ဖျားနာသူများ ကို သခင်ခရစ်တော်ကဲ့သို့ ဂရုစိုက်ပေးကြပါ

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ နိုင်ငံတကာ ကက်သလစ်ဆေးပညာရှင်များ ဆရာဝန်များ အဖွဲ့အစည်း နှင့် တွေ့ဆုံခြင်း

ဖျားနာသူများ ကို သခင်ခရစ်တော်ကဲ့သို့ ဂရုစိုက်ပေးကြပါ
ဇွန်လ ၂၂၊ ၂၀၁၉

သခင်ခရစ်တော်က သူရဲ့လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖျားနာသူများကို နှစ်သိမ့်ပေးခြင်း၊ သူတို့ခံစားနေရသော အခြေအနေကို နားလည်ခံစားပေးခြင်း၊ ကုသမူ လိုအပ်သူများကို သူထံသို့ ရောက်လာနိုင်​အောင် လမ်းဖွင့်ပေးထားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သလို သင်တို့လည်း ပြုမူကြပါဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ နိုင်ငံတကာ ကက်သလစ်ဆေးပညာရှင်များ ဆရာဝန်များ အဖွဲ့အစည်း နှင့် တွေ့ဆုံခြင်းတွင်ပြောကြားခဲ့ပါသည်။

သခင်ခရစ်တော်ရဲ့ကုသပေးမူပြုစုစောင့်​ရှောက်နားလည်​ပေးမူများက သခင်ခရစ်တော်ကို သမားတော်အဖြစ်ခေါ်တွင်စေခဲ့တယ်၊ သခင်ခရစ်တော်က ဖျားနာသူ မသန်မစွမ်းသူများ အထူးသဖြင့် ပတ်ဝန်းကျင်ကပစ်ပယ်ခံထားရသူများ အပြစ်သားများ ဆီသို့ရောက်အောင် ချည်းကပ်ခဲ့တယ်။ သခင်ခရစ်တော်ကဲ့သို့ ဖျားနာသူများကို ကူညီကုသပေးခြင်းသည် ခရစ်ယာန်တို့ သာသနာပြုခြင်း၏ အဓိကအချက်ဖြစ်သလို သာသနာတော်ရဲ့ အဓိက လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာ သတိရကြရမယ်။

သခင်ခရစ်တော် ကုသပေးခဲ့သော လူတွေထဲမှာ ဘာခွဲခြားချက်မှမရှိခဲ့ပါဘူး၊ အသက်အရွယ်၊ လူမူအသိုင်းအဝိုင်းပြသနာ ဘာကိုမှ မခွဲခြားခဲ့ဘဲ ငါ့ကို သင့်အတွက် ဘာလုပ်ပေးစေခြင်းသလဲဆိုတာပဲ မေးခဲ့ပါတယ်။ အပြန်အလှန်ပြောဆိုခြင်းအမူကနေစတင်ပြီး ကုသပေးခြင်း၊ ပြန်လည်သင့်မြတ်စေခြင်း၊ နှစ်သိမ့်​ပေးခြင်း နှင့် သက်သာရာရစေခြင်း ဆီကိုခေါ်ဆောင်ပေးသွားခဲ့ခြင်းဖြစ်တယ်။ အတွင်းစိတ်ဖြင့်တကယ်ကူညီပေးခြင်းသည် ဝိညာဉ် နှင့် ခန္ဓာ၊ စိတ်နှလုံးတလုံးတဝတည်းဖြစ်ခြင်း နှင့် လူတို့၏ အပြန်အလှန်ထားရှိသော စိတ်စေတနာအားဖြင့် စည်းလုံးခြင်းစီကို ခေါ်ဆောင်ပေးနေခြင်းဖြစ်တယ်။

သခင်ခရစ်တော်က စိတ်ရော ခန္ဓာရောကို ကုသပေးခဲ့တယ်၊ သူကုသပေးခဲ့တဲ့သူမှန်သမျှဟာ သူနောက်လိုက်များဖြစ်လာကြတယ်၊ ဒါကြောင့် ကက်သလစ်ခရစ်ယာန် ဆရာဝန် ဆေးပညာရှင်တို့ လူနာများကို ခန္ဓာကိုယ်ကိုသာမက အတွင်းစိတ်ဒဏ်ရာများကိုပါ နားလည်ပေးခြင်း ရိုသေလေးစားခြင်းတို့ဖြင့် ကုသပေးကြပါ။ သူတို့ရဲ့လုပ်ဆောင်မူများကို ပိုမိုလူသားဆန်စွာ စိတ်စေတနာအပြည့်ဖြင့် ကုသပေးခြင်း၊ ခွန်အားပေးခြင်း၊ နားထောင်ပေးခြင်း၊ ဘဝရဲ့သက်သာမူကိုရှာဖွေတွေ့ရှိစေခြင်း တို့ဖြင့် ကူညီပေးကြပါ မျှော်​လင့်ချက်တွေ ပြန်လည်ရှင်သန်စေကြပါ။

ဆရာဝန် ဆေးပညာရှင်တို့ ငါတို့လူသားတွေဟာ အသက်သခင်၊ အသက်ကို ပိုင်ဆိုင်ပြီး ပြုချင်​သလိုပြုလိုရတဲ့သူတွေမဟုတ်ဘူး ဆိုတာ သတိရကြပါ။ ဒါကြောင့် အသက်ကို သန္ဓေ တည်သည့်အချိန်မှအစ၊ သဘာဝအလျှောက် ကုန်ဆုံးချိန်အထိ ရိုသေလေးစား တန်ဖိုးထားကြပါ။ ဘုရားကအသက်ကို တို့အပေါ်မှာ ယုံကြည်မူအပြည့်နဲ့ပေးထားတဲ့အရာဖြစ်တဲ့အတွက် အသက်အတွက်၊ အသက်ရှင်ခွင့်ဖက်က ရပ်တည်ကြရမယ်။

သင်တို့ရဲ့ လုပ်ဆောင်မူမှန်သမျှကို သန့်ရှင်သောဝိညာဉ်တော်ဘုရား၏ ဦးဆောင်လမ်းပြပေးမူ အလင်းပေးမူတို့ဖြင့် ခက်ခဲ​သော အခြေအနေများတွင် မှန်ကန်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်အောင် ကူညီလမ်းပြပေးပါစေ။

https://www.vaticannews.va/en/pope/news/2019-06/pope-francis-catholic-me...

#pope, #sick, #physicians, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 15 =