ဖန်ဆင်းခြင်း၏ ရာသီ ဆုတောင်းမေတ္တာ

=====

ဖန်ဆင်းခြင်း၏ ရာသီ ဆုတောင်းမေတ္တာ

======

အို အသက်တာ၏ ဖန်ဆင်းရှင် ကိုယ်တော်၏ နှုတ်တော်မြွတ်စကားအားဖြင့် ကမ္ဘာမြေသည် မျိုးစေ့ချပေးသောအပင်များ သီးနှံများစွာ သီးပွင့်ဝေဆာသော သစ်ပင်များကို ဖြစ်ထွန်းစေခဲ့သည်။ မြစ်ချောင်း အင်းအိုင်များ၊ တောင်းတန်းများ၊ ပင်လယ်သမုဒ္ဒရာနှင့် သစ်တောကြီးများသည် အသက်တာကို စောင့်ရှောက်ခဲ့ကြပေသည်။

ဝေနေယျ သတ္တဝါအပေါင်းတို့၏ လိုအင် ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန် အားလုံးတို့၏ မျက်လုံးအစုံတို့သည် ကိုယ်တော်ရှင်အား မျှော်ကြည့်ကြပါသည်။ ကမ္ဘာ မြေကြီးသည်လည်း ကာလ အဆက်ဆက် အသက်တာကို ထိန်းသိမ်း စောင့်ရှောက်ခဲ့သည်။ ဂြိုလ်နက္ခတို့၏ သံသရာစက်ဝန်း၌ နေ့ရက်နှင့် ရာသီ၊ ဖွံ့ဖြိုးတိုးတက်ခြင်း နှင့် ဆန်းသစ်ခြင်း တို့ဖြင့် ဖန်ဆင်းခံ တပည့်တော်တို့၏ လိုအပ်သော အစားအစာတို့ကို ကိုယ်တော်ရှင်၏ ရွှေလက်တော်ဖြင့် အချိန်မှန် ပေးဝေတော်မူခဲ့သည်။

ကိုယ်တော်ရှင်၏ ရွှေဉာဏ်တော်ဖြင့် ဥပုသ်နေ့ကို စီရင်တော်မူခဲ့သည်။ ကိုယ်တော်ရှင် စွန့်ကြဲတော်မူသမျှတို့အတွက် ကျေးဇူးတင်ဆပ်ခြင်းဖြင့် နားနေနိုင်ရန် မွန်မြတ်သောအချိန်၊ တပည့်တော်တို့အား အဆက်မပြတ်သော သုံးဖြုန်းခြင်း ဝဲဂယက်မှ လွတ်မြောက်စေသောအချိန်၊ ကမ္ဘာမြေကြီးနှင့် သတ္တလောကအား ထုတ်လုပ်ခြင်းဝန်ထုပ်ဝန်ပိုးမှ အနား ယူစေသောအချိန် ဖြစ်စေတော်မူခဲ့သည်။

သို့သော် မျက်မှောက် အချိန်တွင် တပည့်တော်၏ နေထိုင်ခြင်းသည် တတ်နိုင်သည်ထက် ပိုထုတ်လုပ်ပေးရန် ကမ္ဘာမြေကို ဖိအားပေးလျက်ရှိပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပည့်တော်တို့၏ တောင်းဆိုမှုများ၊ အဆုံးမဲ့သော ထုတ်လုပ်ခြင်းနှင့် စားသုံးခြင်းဝဲဂယက်တို့သည် ကမ္ဘာမြေကို ချိနဲ့စေခဲ့ကြပါသည်။ သစ်တောတို့ ပြုန်းတီးခဲ့ပါပြီ၊ မြေဆီမြေလွှာသည်လည်း မျောပါသွားလေပြီ၊ စိုက်ခင်းတို့သည်လည်း ယိုယွင်းပါပြီ၊ ကန္တာရသည် ပိုမိုကျယ်ဝန်းလာပါသည်၊ ပင်လယ်ရေတို့သည် အက်ဆစ်ဖြစ်ကုန်ပါပြီ၊ မုန်တိုင်းတို့သည် ပိုမိုအားကောင်းလာပါသည်။ တပည့်တော်တို့သည် ကမ္ဘာမြေအား ဥပုသ်စောင့်ခွင့် မပေးခဲ့ကြပါ။ ကမ္ဘာမြေကြီးသည် ဆန်းသစ်နိုင်ရေးအတွက် ရုန်းကန်လျက်ရှိပါသည်။

ဤဖန်းဆင်းခြင်း၏ ရာသီအချိန်အတွင်း တပည့်တော်တို့၏ ကမ္ဘာမြေအား ဥပုသ်စောင့်ခွင့်ပေးနိုင်သည့် ခွန်အားသတ္တိကို ပေးသနားတော်မူပါရန် တောင်းခံကြပါသည်။ ကိုယ်တော်ရှင်၏ ထိန်းသိမ်းစောင့်ရှောက်ခြင်း၌ အားကိုးယုံကြည်ခြင်းဖြင့် တပည့်တော်တို့အား ခိုင်မာစေတော်မူပါ။ တပည့်တော်တို့ခံယူရရှိသမျှတို့ကို ဝေမျှတတ်ရန် အလင်းပေးတော်မူပါ၊ လုံလောက်ခြင်း၌ ကျေနပ်တတ်ရန် သွန်သင်တော်မူပါ၊ ကမ္ဘာမြေအတွက် ဂျူဘီလီ အချိန်အခါကို တပည့်တော်တို့သည် ကြွေးကြော်နေကြစဉ် ဖန်ဆင်းခြင်း၏ မျက်နှာကို ပြုပြင်ဆန်းသစ်တော်မူရန် ကိုယ်တော်ရှင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်တော်မူပါ။

ဖန်ဆင်းခံ အရာသတ္တဝါ အားလုံးတို့အား သတင်းကောင်းကို ဟောပြောရန် ကြွလာတော်မူသော ယေဇူးခရစ္ဆတူးသခင်၏ နာမတော်မြတ်၌ တောင်းလျှောက်ကြပါသည် ဘုရား။အာမင်။

ဖန်ဆင်းခြင်း၏ ရာသီ |၂၀၂၀|

(စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၄ ရက်အထိ)

Crd #CBCM

#RC_ဝိညာဥ်အာဟာရ

Add new comment

1 + 2 =