ဖန်ဆင်းခြင်းအတွက် ဆုတောင်းခြင်း

ဖန်ဆင်းခြင်းအတွက် ဆုတောင်းခြင်း

ဖန်ဆင်းခြင်းအတွက် ဆုတောင်းခြင်း

စက်တင်ဘာလ (၁)ရက်နေ့မှာ ဖန်ဆင်းခြင်းအတွက် ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ကနေ တောင်းဆို ခဲ့ပါတယ်။ ဘုရားသခင်ကို ယုံကြည်သူရော မယုံကြည်သူများပါ ကမ္ဘာမြေကြီးဟာ ကျွန်ုပ်တို့ရဲ့ ဘုံအမွေအနှစ် တစ်ခုဖြစ်ပြီး အဲဒီကနေ ရရှိတဲ့ အသီးအပွင့်တွေကို လူတိုင်း အကျိုးခံစားရ သင့်တယ်လို့ သဘောတူ ကြပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ဘာတွေဖြစ်ပျက် နေတာလဲ။ ဆင်းရဲ မွဲတေမှုနဲ့ နုနယ်တဲ့ ဂြိုလ်တို့အကြား ဆက်နွယ်မှုဟာ နေထိုင်နည်း အသစ်ရဖို့ ချင့်ချိန်နေဆဲနဲ့ စီးပွားရေးမှာ တခြား စီမံချက်နည်းလမ်း လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့အားလုံးကို ညီညွှတ်စေတဲ့ ပြောင်းလဲမှု လိုအပ်ပါတယ်။ များများထုတ် များများသုံးဝါဒ (consumerism) ရဲ့ကျွန် အဖြစ်ကနေ လွတ်မြောက်ဖို့ လိုအပ်ပါတယ်။ ဒီလမှာ ကျွန်ုပ်အထူးတောင်းဆိုချင်တာကတော့ အလကားလက်ဆောင်ရထားတဲ့ ဖန်ဆင်းခြင်းကို ကျွန်ုပ်တို့ ကောင်းကောင်း ဂရုစိုက်ပြုစုပေးပြီး အနာဂတ် မျိုးဆက်တွေအတွက် ကာကွယ် စောင့်ရှောက်မှုနဲ့ ပျိုးထောင်မှုတွေ လုပ်ဆောင် ကြပါ။

ကျွန်ုပ်တို့ရဲ့ ဘုံအိမ်ကြီးကို ဂရုစိုက်ကြပါ။

Caring for our common home!

*(လူသားတိုင်းက ဘုရားသခင် ဖန်ဆင်းထားတဲ့ ကျွန်ုပ်တို့ရဲ့ ဘုံအိမ် ကမ္ဘာကြီးအတွက် ဆုတောင်းပေးရင်း ဂရုစိုက် စောင့်ရှောက် လာကြဖို့ သတင်းကောင်း ဖြန့်ဝေ ကြပါစို့)

Ref: Laudato Si' Movement (Youtube)

✍️-Thang Ha, SJ

Add new comment

6 + 1 =