ဖြစ်ရပ်မှန်ကိုတင်ပြပါ လူ့ဂုဏ်သိက္ခာကို လေးစားပါ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဂျာမနီနိုင်ငံ မှ သတင်းထောက်များနှင့် တွေ့ဆုံခြင်း

ဖြစ်ရပ်မှန်ကိုတင်ပြပါ လူ့ဂုဏ်သိက္ခာကို လေးစားပါ
မတ်လ ၄၊ ၂၀၁၉

၂၀၁၉ ခု မတ်လ ၄ ရက် ကြာသပတေး နေက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဂျာမနီနိုင်ငံ မှ သတင်းထောက်များနှင့် တွေ့ဆုံခြင်းတွင် ဖြစ်ရပ်မှန်ကိုတင်ပြဖို့၊ ဆွေးနွေး​ပြောဆိုဖို့ နှင့် လူ့ဂုဏ်သိက္ခာကို လေးစားဖို့ အဓိက အရေးကြီးသော အချက်သုံးချက်ကို မှာ ကြားခဲ့ပါသည်။

 

♥ ပြောဆိုဆွေး ​နွေးခြင်​း
ဂျာမနီနိုင်ငံရှိ အသင်းတော်များ နှင့် သတင်းဌာနများကြား လှုပ်ရှားသက်ဝင်နေသော ပြောဆိုညှိ နိုင်းဆွေးနွေးမူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ချီးကျူးခဲ့ပါသည်။ ပြောဆိုညှိနိုင်းဆွေးနွေခြင်းနည်းလမ်းက အချက်အလက်တွေကို ကောင်မွန်စွာ ခွဲခြမ်​းစိတ်ဖြာနိုင်ဖို့၊ အကြံဉာဏ်တွေ ဝေမျှဖလှည်ကြဖို့ တံခါးဖွင့်ပေးခြင်း နေရာချဲ့​ပေးလိုက်ခြင်းဖြစ်တယ်၊ ယင်းပြောဆိုညှိနိုင်းဆွေးနွေးခြင်းအားဖြင့် အပြန်အလှန်လမ်းဖွင့်ပေးပြီး သင်ယူကြခြင်းဖြစ်တယ်။

 

♥ သတင်းဖြစ်ရပ်အမှန်ကို တင်ပြခြင်း
သတင်းထောက်များ၊ သတင်းထုတ်လွှင့်သူများကို ခေါင်းစဉ်လေးကြည့်ပြီး ခန့်မှန်းရေးသားခြင်းထက် သေချာ​လေ့လာပြီးမှ သတင်းရေးစေရန်၊ ကောလဟာလ သတင်းထက် တိကျခိုင်မာသော အချက်အလက်ကို ထောက်ပြတင်ပြရန်၊ သတင်းအမှားကို ရှောင်ပြီး သတင်းအမှန်ကိုတင်ပြကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ တိုက်တွန်းခဲ့ပါသည်။

 

♥ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားရန်
လွတ်လပ်စွာ ရှု့မြင်သုံးသပ်ခြင်းကို ကန့်သတ်ြ​ခင်း နှင့် လူဂုဏ်သိက္ခာကို ချိုးဖောက်ခြင်း၊ တန်းတူညီမျှမရှိခြင်း၊ တန်းတူအခွင့်အရေး မပေးနိုင်ခြင်း၊ လူ့အသက်ကို စိန်ခေါ်လာသော ရောဂါကြောင့် သက်တောင့်သက်သာသေစေရန် ဆေးထိုးသတ်သော စနစ်တွင်ကျယ်စွာအသုံးပြုလာကြခြင်း၊ စသည့်ကမ္ဘာကြီးပေါ်မှာ ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မူများကို လူ့ဂုဏ်သိက္ခာကို ထိခိုက်နေသော အရာများကို ဖော်ပြကြဖို့ လူတွေသိမြင်စေဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ်မှ တိုက်တွန်းထားပြီး၊ လူထု သတင်းမီဒီယာဌာနသည် တန်ဖိုးကြီးသော လူတို့ ၏ လွတ်လပ်ခွင့်ကို အခိုင်အမာ ကာကွယ်စောင်ရှောက်ပေးရမည့် တာဝန်ရှိကြောင်း နှင့် သတင်းထောက်များဟာ လူတွေကို သတင်းဌာနရဲ့ သတင်းအရင်းအမြစ်အဖြစ်ထာရှိကြကြောင်း နှင့် အဲ့ဒီသတင်းထောက်တွေကပဲလူတွေကို ကောင်းမွန်သော၊ မှန်ကန်သော မျှော်လင့်ချက်များ ဝေမျှပေးကြဖို့ အလိုရှိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဂျာမနီနိုင်ငံ မှ သတင်းထောက်များနှင့် တွေ့ဆုံခြင်းတွင်ပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-04/pope-to-journalists-cham...

#pope, #journalists, #factualreporting, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 12 =