ဖိလစ်ပိုင် လူငယ်တချို့ ကမ္ဘာလူငယ်များပွဲ တက်ရောက်မည်

St. John Paul II at the World Youth Day in Manila, the Philippines, in January, 1995.

ဖိလစ်ပိုင် လူငယ်တချို့ ကမ္ဘာလူငယ်များပွဲ တက်ရောက်မည်
ဇန်နဝါရီ ၁၂၊ ၂၀၁၉

ကမ္ဘာ အနှံအပြား မှလူငယ်များ ရက်သတ္တပါတ်နှစ်ပတ်​ေ​တာင်မလိုတော့သည်​့ ပနားမားတွင်ကျင်းပမည့် ကမ္ဘာလူငယ်များပွဲ​တော်သို့ သွားရောက်ရန် ပြင်ဆင်နေကြသည်။​ ဖိလစ်ပိုင်နိုင်ငံမှလည်း လူငယ် ၇၀ နှင့် ဆရာတော်​တချို့ ဘုန်းတော်ကြီးတချို့လည်း ဇန်နဝါရီလ ၂၂ မှ ၂၇ ထိ ပနားမားတွင်ကျင်းပမည့် ကမ္ဘာလူငယ်များပွဲ​တော်သို့ သွားရောက်ရန်ပြင်ဆင်နေကြပါသည်။ ဆက်လက်ပြီးတော့လည်း လူငယ်အမြောက်အများပါဝင်လာလိမ့်ဦးမည်ဟုမျှော်လင့်​ကြောင်း၊ တခြားအဖွဲ့အစည်းများလည်း ပါဝင်ဖို့ရန်ပြင်ဆင်နေကြောင်း၊ ဖိလစ်ပိုင်နိုင်ငံကိုစားပြု ကမ္ဘာလူငယ်များပွဲ​တော်သို့ တက်ရောက်မည့်သူ အနည်းဆုံး ၂၅၀ ခန့်ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ ဆရာတော်ကြီးများအဖွဲ့ချုပ်၏ လူငယ်တာဝန်ခံဘုန်းတော်ကြီး Conegundo Garganta ပြောပြပါသည်။

ဖိလစ်ပိုင်နိုင်ငံတွင်လည်း ယခုနှစ် ၂၀၁၉ ကို လူငယ်များနှစ်အဖြစ်သပ်မှတ်ထားပါသည်။ ဖိလစ်ပိုင်နိုင်ငံသို့ ကက်သလစ် ခရစ်ယာန်သာသနာ ရောက်ရှိခြင်း နှစ် ၅၀၀ ပြည့်အစီအစဉ်တွင် လူငယ်များ အခန်းကဏ္ဍ အတွက် ပြင်ဆင်ခြင်းလည်းဖြစ်ကြောင်းဖော်ပြထားပါသည်။ ကျွနု်ပ်​​ကဘုရားသခင်၏ ကျွန်မတည်း၊ ကျွန်မ၌ အမိန်တော်အတိုင်းဖြစ်ပါစေ ဟူသော မယ်တော်၏ စကားကို လူငယ်ပွဲ​တော် ခေါင်းစဉ်​အဖြစ်ရွေချယ်ထားပြီး ဇန်နဝါရီ်လ ၂၃ ရက်နေတွင် ရဟန်းမင်းကြီး ပါဝင်မည်ဖြစ်ကြောင်း အစီစဉ်တွင်ဖော်ပြထားပါသည်​။

၁၉၉၅ ခု ဇန်နဝါရီ်လ ၁၀ ရက်မှ ၁၅ ရက်နေ့အထိ အာရှတိုက်တွင် ပထမဦးဆုံးလူငယ်ပွဲ​တော်ကို ဖိလစ်ပိုင်နိုင်ငံမှ လက်ခံကျင်းပခဲ့ပါသည်။ ယင်းလူငယ်ပွဲေတော် ရဟန်းမင်းကြီး မစ္ဆားတရားတွင် ဖိလစ်ပိုင် နိုင်ငံသားဘာသာဝင် ငါးသန်းကျော် တက်ရောက်ခဲ့ကြောင်း ကမ္ဘာ လူငယ်ပွဲ​တော်ကျင်းပရေးမှတ်တမ်းတွင်ဖော်ပြထားပါသည်။

 

ကမ္ဘာလူငယ်များပွဲ​တော်တွင် ရဟန်းမင်းကြီးပါဝင်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုဖြစ်ပါသည်။ ပနားမားတွင်ပြုလုပ်မည့် ကမ္ဘာလူငယ်များပွဲ​တော်တွင် ထောင်တွင်းမှာရှိသော၊ HIV ရောဂါကူးစက်ခံနေရသော လူငယ်များကို ရဟန်းမင်းကြီး သွားရောက်ကြည့်ရှု့မည့် အစီစဉ်များ နှင့် နှစ် လေးရာ သက်တမ်းရှိ ပြန်လည်ပြုပြင်ထားသော ပနားမား ကာသီဒရယ် ဘုရားကျောင်းတော်ကြီး သို့သွားရောက်လည်ပတ်ခြင်း၊ ဆရာ​တော်ကြီးများနှင့်တွေ့ဆုံခြင်းပါဝင်ခြင်​း၊ ယင်း ကမ္ဘာလူငယ်များပွဲ​တော်တွင် လူထုနှင့် ခုနှစ်ကြိမ် စကားမြွက်ကြားခြင်း၊ မစ္တားတရား ၂ ကြိမ်ဦးဆောင်ဟောကြားခြင်း နှင့် အာပတ်ဖြေနား​ထောင်းခြင်းတို့ကို ဦးဆောင်ပြုလုပ်မည့် အစီစဉ်​​​များ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

 

https://www.vaticannews.va/en/church/news/2019-01/world-youth-day-2019-w...

#worldyouthday, #panama, #philipinoyouth, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

15 + 5 =