ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီးရုံးတော်သည် နယူးကလီးယား လက်နက် ကိုဆန့်ကျင်

ဗာတီကန် နိုင်ငံ ရဟန်းမင်ကြီးရုံးတော် နိုင်ငံတကာ ဆက်ဆံရေးတာဂန်ခံအတွင်းရေးမှုး ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher

ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီးရုံးတော်သည် နယူးကလီးယား လက်နက် ကိုဆန့်ကျင်

စက်တင်ဘာလ ၂၇၊ ၂၀၁၈

https://www.vaticannews.va/en/vatican-city/news/2018-09/holy-see-un-gall...

#vatican, #unitednations, #abolish, #nuclearweapons, #peterkm,

Photo credit to vatican news

ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ဗာတီကန် နိုင်ငံ ရဟန်းမင်းကြီးရုံးတော် နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံအတွင်းရေးမှုး ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher မှ စက်တင်ဘာလ ၂၆ ရက်နေ့ကကျင်းပသော ကုလသမ္မဂ နယူးကလီးယား လက်နက် ဖျက်သိမ်းရေး အထွေထွေညီလာခံတွင် ဗာတီကန် နိုင်ငံ ရဟန်းမင်ကြီးရုံးတော်သည် နယူးကလီးယား လက်နက် ကိုဆန့်ကျင်ကြောင်း ပြောကြားခဲ့ပါသည်။ နယူးကလီးယား လက်နက်ပိုင်ဆိုင်ရေးနှင့် အသုံးပြုရေးသည် စင်ဆက်မပြတ်အငြင်းပွားနေသော အရာဖြစ်ပြီး၊ နယူးကလီးယား လက်နှက် လက်ဖျက်သိမ်းရေးသည် ကမ္ဘာလုံခြုံရေးတစ်​ခုတည်းအတွက်သာမဟုတ် ကမ္ဘာပတ်ဝန်းကျင်၊ လူသားထုလုံခြုံရေးနှင့် ကိုယ်ကျင့်တရားတို့အတွက်ပါ အ​ရေးပါနေသော အရာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ နယူးကလီးယား လက်နက် ကြောင့် ကမ္ဘာကြီးသည် လုံခြုံခြင်းမဟုတ် ပို၍သာ အန္တာရယ်များကြောင်း၊ နယူးကလီးယား လက်နက် ပိုင်ဆိုင်ခြင်းသည် ကုလသမ္မဂ၏ သဘေားထားကို ဆန့်ကျင်နေသော အရာဖြစ်ကြောင်း၊ နယူးကလီးယား လက်နက်သည် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို မပေးနိုင်ကြောင်း၊ ကမ္ဘာကြီးငြိမ်းချမ်းတည်ငြိမ်မှုသည် အပြန်အလှန်တိုက်ခိုက်ဖျက်စီးနေခြင်း၊ အမြစ်ပြတ်ခြေမှုန်းခြင်းမှာ ရှာဖွေ၍ မရနိုင်ကြောင်း၊ ဗာတီကန် နိုင်ငံ ရဟန်းမင်ကြီးရုံးတော်သည် အစကတည်းက နယူးကလီးယား လက်နက် ဆန့်ကျင်သော အဖွဲ့ဝင်ဖြစ်ကြောင်း၊ နယူးကလီးယား လက်နက် ပိုင်ဆိုင်ခြင်း၊ တည်ထွင်စမ်းသပ်ခြင်းများ၊ နယူးကလီးယား လက်နက် နှင့်ဆိုင်သော အရာများကို အသုံးပြုခြင်များ ဖျက်သိမ်းနိုင်ရေး၊ နယူးကလီးယား လက်နက် ကင်းစင်​နိုင်ငံများဖြစ်ရေး ကြိုးပမ်းကြဖို့တိုက်တွန်းကြောင်း ကုလသမ္မဂ အထွေထွေညီလာခံတွင် ဗာတီကန် နိုင်ငံ ရဟန်းမင်ကြီးရုံးတော် နိုင်ငံတကာ ဆက်ဆံရေးတာဂန်ခံအတွင်းရေးမှုး ဂိုဏ်းချုပ်ဆရာတော် Paul Richard Gallagher မှ ပြောကြားခဲ့ပါသည်။

Add new comment

10 + 4 =