့၏ မိသားစုဝင်များ အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဆုတောင်းပေ နေကြောင်း၊ ဗာတီကန်သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

 

ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီးရုံးတော် တာဝန်ခံ ရဟန်းမင်းအမတ် ကာဒီနယ် Pietro Paroline မှ ရဟန်းမင်းြ​ကီးကိုယ်စား ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့​တော် ဒါက တွင်မီးလောင်မူ​ကြောင့် မီးလောင်သေဆုံးသွားကြသူများ၊ ဒဏ်ရာ ရရှိသူများ သေဆုံးသွားသူတို့၏ မိသားစုဝင်များ အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ဆုတောင်းပေး နေကြောင်း၊ မီးလောင်မူတွင် ကူညီကယ်တင်ပေးကြသောသူများ ကိုလည်းကျေးဇူးတင်ကြောင်း၊ ဆုတောင်း​မေတ္တာ နှင့်ကောင်းကြီးမင်္ဂလာ ပေးသနားကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ဝမ်းနည်းသဝဏ်လွှာတွင် ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/pope/news/2019-02/pope-francis-condolence-...

#firebrokeout, #daka, #condolences, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

13 + 2 =