ဖျာနာသူများ၊ မိသားစုများ နှင့် လူငယ်များအတွက် နွေးထွေးသော မယ်တော်၏ အိမ်

အီတလီနိုင်ငံ လော​ရေးတို မြို့ရှိ အပျိုကညာစင်​ မာရီးယား အိမ်တော်

ဖျာနာသူများ၊ မိသားစုများ နှင့် လူငယ်များအတွက် နွေးထွေးသော မယ်တော်၏ အိမ်
မတ်လ ၂၅၊ ၂၀၁၉

မတ်လ ၂၅၊ ၂၀၁၉ တနင်္လာနေ့ သကြားတမန် က မယ်တော်မာရီယား အားအမိန်တော်ပြန်သော ပွဲ​နေ့တွင် အီတလီနိုင်ငံ လော​ရေးတို မြို့ရှိ အပျိုကညာစင်​ မာရီးယား အိမ်တော်ဟုခေါ်သော မယ်တော်ကိုယ် အားကိုးဆုတောင်းရာနေရာ လောရေးတို မြို့၏ သန့်ရှင်းသောအိမ်တော် နေရာတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ မစ္ဆားတရား ပူဇော်ခြင်းအခမ်​းအနားပြုပ်လုပ်ခဲ့ပါသည်၊ ယင်း မစ္ဆားတရား တရားတွင် လူပေါင်း တစ်သောင်းကျော်​ ပါဝင်ခဲ့ပါသည်။

 

♥ လူငယ်များအတွက် အိမ်

အမိမယ်တော်မာရီယားဟာ လူငယ်များအတွက် နွေးထွေးသောအိမ် ဖြစ်တယ် ဘာ့ကြောင့်လဲဆိုတော့ မျိုးဆက်သစ် လူငယ်အယောက်တိုင်းစီ သူတို့ရဲ့ခေါ်တော်မူခြင်းကို ရှာဖွေ ရာမှာ ကူညီလမ်းပြပေးနေလို့ဖြစ်တယ်၊ အဲ့ဒီ အချက်ကြောင့်ပဲ သခင်ခရစ်တော် ကျွနု်​ပ်တို့၏ အသက်နှင့် မျှော်လင့်ခြင်း ဟု အဓိပ္ပါယ် ရသော လူငယ်များကို ရည်ရွယ် ပြီး ထုတ်ဝေမည့် ရဟန်းမင်းကြီး၏ စာချွန်တော်ကို လက်မှတ်ထိုးရန် အတွက် လောရေးတို မြို့ရှိ အပျိုကညာစင်​ မာရီးယား အိမ်တော်ဟုခေါ်သော မယ်တော်ကိုယ် အားကိုးဆုတောင်းရာနေရာ လောရေးတို မြို့၏ သန့်ရှင်းသောအိမ်တော် နေရာကို ကျွနု်​ပ်ရွေးချယ်ခဲ့ခြင်းဖြစ်တယ်၊ ၂၀၁၈ အောက်တိုဘာလ ကပြုလုပ်ခဲ့သော လူငယ်များအရေး ဆရာတော်ကြီးများ ညီလာခံမှ ထွက်ပေါ်လာသော စာချွန်တော်မှာ

၁။ ။ ဘုရားရှင်၏ စီမံကိန်းကို နားလည်ရန် နုတ်​ကပတ်တော်ကို နားထောင်ခြင်း၊
၂။ ။ မိမိကိုယ်ကိုယ် စမ်းစစ်ခြင်း
၃။ ။ ဆုံးဖြတ်ချက်ချခြင်း
စသည်​့ ခေါ်တော်မူခြင်းအတွက် အရေးပါသော အချက် သုံးချက်ကိုလည်း ဆွေးနွေးခဲ့ပါသည်။

 

♥ မိသားစုများအတွက် အိမ်

မိသားစုရဲ့ အဓိပ္ပါယ် လျှော့ပါလာနေတဲ့ယနေ့ခေတ်
လောကကြီးထဲမှာ ယောက်ျားနှင့် မိန်းမပေါင်းစပ်ပြီး တည်ဆောက်ထားတဲ့မိသားစုဟာ အရေးကြီးတယ် သာသနာပြုလုပ်ငန်းလည်းဖြစ်တယ်။ ဒါ့ကြောင့် လောရေးတို က အမိမယ်တော်ရဲ့နေရာဟာ မိသားစုတွေအတွက် အိမ်အဖြစ်ရည်ရွယ်တယ်။ လူအဖွဲ့အစည်းမှာ အရေးပါတဲ့မိသားစု အခန်းဏ္ဍကိုခိုင်မာအောင်လုပ်ရမယ် ဘုရားသခင်စီစဉ်ထားတဲ့ မိသားစု အဓိပ္ပါယ် ကို ပြန်လည်ဖော်ထုတ်ရမယ်။ မယ်တော်ဟာ သူမိဘတွေအတွက် သမီးတစ်ယောက်၊ ရှင်ဂျိုးဇက်အတွက် ချစ်ခင်ရသူတစ်ယောက်၊ သခင်ယေဇူးအတွက် မိခင်တစ်ယောက်အဖြစ် တာဝန်ကျေခဲ့တယ် အဲ့ဒီမယ်တော်ရဲ့ပုံစံနမူနာကိုယူပြီး သာသနာတော်အနေနဲ့ ယုံကြည်သူသားသမီးတွေအပေါ်မှာ တန်​းတူညီတူ ချစ်ခင်ကြင်နာရမယ်။

 

♥ ဖျားနာသူတွေအတွက် အိမ်

ဒီနေရာဟာ ကိုယ်ရောစိတ်ပါ မကျန်းမာသူတွေအတွက် အမိမယ်တော်က ဘုရားသခင်ရဲ့ ကျန်းမာခြင်းကျေးဇူးတော်တော်တွေကို သားစဉ်မြေးဆက် ဝေမျှ သွန်းလောင်းပေးနေတဲ့အတွက် လောရေးတို က အမိမယ်တော်ရဲ့နေရာဟာ ဖျားနာသူတွေအတွက် အိမ်အဖြစ်ရည်ရွယ်တယ်။ မိသားစုအတွင်းမှာ တစ်ယောက်ယောက်ဖျားနာရင် မိသားစု ဒုက္ခရောက်ကြရတယ် ဘယ်လိုပဲဖြစ်ဖြစ် ဖျားနာနေသူတွေကို ချစ်ခြင်း​မေတ္တာ ဖြင့် စောင့်ရှောက်ခြင်း၊ အားပေးခြင်း၊ ထောက်ပံ့​ပေးခြင်းများ ပြုလုပ်ပေးကြရမယ်။ ဖျားနာနေသူတွေကိုပြုစုပေးခြင်းဟာ ဘုရားသခင်ရဲ့နိုင်ငံတော် မှာ ပါဝင်လုပ်ဆောင်ခြင်းဖြစ်တယ်။

 

အီတလီနိုင်ငံ လောရေးတို မြို့ရှိ အပျိုကညာစင်​ မာရီးယား အိမ်တော်ဟုခေါ်သော မယ်တော်ကိုယ် အားကိုးဆုတောင်းရာနေရာ လောရေးတို မြို့၏ သန့်ရှင်းသောအိမ်တော် နေရာတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အန်ဂျေးလူး မေတ္တာ အတူတကွရွတ်ဆို ပြီး မိသားစုများ၊ ဖျားနာသူများ လူငယ်များအတွက် ဆုတောင်းပေးခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-mass-loreto...

#pope, #Loreto, #angelus, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 1 =