ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုသည့်နေရာ ၌ သန့်ရှင်းသော "အိမ် ထောင်စု" အကြာင်းကို ထောက်ရှုခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုသည့်နေရာ ၌ သန့်ရှင်းသော "အိမ် ထောင်စု" အကြာင်းကို ထောက်ရှုခဲ့ပါသည်။

ထိုနေရာမှ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ယေဇူး၊ မာရီယား နှင့် သံဇူဇယ်တို့၏ သန့် ရှင်းသော အိမ်ထောင်စုအ ကြောင်းကို ထောက်ရှုနေစဉ် တမန်တော်များနှင့် သက် ဆိုင်ရာ တိုက်တွန်နှိုးဆော်ချက် “ချစ်ခြင်းမေတ္တာ၏ ဝမ်းမြောက်ခြင်း (Amoris laetitia)" ၏ အကြောင်း အရာများကို နက်နက်ရှိုင်းရှိုင်းလေ့လာရန်နှစ်ကို ကြေငြာခဲ့သည်။

တနင်္ဂနွေနေ့၌ကျင်းပသော သန့်ရှင်းသော အိမ်ထောင်စုပွဲသည် ကျွန်ုပ်တို့အား "ဘုရား ၏သားတော်သည် ကလေးများကဲ့သို့ မိသားစု၏နွေထွေး မှုကို အလိုရှိသည့် အချက်" ကို ထောက်ရှုသုံးသပ်ရန် ဖိတ်ခေါ်သည်။ ထို့ကြောင့် ယေဇူး၊ မာရီယား နှင့် သံဇူဇယ်တို့၏ သန့်ရှင်းသော အိမ်ထောင်စုသည် ကမ္ဘာပေါ်ရှိ မိသားစုများအတွက် အတုယူစရာ စံပြုစရာဖြစ်သည်။

"မိသားစုများသည် ဝမ်း မြောက်ခြင်းကို လမ်းကိုဖွင့်ပေးသည်။' နာဇရက် မြို့၏ မိသားစုဘဝသည် ဝမ်းမြောက်စရာကောင်းလှသည်။

သူငယ်တော်ယေဇူးသည် မယ် တော်၏ အမေ့ချစ်မေတ္တာနှင့် အဖဘုရားရှင်၏ နူးညံ့သိမ်မွေ့မှုကို တွေ့မြင်ခံစားစေသော သံဇူဇယ်၏ ဂရုစိုက်မှုတို့ဖြင့် ဝန်းရံလျက်ရှိသည်။

ဤနှစ်သည် မိသားစု၏ချစ်ခြင်းမေတ္တာကို သက်သေခံရ သော အထူးနှစ်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က " ကျွန်ုပ်တို့သည်လည်း မိသားစု ယူနစ်၏ တန်ဖိုးကို ပြန်လည်တွေ့ရှိရန် ဖိတ်ခေါ်ထားသည်။

မိသားစုဟူသည် ခင်မင်ရင်းနှီးမှုကို ထုတ်လွှတ်ပေး၍ မျှော် လင့်ခြင်းကို ဖွင့်ပေးသော၊ ချစ်ခြင်းမေတ္တာ၌ တည်ဆောက်ထားရသည်။" ပုပ်ရဟန်း မင်းကြီးအရှင်သူမြတ်သည် မိသားစုများ၌ ဆုတောင်းခြင်း၊ ချစ်ခြင်းမေတ္တာ၊ ခွင့် လွှတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း နှင့် ဘုရားရှင်၏ အလိုတော်ကို ထိန်းသိမ်းလိုက်နာမှုတို့၏ အရေးကြီးပုံကို လေးလေးနက်နက် ပြောကြားခဲ့ပြီး ထိုနည်းဖြင့် မိသားစုများသည် ဘုရား ရှင်ပေးသော ဝမ်းမြောက်ခြင်းကို ခံစားကြရမည် ဖြစ် ကြောင်းမြွက်ကြားခဲ့သည်။

ပျော်ရွှင်သော မိသားစုသည် ဖော်ရွေသည်။ ထိုမိသားစုသည် သူတို့၏ နေ့စဉ်ဘဝအသက်တာပုံဥပမာများအား ဖြင့် ဝိညာဉ်ခွန်အားကို ကမ္ဘာ့အပြင်ဘက်သို့၊ အခြားသူများထံသို့၊ ညီအစ်ကိုမောင်နှမများအစေခံရာ‌စေသို့၊ အမြဲသစ် လွင်၍ ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်ရာတွင် ပါဝင်ပူးပေါင်းလုပ် ဆောင်ရာဆီသို့ လမ်းဖွင့်ပေးရန် နည်းလမ်းရှာဖွေတွေ့ ရှိသည်။

