ပြောဆိုဆက်သွယ်ခြင်းကို အခြေခံပြီး မိမိပတ်ဝန်းကျင်ရှိ ညီကိုယ်မောင်နှမများကို ချစ်ကြပါ

ရဟန်းမင်းကြီးဆိုင်ရာ သမ္မာကျမ်စာ အဖွဲ့အစည်းတည်ထောင်ခြင်း နှစ် ၁၁၀ ပြည့် အခန်းအနားတွင် အဖွဲ့ဝင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံ

ပြောဆိုဆက်သွယ်ခြင်းကို အခြေခံပြီး မိမိပတ်ဝန်းကျင်ရှိ ညီကိုယ်မောင်နှမများကို ချစ်ကြပါ
မေလ ၉၊ ၂၀၁၉

ရဟန်းမင်းကြီးဆိုင်ရာ သမ္မာကျမ်စာ အဖွဲ့အစည်းတည်ထောင်ခြင်း နှစ် ၁၁၀ ပြည့် အခန်းအနားတွင် အဖွဲ့ဝင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်။ ယင်းအဖွဲ့အစည်းသည် နိုင်ငံတကာ သမ္မာကျမ်စာ ညီလာခံကို (သခင်ယေဇူးနှင့် ဖာရီဇေဦးများ ၊ ပညာရပ်နယ်ပယ်တစ်ခုထက်ပိုသော ပြန်လည်သုံးသပ်ခြင်း) ဟူသော ခေါင်းစဉ်ဖြင့် ကျင်ပနေပါသည်။ ဖာရီဇေဦးများ ၏ အရင်းအမြစ်၊ သူတို့ သင်ကြားသောအရာများ၊ သူတို့ကျင်ြ့ကသောအရာများကို ကျွနုပ်တို့ ပိုမိုသိရှိဖို့လိုအပ်ကြောင်း၊ ရှင်ယောဟန် ခရစ်ဝင်ကျမ်း မှာ သခင်ခရစ်တော် ဂျူးလူမျိုးများ၏ ခေါင်းဆောင်တွေထည်းက တစ်ယောက်ဖြစ်သော နီကောဒီးမူစ် ဟုခေါ်သော ဖာရီဇေဦး နှင့်တွေ့ဆုံခဲ့တယ် သူကို သခင်ခရစ်တော်က (ဘုရားသခင်သည် ကမ္ဘာလောကကို ချစ်မြတ်နိုးတော်မူသောကြောင့် သူ၏ တစ်ပါးတည်းသော သားတော်ကို ပေးအပ်ခဲ့တယ်၊ သူကိုယုံကြည်သောသူသည် ပျက်စီခြင်းသို့မရောက်ရ ထာဝရအသက်ကို ရလိမ့်မည်)ဟု ရှင်းပြခဲ့တယ်၊ ဒါကြောင့် နီကောဒီးမူစ် သခင်ခရစ်တော်ဖက်က ကာကွယ်ပြောဆိုပေးခဲ့တယ်၊ သခင်ခရစ်တော် မြုပ်နှံသဂြိုလ် တဲ့ အချိန်မှာလည်း သူရှိနေခဲ့တယ် ဒါကြောင့် ဖာရီဇေဦး များကို မိမိတို့ အမြင် မိမိတို့ ယုံကြည်ထားသည့် ပုံစံအတိုင် မသတ်မှတ်ကြဖို့ ရှင်းယောဟန် ခရစ်ဝင်ကျမ်း ကို ထောက်ရှုပြီး သမ္မာကျမ်းစာ အဖွဲ့အစည်းကို ပြောကြားခဲ့ပါသည်။

ဖာရီဇေဦးများ၏ ထုံးတန်းအစဉ်အလာကို လိုက်နာခဲ့သော နှစ်ရာစုနှစ်က အထင်ကြီးလေးစားရသည့် Rabbi Aqiba ကိုအကြောင်း ပြေားကြားရင် တိုရ (Torah) သမ္မာကျမ်းစာ ဥပဒေတွင် ကိုယ်နှင့်နီးစပ်သောသူကို မိမိကိုယ်ကိုယ်ချစ်သကဲ့သို့ ချစ်ပါ ဟူသော ပညာတ်ချက်သည် အဓိကပညာတ်ချက်ဖြစ်ကြောင်း၊ ဒီ အချက်သည် သခင်ခရစ်တော် နှင့် ဖာရီဇေဦးများအကြား ဆက်နွယ်မှုကို ရှင်းပြခဲ့ပါသည်။ ဒါကြောင့် ခရစ်ယာန်များနှင့် ဂျူးများအကြား ပြောဆိုဆွေးနွေးခြင်းသည် အရေးကြီးသော အချက်ဖြစ်ကြောင်း၊ ကိုယ်နှင့်နီးစပ်သောသူကိုချစ်ရန် သူတို့အကြောင်းကို လေ့လာသိရှိဖို့လိုတယ်ဒါမှ ရှေးရိုးစွဲးအမှားတွေကို ကျော်လွှာနိုင်ပြီး ချစ်ခင်ရင်းနှီးမှုကို တည်ဆောက်လို့ရမယ်။ ဒါကြောင့် သင်တို့ပြုလုပ်နေသော ညီလာခံတွင် ဖာရီဇေဦးများ အကြောင်း၊ သူတို့၏ သင်ကြားပေးသောအရာများ၊ ထုံးတန်းအစဉ်အလာများကို သေခြာလေ့လာဖို့လိုအပ်ကြောင်း ယင်းနည်းလမ်းအားဖြင့် ခရစ်ယာန်များနှင့်ဂျူးများအကြား ညီကိုယ်မောင်နှ ကဲ့သို့ ပြောဆိုဆွေးနွေးခြင်း၌ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်လိမ့်မည်ဟု ပြေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-to-biblical-institu...

#pope, #biblicalinstitute, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

16 + 1 =