ဖွံဖြိုးတိုးတက်မှုကို ထိန်​းသိမ်းထားနိုင်ရေးအတွက် ဘာသာရေးအဖွဲ့အစည်းများ၏ အခန်ကဏ္ဍ

ကမ္ဘာကြီးနှင့် ဆင်းရဲသားတို့၏ အော်ဟစ်သံကို နားထောင်ခြင်း

ဖွံဖြိုးတိုးတက်မှုကို ထိန်​းသိမ်းထားနိုင်ရေးအတွက် ဘာသာရေးအဖွဲ့အစည်းများ၏ အခန်ကဏ္ဍ
မတ်လ ၅၊ ၂၀၁၉

မတ်လ ၇ မှ ၉ ရက်ထိ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်​းသိမ်းထားနိုင်ရေးအတွက် ဘာသာရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ကမ္ဘာကြီးနှင့် ဆင်းရဲသားတို့၏ အော်ဟစ်သံကို နားထောင်ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ ညီလာခံနှင့်ပတ်သက်၍ ရဟန်းမင်းကြီးရုံးတော် ပြည့်ဝစုံလင်သော လူမှုဘဝမြှင့်တင်​ရေးတာဝန်ခံ ရဟန်းမင်းအမတ် ကာဒီနယ် ပီတာ တပ်ဆမ် (Peter Turkson)မှ သတင်းစာရှင်းလင်ပွဲတစ်ရပ်ကို မတ်လ ၅ ရက်နေက ဗာတီကန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွံဖြိုးတိုးတက်မှုကို ထိန်​းသိမ်းထားနိုင်ရေးအတွက် ဘာသာရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ကို အကောင်အထည်ဖော်ဆောင်ရန် နောက်ကွယ်မှ ကိုယ်ကျင့်တရားပိုင်ဆိုင်ရာ အထောက်အပံ့ကို စီစဉ်နေရာချပေးခြင်းဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်ထားခြင်းမခံရစေရန်၊ ကြီးမားကြွယ်ဝသော အသိပညာများချန်လှပ်ထားခြင်မခံရစေရန် ကျွနုပ်တို့အားလုံးအတူတကွပူးပေါင်းလုပ်ဆောင်ဖို့လိုကြောင်း၊
ကမ္ဘာကြီးနှင့် ဆင်းရဲသားတို့၏ အော်ဟစ်သံကို နားထောင်ခြင်း (ရဟန်းမင်းကြီး ဖရန်စစ် စာချွန်တော် Laudato si 49) ကို အကောင်အထည်ဖော်ရာတွင် အခက်အခဲပေါင်းစုံ အလွှာ အမျိုးမျိုး ရှိသည့်အတွက် မတူညီသောလူမျိုးတို့၏ ကြွယ်ဝသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်​း အစဉ်အလာများ၊ ကိုးကွယ်ယုံကြည်မှုများနှင့် ဘာသာစကားများကို လေ့လာသိရှိဖို့လိုကြောင်း၊ ရာသီဥတုဆိုးဝါးစွာပြောင်းလဲမူဒဏ်ကို ခံစားနေကြရသောသူများ၊ သင့်​တော်သော အသက်မွေးဝမ်းကြောင်း နှင့်ဘဝလုံခြုံမှု၊ နေရာထိုင်ခင်းနှင့် လုံလောက်သော အစားအစာ မရရှိသော ကမ္ဘာပေါ်ရှိ သန်းထောင်ပေါင်းများစွာ​သော သူတို့အပေါ် သို့ ချစ်ခြင်းမေတ္တာ အစွမ်းကိုပြသကြစေလိုကြောင်း၊
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကကြသော အခြေခံအုတ်ြ​မစ်ဖြစ်ကြောင်း၊ ယင်းကဏ္ဍတွင် ဘာသာရေးအဖွဲ့အစည်းများသည် အဓိကကြသောနေရာတွင်ပါဝင်ကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် လည်း ဘာသာရေးအဖွဲ့အစည်းများ ပါဝင်ကူညီလုပ်ဆောင်နေကြကြောင်း၊
အဖွဲ့အစည်းများနှင့် ယင်းအဖွဲ့အစည်းတို့၏ အ​ခြေခံစည်းမျဉ်းဥပဒေများ နှင့်အတူတကွ တည်ငြိမ်သော တိုးတက်မူအနာဂတ်ကို တည်ဆောက်ထိန်း​သိမ်းနိုင်ရန် ဘာသာရေးအဖွဲ့အစည်းများမှ များစွာ အထောက်အပံ့ အကူအညီများပေးနိုင်ကြောင်း၊ ကမ္ဘာကြီးနှင့် ဆင်းရဲသားတို့၏ အော်ဟစ်သံကို အမြန်ဆုံး တန့်ပြန်ကူညီကြရန် လိုအပ်ကြောင်း၊ ဖွံဖြိုးတိုးတက်မူကို ထိန်​းသိမ်းပေးနိုင်သော ဘာသာရေး အဖွဲ့အစည်းများကို လူသားများက မျော်လင့်နေကြကြောင်း၊ ရဟန်းမင်းကြီးရုံးတော် ပြည့်ဝစုံလင်သော လူမှုဘဝမြှင့်တင်​ရေးတာဝန်ခံ ရဟန်းမင်းအမတ် ကာဒီနယ် ပီတာ တပ်ဆမ် (Peter Turkson)မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/vatican-city/news/2019-03/vatican-conferen...

#peterturkson,#sustainable, #develipment #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

3 + 2 =