ဗြိတိသျှနိုင်ငံ ဘာသာရေးခေါင်းဆောင်များမှ ရွေ့ပြောင်းဒုက္ခသည်များအရေး ပြန်လည်သုံးသပ်ရန် ဗြိတိသျှနိုင်ငံ အစိုးရအားတိုက်တွန်း


ဗြိတိသျှနိုင်ငံ ဘာသာရေးခေါင်းဆောင်များမှ ရွေ့ပြောင်းဒုက္ခသည်များအရေး ပြန်လည်သုံးသပ်ရန် ဗြိတိသျှနိုင်ငံ အစိုးရအားတိုက်တွန်း
ဇန်နဝါရီ် ၉၊ ၂၀၁၉

 

ရွေ့ပြောင်းဒုက္ခသည်များအရေး ဥပဒေသစ်သည် လမ်းညွှန်မူမှားနေသလို အခွင့်အရေးများလည်း ဆုံးရှုံးစေကြောင်း ဗြိတိသျှနိုင်ငံ ဘာသာရေးခေါင်းဆောင်များမှ ဗြိတိသျှနိုင်ငံ အစိုးရအားထောက်ပြထားပါသည်။ ဗြိတိသျှနိုင်ငံ အစိုးရအား ဗြိတိသျှနိုင်ငံ ဘာသာရေးခေါင်းဆောင်များမှ လက်မှတ်ထိုး ပေးပို့သောစာတွင် သန့်ရှင်းသော အိမ်ထောင်စု အီဂျစ်ပြည်ကို ထွက်ပြေးခဲ့ရသော သမ္မာကျမ်းစာပါ အချက်ကိုထောက်ပြပြီး ကမ္ဘာတဝှမ်း ရွေ့ပြောင်းဒုက္ခသည်များ၏ ပုံရိပ်ကို ထင်ဟပ်​ေ​ဖာ်ပြခဲ့ပါသည်။

 

ရောက်ရှိလာသောဒုက္ခသည်များကြုံတွေ့နေရသည့် မယုံကြည်ခံရမူများ၊ ဒုက္ခသည် ထိန်​းသိမ်းရေးစခန်းများ၏ အခြေအနေများ၊ နိုင်ငံရေးခိုလုံခွင့်တောင်းသူများအတွက်အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်​း မရှိခြင်းများ၊ ဒုက္ခသည်မိသားစုများကို တကွဲတပြားဖြစ်စေခြင်းများကို လူ့အဆင့်အတန်းနှင့်လျှော်ညီစွာ လုပ်ဆောင် စေရန် ဘာသာရေးခေါင်းဆောင်များမှ ဝေဖန်ထောက်ပြထားပါသည်။

 

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှလည်း လူမူမညီမျှမူများ၊ ဆင်းရဲဒုက္ခအမျိုးမျိုးကြောင့် ထွက်ပြေးလာကြသောရွေ့ပြောင်းဒုက္ခသည် မိသားစုများ၊ နှင့် ယင်းဒုက္ခသည်များကို ကူညီပေးနေသောနိုင်ငံများကို ချီးကျူးဂုဏ်ပြုပြီး အတူတကွလုပ်ဆောင်ကြဖို့ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/church/news/2019-01/uk-faith-leaders-ask-c...

#refugees, #UK, #europe, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

9 + 1 =