ဗူဂေးရီးယားနိုင်ငံ တွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ရဟန္တာ စိန့် ဖရန်းစစ် ကို အတူယူပြီး ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဆိုဖီယာ ရှိ လွတ်လပ်ရေး ကွင်းပြင်တွင် လူထုနှင့် နောက်ဆုံးတွေ့ဆုံခြင်း

ဗူဂေးရီးယားနိုင်ငံ တွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ရဟန္တာ စိန့် ဖရန်းစစ် ကို အတူယူပြီး ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခြင်း
မေလ ၆၊ ၂၀၁၉

ဗူဂေးရီးယားနိုင်ငံ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဆိုဖီယာ ရှိ လွတ်လပ်ရေး ကွင်းပြင်တွင် လူထုနှင့် နောက်ဆုံးတွေ့ဆုံခြင်း အခန်းအနားတွင် ရဟန္တာ စိန့် ဖရန်းစစ် ကို အတုယူပြီး ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးခြင်း နှင့် သူ၏ သိုးထိမ်းခရီးစဉ်၏ ရည်ရွယ်ချက်ကို အကျဉ်​းချုံးရှင်းပြခဲ့ပါသည်။
~ ဖယောင်းတိုင် ခြောက်တိုင်ထားရှိခြင်းသည် ဘာသာတရား ခြောက်ခုမှ ယခုအခန်းအနားတွင် အတူတကွပါဝင်ခြင်းကို ဖော်ဆောင်ခြင်း
~ ရဟန္တာ ရဟန်းမင်းကြီးနှစ်ဆယ်သုံးပါမြောက်ယောဟန် ၏ စာချွန်တော် ကမ္ဘာကြီးငြိမ်းချမ်းပါစေ စာသား ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ် ခရီးစဉ် (Logo) အမှတ်တံဆိတ်
~ နှင်းဆီပန်းများသည် ဗူဂေးရီးယားနိုင်ငံ သင်္ကေတ
~ သံလွင်ပင် သည် ငြိမ်းချမ်းရေးအမှတ် တံဆိတ်အဖြစ် ဖော်ပြကြောင်း

♥ ရဟန္တာ စိန့် ဖရန်းစစ် ၏ ပုံဥပမာ

ဗူဂေးရီးယားနိုင်ငံ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဆိုဖီယာ ရှိ လွတ်လပ်ရေး ကွင်းပြင်တွင် လူထုနှင့် နောက်ဆုံးတွေ့ဆုံခြင်း အခန်းအနားသည် ငြိမ်းချမ်းရေး အတွက် ရည်ရွယ်တွေဆုံခြင်းဖြစ်သည့်အလျှောက် ဖန်းဆင်ခံ သတ္တဝါ တို့အကြောင်း ဓမ္မသီချင်း ရွတ်ဆိုခြင်း၊ ရဟန္တာ စိန့် ဖရန်းစစ် ၏ ငြိမ်းချမ်းခြင်းအတွက် ဆုတောင်းမေတ္တာ ကို ရွတ်ဆိုခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။
ရဟန္တာ စိန့် ဖရန်းစစ် အစီစီ သည် သူတွေ့ကြုံခံစားခဲ့ရသည် ဘုရားရားသခင်ဖန်ဆင်းသော အရားအားလုံး၏ လှပမှုကို ချီးကြူးဖော်ပြခဲ့ခြင်းကြောင့် ပုပ်ရဟန်းမင်းကြီး မှ မိမိ ခံယူခဲ့သော အမည်နာမ စိန့် ဖရန်းစစ် ကို ဂုဏ်ပြုချီးကျူ းပြီး ထိုအရာသည် မိမိမြင်သောအရာကို အကောင်းအဖြစ်ပြောင်းလဲးပေးသော ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ယင်းချစ်ခြင်းမေတ္တာသည် ရဟန္တာ စိန့် ဖရန်းစစ် ကို ငြိမ်းချမ်းရေး ဖော်ဆောင်သူအဖြစ် ပြောင်းလဲးပေးခြင်းဖြစ်သည် ဟု ရှင်ပြခဲ့ပါသည်။

