Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ် ဖရန်စစ် Casa Santa Marta ဘုရားကျောင်းမှာ စနေနေ့မစ္ဆားတရား တော်မှာ ဆုတောင်း
ပုပ် ဖရန်စစ် Casa SantaMarta ဘုရားကျောင်းမှာ စနေနေ့မစ္ဆားတရား တော်မှာ ဆုတောင်း
ပုပ် ဖရန်စစ်က စနေနေ့မစ္ဆားတရားတော်မှာ Covid-19နဲ့ ရုန်းကန်နေရတဲ့ ကာလမှာ မိမိလူတွေကို ဂရုစိုက်ခဲ့ကြတဲ့ အုပ်ချုပ်သူခေါင်းဆောင်တွေ၊ ပြည်နယ်အသီးသီးမှခေါင်း ဆောင်တွေ၊ ဥပဒေပြဋ္ဌန်းတဲ့ အရာရှိအမတ်တွေ၊ မြို့တော်ဝင်တွေနှင့် ဒေသခံခေါင်းဆောင်အသီးသီးတွေ အတွက် Casa SantaMarta ဘုရားကျောင်းမှာ ဆုတောင်းပေးခဲ့ပါတယ်၊။ ပုပ်ရဟန်းမင်းကြီးက " ဘုရားရှင်သည် သူတို့တာဝန် ခက်ခဲလွန်းသောကြောင့် သူတို့အား ခွန်အားပေးသနား၍ ကူညီမစပါမည့်အကြောင်း၊ ခေါင်းဆောင်းများကြားအငြင်းပွားမှုများဖြစ်ခဲ့ပါမူ၊ ဒုက္ခအန္တယ်များကျရောက်ချိန်တွင် စည်းလုံးညီညွတ်ခြင်းကသာလျှင် သဘောထားကွဲလွဲမှုများကို ကျော်လွားနိုင်ကြောင်း သိရှိနားလည်နိုင်ကြပါမည့်အကြောင်း" ဆုတောင်းပေးခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက ၄င်းရဲ့ ဩဝါဒထဲမှာ ပထမကျမ်းစာနဲ့ ဧဝံဂေလိကျမ်းကို ဖော်ပြထားပါတယ်။ အသင်းတော်နှင့် ကျွန်ုပ်တို့အားလုံး စိတ်ငြိမ်အေးချမ်းတဲ့ အချိန်နှင့် ကပ်ဘေးဆိုက်ရောက်နေတဲ့ အန္တရာယ်ဒုက္ခနှင့် ကြုံရချိန်နှစ်ခုလုံးကို ကျွန်ုပ်တို့ဘဝ၌ ရှင်သန်ရတဲ့အကြောင်းကို ထောက်ရှုခဲ့ပါတယ်။ ပထမကျမ်းစာထဲက (တမန်တော် ၉: ၃၁-၄၂) ထဲမှာ ရှေးကနဦးအသင်းတော်က အေးချမ်း ငြိမ်သက်စွာရှိ နေခဲ့ကြောင်း စိန့်ဂျွန်ဧဝံဂေလိကျမ်း(၆း၃၁-၄၂) ထဲမှာတော့ တပည့်တော်တွေက သခင်ခရစ်တော်နောက်မလိုက်ကြဖို့ ဆုံးဖြတ်ကြတဲ့အခါ ကြုံရတဲ့ ဒုက္ခအခက်ခဲကို ဖော်ပြထားပါတယ်။
အသင်းတော်သည် ငြိ မ်းချမ်းသာယာ လျက်ရှိခဲ့၏
ပုပ်ရဟန်းမင်းကြီးက သူ့ဩဝါဒကို ပထမကျမ်းစာထဲက စာသားနှင့်စတင်ဟောကြားခဲ့ပါတယ်။ "အသင်းတော်သည် ငြိမ်သက်အေးချမ်းလျက်ရှိ၏။ သန်ရှင်းသောဝိညာဉ်တော်၏ နှစ်သိမ့်ခြင်းကို ခံစားလျက် ဘုရားသခင်အားကြောက်ရွံ့ရိုသေခြင်းနှင့် ကျင်လည်၍ တည်ဆောက်တိုးပွားလျက်ရှိ၏။
ကပ်ဘေးဆိုက်ခြင်းဒုက္ခအန္တရယ်သည် မလွဲဧကန်ရှိ၏
ပုပ်ရဟန်းမင်းကြီးအရှင်မြတ်က လူ့ဘဝဟာ ငြိမ်းချမ်းသာယာသောအချိန်နှင့်ပြည့်ရုံ သာမက ဒုက္ခအန္တရယ်တွေနဲ့လည်း ပြည့်နေတယ်လို့ ဆက်ပြောပါ တယ်။ ကနေ့ ဧဝံဂေလိကျမ်းစာတော်ထဲမှာ တပည့်တော်တွေ တရားဒေသနာဟောကြားတဲ့အချိန်ကြုံရတဲ့ ဒုက္ခကြောင့်မို့ သူတို့ ဘယ်လို တုံပြန်ကြသလဲဆိုတာ ဖော်ပြထားပါတယ်။ သခင်ခရစ်တော်က သူ့သွေးကိုသောက်၊ သူ့အသားကိုစားသူတွေ ထာဝရအသက်ရှင်မည်ဖြစ်ကြောင်း တပည့်တော်တွေကို ပြောပြခဲ့ပါတယ်။
ရွေးချယ်ရမဲ့အချိန်
ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က " ဒီအချိန်က ကျွန်ုပ်တို့ ရွေးချယ်ဖို့လိုအပ်နေတဲ့ အရေးကြီးတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်အခါသမယပါပဲ သခင်ခရစ်တော်က တကယ်လို့ သူ့ရဲ့တပည့်တော်တွေလဲ သူ့ကို ထားခဲ့ချင်တယ်ဆိုရင် တပည့်တော် (၁၂) ပါးကို ရွေးချယ်ဖို့ ဆုံးဖြတ်ရတဲ့အချိန်။ ဒီအချက်က ပီတာကိုနှိုးစွပေးပြီး "အို သခင် အဘယ်သူထံ ကျွန်ုပ်တို့သွားရမည်နည်း။ ကိုယ်တော်၌သာထာဝရအသက်ရှိ၏။ ကိုယ်တော်သည် ထာဝရဘုရား၏ သားတော်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ယုံကြည်ပါသည်" လို့ ကြေငြာစေခဲ့ပါတယ်။ ပီတာက သခင်ခရစ်တော် ပြောသမျှ ဘာကိုဆိုလိုသလဲဆိုတာ အကုန်မသိခဲ့ပါဘူး။ ဒါပေမဲ့ ပီတာက သခင်ခရစ်တော်ကို ယုံကြည်ခဲ့တယ်။
ဒုက္ခအန္တရာယ် တွေအကြားဘယ်လိုရှင်သန်ရမလဲ
ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က နိုက်ဂျီးရီးယားမှာ သုံးခဲ့တဲ့ စာသားလေးနဲ့ ယုံကြည်ခြင်းဖြင့် ဒီဒုက္ခအန္တရယ်တွေကြားမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာ မြွက်ကြားခဲ့ပါတယ်။ "မြင်းပေါ်ထိုင်းပြီး မြစ်ကြီးကို ဖြတ်မယ်ဆိုရင် မြစ်အလယ်ရောက်မှ မြင်းမပြောင်းပါနဲ့။" သခင်ခရစ်တော်ထံကနေထွက်သွားမယ်လို့ ဆုံးဖြတ်တဲ့သူတွေက မြစ်အလယ်မှာ မြင်းပြောင်းစီးမဲ့အစား ယခုဖြစ်နေတဲ့ အန္တရာယ်ဒုက္ခ ကြားမှာ လိုအပ်တဲ့ ကြိုးစားအားထုတ်မှုကို စိတ်အေးအေးထားပြီး ကျွန်ုပ်တို့ရဲ့ခံယူချက်နှင့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာထားကြပါ။ ဒီအချိန်ဟာ ဘုရားသခင်အပေါ်မှာသစ္စာရှိရှိနေရမဲ့အချိန်ဖြစ်တယ်၊ ဒီအချိန်ဟာ ဘုရားက သစ္စာရှိတဲ့အချိန်ဖြစ်တယ်။ အန္တရယ်ဒုက္ခနဲ့ကြုံရတဲ့အချိန်ဆိုတာ သစ္စာရှိရှိနဲ့နေဖို့ ရန် အတွက် ပြောင်းလဲဖို့ ခေါ်တော်မူခြင်းဖြစ်တယ်။ ဒီအချိန်ဟာပြောင်းလဲရမဲ့ကာလ အကောင်းဘက်ကနေ ဝေးကွာသွားခြင်းမဟုတ်ပဲ၊ ပိုမိုကောင်းမြတ်ဖို့အတွက် ပြောင်းလဲရန် လှုံ့ဆော်ခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းသာယာခြင်းနှင့် အန္တရယ်ဒုက္ခကို ကိုင်တွယ်ခြင်း
ကျွန်ုပ်တို့ခရစ်ယာန်တွေ၊ ငြိမ်းချမ်းသာယာသောအချိန် နှင့် အန္တရာယ်ဒုက္ခရောက်သောကာလကို ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ပြီးကိုင်တွယ်ရမလဲဆိုတာ သိသင့်ပါတယ်၊။ ဝိညာဉ်ရေးလမ်းညွန်စာရေးဆရာတွေက ယုံကြည်ခြင်းကြားက အန္တရာယ်ဒုက္ခ ရင်ဆိုင်ခြင်းကို ဘယ်လိုရေးသားထားသလဲ? "ခိုင်မာသန်မာဖို့အတွက် မီးတောက်များကြားဖြတ်ကျော်ခြင်း"လို့ တင်စားကြပါတယ်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ရဲ့ ဆုတောင်းခြင်းက "ဘုရားရှင်က သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ပြီး အန္တရာ၁၁၁ယ်ဒုက္ခကြုံရတဲ့အချိန်မှာ စုံစမ်းနှောင်ယှက်ခြင်းကို ကျော်လွန်ပြီး မျှော်လင့်ခြင်းနှင့် ဘယ်လိုသစ္စာရှိရမလဲဆိုတာ နားလည်ရန်၊ ထိုမှ ငြိမ်းချမ်းသာယာခြင်းသည် လိုက်လာမည်ဖြစ်ကြောင်း၊ ဒုက္ခရောက်နေသည့်အချိန်တွင် ဘုရားရှင်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို မစွန့်လွတ်ရအောင် ခွန်အားကျေးဇူးကို ပေးသနားတော်မူပါမည့်အကြောင်း" ဆုတောင်းခဲ့ပါတယ်။
ဘာသာပြန်
Sr. Lucy Lal Nai Ciang,SJA
Add new comment