ပုပ်ရဟန်းမင်းကြီး: ဘုရားကျောင်းနှင့် ကမ္ဘာကြီးသည် မယ်‌တော်သခင်မ၏ မိခင်ဘဝနှင့် အမျိုးသမီးဘဝကို လိုအပ်‌နေသည်။

ပုပ်ရဟန်းမင်းကြီး: ဘုရားကျောင်းနှင့် ကမ္ဘာကြီးသည် မယ်‌တော်သခင်မ၏ မိခင်ဘဝနှင့် အမျိုးသမီးဘဝကို လိုအပ်‌နေသည်။

ပုပ်ရဟန်းမင်းကြီး: ဘုရားကျောင်းနှင့် ကမ္ဘာကြီးသည် မယ်‌တော်သခင်မ၏ မိခင်ဘဝနှင့် အမျိုးသမီးဘဝကို လိုအပ်‌နေသည်။

စနေနေ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ရောမမြို့ရှိ Pontifical Theological Faculty "Marianum" ကျောင်းမှ ကျောင်းသားများနှင့် ၀န်ထမ်းများကို တွေ့ဆုံခဲ့ပြီး သူတို့နှင့်အတူ မယ်ရီ၏ မိခင်ဘဝနှင့် မိန်းမဘဝကို ထောက်ရှုခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အရှင်သူမြတ်၏ မြွက်ကြားချက်အရ မယ်‌တော်သခင်မသည် မိခင်နှင့် အမျိုးသမီးတို့၏ စံပြပုဂ္ဂိုလ် ဖြစ်သည်။ သူမ၏ကျောင်းသည် ယုံကြည်ခြင်းနှင့် အသက်တာတစ်ခုဖြစ်၍ သူမသည် လူ့ဘဝနှင့် ခရစ်ယာန်ဘ၀၏ အက္ခရာများကို ကောင်းစွာသင်ကြားပေးသည်။ ပုပ်ရဟန်းမင်းကြီးက ရောမမြို့ရှိ "(ဆာဗိုက်အသင်းဂိုဏ်း) မယ်တော်၏ စေတမန်များ အသင်းဂိုဏ်း"မှ ဖွင့်လှစ်သည့် "Pontifical Theological Faculty "Marianum"" ကျောင်းမှ အယောက် ၂၀၀ ခန့်ရှိသော ကျောင်းသားအချို့နှင့် ပါမောက္ခများကို မှတ်ချက်ပေးခဲ့သည်။

မယ်တော်၏အကြောင်းကို အထူးပြုသင်ကြားပေးသော ဘာသာရပ်ကို အထူးပြုသည့် ဤဂုဏ်သိက္ခာရှိသော ကျောင်းကြီးသည် လူသိများသော (Marianum) ဟုခေါ်သော မယ်တော်၏ အကြောင်းကို လေ့လာသည့် ပညာရပ်ဂျာနယ်ကို ထုတ်ဝေနိုင်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက သူမ၏ နက်နဲဖွယ်ရာနှလုံးသားထဲသို့ သွားရောက်ကြမည်ဆိုလျှင်ဖြင့် အံ့ဩစရာကောင်းသော သူမ၏ မိခင်ဘဝနှင့် အမျိုးသမီးဘဝကို ကျွန်ုပ်တို့ တွေ့ရှိနိုင်ပါသည်။ "ဧလိဇဘက် (Elizabeth)" သည် သူမကို “သခင်ဘုရား၏ မယ်‌တော်” အဖြစ် အသိအမှတ်ပြုခဲ့သည်။ သခင်ယေဇူးသည် ကျွန်ုပ်တို့အား မိခင်များထဲမှ အကောင်းဆုံး‌သော မိခင်များနှင့်အတူ သက်ရှင်နေထိုင်ရန် အလိုရှိကြောင်း ရဟန်းမင်းကြီး အရှင်သူမြတ်မှ မိန့်ကြားခဲ့ပါသည်။

"မယ်တော်၏ မိခင်ဘဝသည် အသိုင်းအဝိုင်းကို တည်ဆောက်သည်။"

