ဗူဂေးရီးယားနိုင်ငံ တွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ရွေ့ပြောင်းဒုက္ခသည်များနေထိုင်ရာ နေရာသို့ သွားရောက်လည်ပတ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဒုတိယမြောက်နေ့တွင် ဗူဂေးရီးယား နိုင်ငံ ဆိုဖီယာမြို့အစွန်ရှိ့ ဆီးရီးယာနှင့် အီရတ်မှ ရွေ့ပြောင်းဒုက္ခသည်များနေထိုင်ရာ Vrazhdebna သို့ သွားရောက်လည်ပတ်ခဲ့

ဗူဂေးရီးယားနိုင်ငံ တွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ရွေ့ပြောင်းဒုက္ခသည်များနေထိုင်ရာ နေရာသို့ သွားရောက်လည်ပတ်
မေလ ၅၊ ၂၀၁၉

ဗူဂေးရီးယားနိုင်ငံ တွင်ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဒုတိယမြောက်နေ့တွင် ဗူဂေးရီးယား နိုင်ငံ ဆိုဖီယာမြို့အစွန်ရှိ့ ဆီးရီးယာနှင့် အီရတ်မှ ရွေ့ပြောင်းဒုက္ခသည်များနေထိုင်ရာ Vrazhdebna သို့ သွားရောက်လည်ပတ်ခဲ့ပါသည်။

ရွ့ပြောင်းဒုက္ခသည်များနေထိုင်ရာ Vrazhdebna ကို ဦးဆောင်လုပ်ကိုင်နေသူ နှင့် ဂရုဏာအဖွဲ့အစည်း ဥက္ကဋ္ဌ တို့မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ကို ကြိုဆို ခဲ့ကြပါသည်။ ဆက်လက်ပြီး ဒုက္ခသည် မိသားစုဝင်များ၊ ကလေးသူငယ်များ ၅၀ ခန့်မှ ကြိုဆိုနုတ်ဆက်ခဲ့ကြပြီး ကလေးသူငယ်များ နှင့် အကူအဖွဲ့ဝင်များမှ ပုပ်ရဟန်းမင်းကြီးကို သီးချင်းသီဆိုခြင်း တေးသရုပ်ဖော် ကပြခြင်းများဖြင့်ကြိုဆိုခဲ့ကြပါသည်။ ကလေးသူငယ်များမှ ရဟန်းမင်ကြီး အတွက် သူတို့ကိုယ်တိုင် ဆွဲးထားသော ပန်းချီကားလေးများ ဆက်သခဲ့ကြပါသည်။ ရဟန်းမင်းကြီးမှ နုတ်ဆက်စကားပြေားကြားပြီး အားပေးခဲ့ပါသည်။

ယနေ့ခေတ်ကမ္ဘာကြီးတွင် ရွေ့ပြောင်းဒုက္ခသည်များ၏ ဘဝသည် ကြီးမားသော လူအများခံစားနေရသည် ဒုက္ခဖြစ်လာနေကြောင်း၊ ဒုက္ခသည်ကလေးသူငယ်များကို ပွေဖက်ပြီး သူတို့၏ ဒုက္ခများကို မြင်နိုင် သိနိုင် ခံစားနိုင်ကြဖို့ ပြေားကြားခဲ့ပြီး၊ ရွေ့ပြောင်းဒုက္ခသည်များနေထိုင်ရာ Vrazhdebna ရှိ ဒုက္ခသည်များ၊ အကူအညီပေးနေသူများကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ ကောင်းကြီးပေးခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-05/pope-in-bulgaria-warm-we...

#pope, #visit, #bulgaria, #refugeecenter, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 8 =