♥ ငါတို့ အယောက်တိုင်းစီဟာ စိန့် ဖရန်းစစ် ရဲ့ စံနမူနာကို လိုက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်းသူတွေ ဖြစ်ရမယ်။

ငြိမ်းချမ်းရေးဟာ ကျေးဇူးတော်ဖြစ်သလို တဖက်မှာလည်း လုပ်ဆောင်ရမည့် တာဝန်ဖြစ်တယ်၊ ဒါ့ကြောင့် လူဘဝရဲ့ အခြေခံရပိုင်ခွင့်တွေကို ရိုသေလေးစားသော အလေ့အထကို တည်ဆောက်ဖို့ ဆုတောင်းကြသလို လက်တွေ့လည်း နေ့တိုင်း ကြိုးစားနေရမယ်၊ ငြိမ်းချမ်းရေးလိုလားသူတည်ဆောက်သူတွေအနေနဲ့ အဲ့ဒီငြိမ်းချမ်းမှုစီရောက်ဖို့ အဆင့်အတန်းတွေ နည်းလမ်းတွေကို အပြန်အလှန်နားလည်ခြင်း၊ ညှိနိုင်းပြောဆိုသော နည်းလမ်းကို အခြေခံအသုံးပြု ခြင်း၊ ဘာသာရေး၊ လူ့မှုရေး၊ တစ်ဦးခြင်းတာဝန် အဖွဲ့အစည်းတာဝန် စသည် တို့ကို အပြန်အလှန် နားလည်ရိုသေမှုရှိမှသာ ငြိမ်းချမ်းမှုစီကို မှန်ကန်စွာရောက်နိုင်မည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြေားကြားခဲ့ပါသည်။

♥ ငါတို့အယောက်တိုင်းစီဟာ ငြိမ်းချမ်းရေးကို ဘဝနဲ့အသက်ရှင်ပြီး သက်သေပြသူတွေဖြစ်ရမယ်။

ဗူဂေးရီးယားနိုင်ငံ ဆိုဖီယာ ဟာ မတူညီ ကွဲးပြားတဲ့ ရင်ကျေးမှုများ၊ ဘာသာတရားများ ဒီနေရာမှာ စုစည်းအဖြေရှာခဲ့ကြတယ်၊ ဒီ အထင်ကရ နေရာဟာ ငြိမ်းချမ်းခြင်း သက်သေမှတ်တိုင်ဖြစ်လာတယ် ဟု ဆိုဖီယာ ရှိ လွတ်လပ်ရေး ကွင်းပြင် ကို ရည်ညွန်းပြောဆိုခဲ့ပါသည်။

♥ ငါတို့ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်သော ကရိယာ တန်ဆာပလာ များဖြစ်ရမယ်။
ကမ္ဘာပေါ်မှာ ငြိမ်ချမ်းရေးတည်ရှိပါစေ။ လူသားတိုင်းရဲ့နှလုံးသားမှာ၊ မိသားစုတွေမှာ ငြိမ်းချမ်းခြင်းတရားတည်ပါစေ၊ အထူးသဖြင့် အလိုရမက်ကြီးသူများကြောင့် အစွန့်ပြစ်ခံများ၊ ပြစ်ပယ်ထားခံရသူများ၊
စစ်ပွဲးများကြောင့် ငြိမ်းချမ်းရေး ပျက်စီးသွားရသော ဒေသများအတွက် ငြိမ်းချမ်းရေးတရားကို ပြန်လည်ဖော်ဆောင်ပေးကြပါစို့၊ ကျွနုပ်တို့တတွေ ဘယ်နေရာမှာပဲရောက်ရောက် ငြိမ်းချမ်းရေး ဖော်ဆောင်သော ကရိယာ တန်ဆာပလာ ဖော်ဆောင်သူဖြစ်ကြပါစေ။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-bulgaria-so...

#pope, #visit, #bulgaria, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

6 + 13 =