ပုပ်ရဟန်းမင်းကြီးက “ကျွန်ုပ်တို့၏ မယ်တော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့၏ အစ်ကိုဖြစ်‌စေ၍၊ မိခင်တစ်ဦးအနေဖြင့် ဘုရားကျောင်းနှင့် ကမ္ဘာကြီးကို ညီအစ်ကိုအရင်းပမာ ဖန်တီးပေးသည်။ အသင်းတော်သည် စည်းလုံးခြင်းအတွက် ရိုက်ခတ်နေသော သူမ၏ မိခင်နှလုံးသားကို ပြန်လည်ရှာဖွေရန် လိုအပ်သည်။ သို့သော် မယ်တော်သည် ကျွန်ုပ်တို့၏ ကမ္ဘာကြီးအား ကလေးများအားလုံး၏ အိမ်အဖြစ် တဖန် ဖြစ်လာရန် အလိုရှိသည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်သည် သူ၏ နောက်ဆုံးစွယ်စုံကျမ်းဖြစ်သည့် (Fratelli tutti) ကို ကိုးကား၍ မယ်တော်သခင်မက ကျွန်ုပ်တို့အားလုံးသည် ညီအစ်ကို၊ မောင်နှမများ ဖြစ်၍ ကျွန်ုပ်တို့၏ လူ့အဖွဲ့အစည်းမှ စွန့်ပစ်ခံရ‌သော သူများအတွက် နေရာရှိသည့် ကမ္ဘာသစ်တစ်ခုကိုမွေးဖွားရန် အလိုရှိသည်။” ဟု မိန့်ကြားခဲ့သည်။ (နံပါတ် ၂၇၈) "လက်ဆောင်၊ စောင့်ရှောက်မှုနှင့် ဝေမျှခြင်းသည်သာ လူ့ဘဝ၏ မိသားစုကို စည်းလုံးစေသောကြောင့်၊ လူ့အသက်ကို နူးညံ့သိမ်မွေ့ခြင်းနှင့် ဖန်တီး‌ပေး၍ ပြန်လည်ဖန်တီးသော မိခင်များကို ကျွန်ုပ်တို့လိုအပ်သည်။" ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်၏ မိန့်ကြားချက်အရ - "မိခင်များမရှိသော ကမ္ဘာကြီး၌ အနာဂတ်မရှိပါ။" “အကျိုးအမြတ်များနှင့် အကျိုးအမြတ်တစ်ခုတည်းက အနာဂတ်ကို မဖန်တီးနိုင်၊ ဆန့်ကျင်ဘက်အနေနဲ့ တစ်ခါတစ်ရံတွင် မညီမျှမှုနှင့် မတရားမှုကို တိုးပွားစေပါသည်။ ထိုအစား မိခင်များသည်သာ ကလေးသူငယ်တိုင်းအား မိမိအိမ်ကဲ့သို့ နွေးထွေးမှုများပေး၍ မျှော်လင့်ချက်ကို‌ ပေးသည်။ မိခင်တစ်ဦးအနေဖြင့် မယ်တော်သခင်မသည် တွေ့ဆုံခြင်းနှင့် အတူတကွ လျှောက်လှမ်းခြင်း၏ အနှစ်သာရနှင့် ရသကို သင်ကြားပေးသည်။ ဤအကြောင်းနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် Marianum အားကွဲပြားခြားနားသော ဘာသာရေးဓမ္မပညာရပ်နှင့်ဝိညာဥ်‌‌ရေးရာ ထုံးတမ်းစဉ်လာများသည် မိသားစုကြီးတစ်ခုကဲ့သို့ အတူတကွ စုရုံးကာ ခရစ်ယာန်အသင်းသားများနှင့် ဘာသာပေါင်းစုံ နှီးနှောဖလှယ်ခြင်းတို့၌လည်း ပါဝင်အားပေးခြင်းကြောင့် ဂုဏ်ပြုစကား မြွက်ကြားခဲ့သည်။

"မယ်တော်၏ မိခင်ဘဝသည် ကျွန်ုပ်တို့ကို လူတစ်ဦးဖြစ်စေသည်။"

မယ်တော်၏ မိခင်ကဏ္ဍကို ပြောရမည်ဆိုလျှင် “အမိအသင်းတော်သည် ဘုရားကျောင်းတော်ကြီးကို မိသားစုဖြစ်စေသကဲ့သို့ မယ်တော်သည်လည်း ကျွန်ုပ်တို့ကို လူမျိုးတစ်စုဖြစ်စေသည်။” ဟူ၍ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။ ၎င်းသည် မယ်တော်သခင်မ၏ သဘာဝနှင့် ဘာသာတရားကိုင်းရှိုင်းမှုကို ဖော်ပြ၍ မယ်တော်ကဲ့သို့ လိုက်ကျင့်ရန်၊ မယ်တော်အား ဂုဏ်ပြုရန်နှင့် တခါတရံ မယ်တော်၏ သန့်ရှင်းစင်ကြယ်မှုကို ပိုမိုပေါ်လွင်စေရန်အတွက် "Mariology" ဟုခေါ်သော မယ်တော်အ‌ကြောင်းကို လေ့လာသော ပညာရပ်ကို ထောက်ခံပေးသည်။ သို့သော် ကျွန်ုပ်တို့၏ အချိန်ကာလအတွင်း ဖြစ်ပျက်နေသော မယ်တော့်ခေတ်၏ နိမိတ်လက္ခဏာများကို အမြဲသတိပြုရန် ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က အမျိုးသမီးများ၏ အခန်းကဏ္ဍကို အလေးထား၍ ဘုရားကျောင်းနှင့် ကမ္ဘာကြီးအတွက် အမျိုးသမီးများသည် မရှိမဖြစ်လိုအပ်ကြောင်း၊ အမျိုးသမီးအများစုသည် သူတို့ရသင့်သော အမျိုးသမီးဂုဏ်သိက္ခာကို မရရှိခြင်းကြောင့် စိတ်ထိခိုက်ဝမ်းနည်းမိကြောင်း မြွက်ကြားခဲ့ပါသည်။

"ဘုရားသခင်အား ဤလောကသို့ ဆောင်သွင်းသောမိန်းမသည်၊ သူမ၏ အစွမ်းအစနှင့် ပါရမီများကို သမိုင်းထဲသို့ ယူဆောင်နိုင်ရမည်။" ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က "သူမ၏ ပါရမီများနှင့် ဘဝပုံစံကို လိုအပ်သည်။" ဟူ၍ လေးလေးနက်နက်မြွက်ကြားရင်း ဩဝါဒတရားတော်ကို အဆုံးသတ်ခဲ့ပါသည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/31GPpAP

 

Add new comment

1 + 0 =