"အရေးကြီးသော စကားသုံးခွန်း"

" မိသားစုတိုင်း၌ ပြဿနာပေါင်းစုံရှိသည်။ တဆက်တည်းမှာပင် ကျွန်ုပ်တို့သည် အားနည်းချက်ကိုယ်စီရှိသည်ဖြစ်၍ မိသားစုအတွင်း၌ ခိုက် ရန်ဖြစ်ပွားကြသည်။ တစ်ခုအကြံပြုလိုသည်မှာ မိသားစုများ၌ ခိုက်ရန်ဖြစ်ပွားလျင် ကြေအေးခြင်းမပြုပဲ နေ့ရက်ကို မကုန်လွန်ပါစေနဲ့။" ဟူ၍ မိသားစု၌ တွေ့ကြုံရသော ပြဿနာကို သတိပြုမိသဖြင့် အရှင်သူမြတ်ကမိန့်မှာခဲ့သည်။

နောက်တဖန် မိသားစုတိုင်း၌ သုံးသင့်သော "Please! ကျေးဇူးပြု၍၊ Thank you! ကျေးဇူးတင်ပါတယ်နှင့် Sorry! ဝမ်းနည်းပါတယ်။" ဟူသော စကားသုံးခွန်းကို မှာကြားခဲ့သည်။ အကယ်၍ ဤစကားသုံးခွန်းသည် မိ သားစု၌ ကျင့်သုံးလျှင် မိသား စုသည် ကောင်းမွန်သော ပုံ သက်သေဖြစ်လာပါမည်။

"ချစ်ခြင်းမေတ္တာ၏ ဝမ်း မြောက်ခြင်း" ကိုထောက်ရှုသော နှစ်တွင် "မိသားစုနှင့်အတူ သာသနာပြုခြင်း" ဟူ သော ခေါင်းစဉ်သို့ ပြန်လှည့်၍ ဤပွဲတော်နေ့သည် လွန်ခဲ့သည့် ၂၀၁၆ က စိန့် ဂျိုးဇက် ၏ ပွဲနေ့မြတ်၌ တမန်တော်များနှင့် သက်ဆိုင်ရာ တိုက်တွန်နှိုးဆော်ချက်တွင် ထုတ်ပြန်ကြေငြာခဲ့သည့် “ချစ်ခြင်းမေတ္တာ၏ ဝမ်းမြောက်ခြင်း (Amoris laetitia)" ကို အ လေးအနက်ထားသည့်အတိုင်း ကျွန်ုပ်တို့အား အိမ်ထောင်ရေးနှင့် မိသားစုချစ်ခြင်းမေတ္တာ၏ အကောင်းဆုံးစံနမူနာကို အ တု ယူကြရန် နှိုးဆော်နေ သည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ယခုနှစ်၏ ခရီးစဉ်ကို "Amoris Laetitia Family” ဟူသော မိသားစုချစ်ခြင်းမေတ္တာ၏ ဝမ်း မြောက်ခြင်းမှ "နာဇရက်မြို့မှ သန့်ရှင်းသော အိမ်ထောင်စု" ထံသို့၊ အထူးသဖြင့်ဖြူစင်ရိုးသားသောခင်ပွန်းနှင့် ဖခင်ဖြစ်သော သံဇူဇယ် ထံအပ်နှံရန်လည်း မိန့်ကြားခဲ့သည်။

အန်ဂျေလူး မေတ္တာဆိုပြီးနောက် ဗာတီကန်ရုံးတော် သည် နောင်လာမည့် နှစ်၊ စိန့် ဂျိုးဇက် ‌ပွဲတော်နေ့ကြီး ( ၂၀၂၁ ခုနှစ်၊ မတ်လ၊ ၁၉ရက်‌နေ့) ကို မိသားစုချစ်ခြင်းမေတ္တာဝမ်းမြောက်ခြင်း" အဖြစ် အပ်နှံမည်ဖြစ်၍ ၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ရောမမြို့၌ကျင်းပပြုလုပ်မည့် ဒသ မ ကြိမ်မြောက် မိသားစုများတွေ့ဆုံခြင်း ဖြင့် အဆုံး သတ်မည်ဖြစ်ကြောင်းအတည် ပြုခဲ့သည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3hCtAZR

Add new comment

3 + 3 =