ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦးဆောင်၍ ဝါတွင်းကာလ ကိုစတင်

ဝါတွင်းကာလသည် ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် နောင်တယူခြင်းတိုကို အထူးတလည်ပြုလုပ်ရသော ကာလ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဦးဆောင်၍ ဝါတွင်းကာလ ကိုစတင်
မတ်လ ၆၊ ၂၀၁၉

ရောမမြို့​ရှေးအစဉ်အလာအရ ဝါတွင်းကာလ စတင်ခြင်း ဗုဒ္ဓဟူးနေ့ ပြာခံပွဲ စတင်ကျင်းပရန် အတွက် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် စန်တာ စာဗီနာ (Santa Sabina) ဘုရားကျောင်းတော်ကြီးသို သွားရောက်ခဲ့ပါသည်။ ဝါတွင်းကာလသည် ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် နောင်တယူခြင်းတိုကို အထူးတလည်ပြုလုပ်ရသော ကာလအဖြစ်သတ်​မှတ်ထားပြီး ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော အသင်းတော်၏ ပြာခံခြင်း ဓလေ့ထုံးတမ်း​အစဉ်အလာ ကို ရဟန်းမင်း နှင့်အတူတကွ ကမ္ဘာပေါ်ရှိသန်းပေါင်းများစွာသော ဘာသာဝင်တို့သည် ဘုရားကျောင်းသို့သွား၍ နှဖူးပေါ်တွင် ကားတိုင်အမှတ်အသားပြာကို ခံယူကြပါသည်။

ဝါဝင်သည် နေ့ ပြာခံပွဲ ဗုဒ္ဓဟူးနေ့ နေ့လည်ခင်းတွင် စန် အန်စေလ်မို (San Anselmo) ဘုရားကျောင်းတော်ကြီးမှ စန်တာ စာဗီနာ (Santa Sabina) ဘုရားကျောင်းတော်ကြီးသို အပြစ်ဒဏ်ဆပ်ဖြေခြင်း စီတန်းလှည့်​လည်သောအခန်းအနားကို ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ကိုယ်တိုင်ဦးဆောင်၍ ဓမ္မသီချင်း သီဆိုသော အဖွဲ့များ၊ ရဟန္တာ တို့၏ လစ်တာနီကို သီဆိုခဲ့ကြပါသည်။ စန် အန်စေလ်မို (San Anselmo) ဘုရားကျောင်းတော်ကြီးမှ စန်တာ စာဗီနာ (Santa Sabina) ဘုရားကျောင်းတော်ကြီးသိုု့ ရောက်သောအခါတွင် ဝါဝင်သည့်နေ့ပြာခံပွဲ မေစ္ဆားတရား ကို ရဟန်းမင်းကြီးမှ ဟောကြားခဲ့ပါသည်။

(Santa Sabina) ဘုရားကျောင်းတော်ကြီးသို အပြစ်ဒဏ်ဆပ်ဖြေခြင်း စီတန်းလှည့်​လည်သောအခန်းအနားကို ရဟန္တာ ဂရေဂရီ သ ဂရိတ် (St. Gregory the Great) မှ စတင်ခဲ့ပြီး၊ ဒုက္ခစရိယာ ကားတိုင်လှည့်ခြင်းအခမ်​းအနားတွင် ရောမမြို့ဝန်း​ကျင်ရှိ စုရပ်ဘုရားကျောင်းများတွင် ရဟန္တာ တို့၏ ဓတ်တော်များကို ဖူးမြော်​အရိုအသေပေးခြင်း၊ ရောမမြို့သာသနာနယ်အတွင်းရှိဘုရားကျောင်းများ ကာတေကုမ်ဟုခေါ်သော ရှေးဦးခရစ်ယာန် ဓမ္မအာဇာနီများမြုပ်နှံထားရာ သချိုင်း​​ဂူများ တွင် ဝါတွင်းကာလ တစ်လျှောက်လုံး ရဟန်းမင်းကြီးဦးဆောင်၍ မစ္ဆားတရား ဟောကြားပေးခြင်များကို လေးရာစုမှ စတင်ပြုလုပ်ခဲ့သော ရှေးဦးအစဉ်အလာဖြစ်ကြောင်း ဖော်ပြထားပါသည်။

စန်တာ စာဗီနာ (Santa Sabina) ဘုရားကျောင်းတော်ကြီးကို အဘယ်ကြောင့်​ရွေးချယ်ပြုလုပ်ရသည် ကို ရှင်းလင်းစွာဖော်ပြထားခြင်းမရှိသော်လည်း ရောမမြို့အာဗင်တင်း တောင်ကုန်းပေါ် (Aventine Hill) ရှိ ဘုရားကျောင်းသို့ တက်သွားရခြင်းသည် သခင်ခရစ်တော် ဂေါ်လ်ဂေါသ တောင်ထိပ်သို့ တက်သည် အသွင်ကို ဖော်ဆောင်လို၍ ရွေးချယ်ကြောင်း သီအိုရီအရ ဖော်ပြထားပါသည်။ စန်တာ စာဗီနာ (Santa Sabina) ဘုရားကျောင်းတော်ကြီးသည် နှစ်ရာစုကာလက ခရစ်ယာန်များကို ညှင်းပမ်​းနှိပ်စက် သတ်ဖြတ်ခဲ့သော အထင်ကရ နေရာတစ်ခုဖြစ်ခဲ့ပြီး ယင်းနေရာကို ရောမအင်ပါယာ လက်ထက်တွင် သူတော်စင်​ စာဗီနာ ၏ ဓာတ်တော်များထားရှိရာ ဘုရားကျောင်း တစ်ခုအဖြစ်သပ်မှတ်ခဲ့ပါသည်။ ရောမမြို့တွင်းရှိ ဘုရားကျောင်းတော်များတွင် ရဟန္တာ များ၏ ဓာတ်တော်များကို ထားရှိပြီး ဝါတွင်းကာလတွင် ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ဖူးမြော် ​ဆုတောင်းကြရန် တိုက်တွန်းထားပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-lent-mass.html

#lent, #pope, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 0 =