ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဝါတော် ၆ နှစ်ပြည့်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ပုပ်ရဟန်းမင်းကြီး ဝါတော် ၆ နှစ်ပြည့်
မတ်လ ၁၂၊ ၂၀၁၉

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ၆ နှစ်တာကာလ လုပ်ဆောင်မှုများ နှင့် စိန်ခေါ်မူများ

 

~ အရေးကြီးသော နိုင်ငံတကာခရီးစဉ်များကိုသွားရောက်ခဲ့ခြင်း၊

~ ကမ္ဘာပေါ်ရှိ သာသနာအမေဇုန်​သည်းမှ ဆရာတော်ကြီးများအဖွဲ့ချုပ် ခေါင်ဆောင်များပါဝင်သော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ညီလာခံ၊ ၂၀၁၉ အောက်တိုဘာလတွင် အမေဇုန်ဒေသတွင်ပြုလုပ်ရန် စီစဉ်ထားသော အထူးညီလာခံ

~ ထင်ရှား​သော သမိုင်းဝင်ခရီးစဉ် အဖြစ် အာရပ် နိုင်ငံများ ခရီးစဉ် နှင့် မွတ်စလင် နှင့် ခရစ်ယာန် ဘာသာများကြား ဘာသာရေး လွတ်လပ်ခွင့်သဘောတူစာချုပ် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် မွတ်စလင်ဘာသာရေးခေါင်ဆောင် အကြီးအကဲGrand Imam of Al-Azhar တို့ အတူတကွပူးတွဲ လက်မှတ်ထိုးနိုင်ခဲ့ခြင်း

~ ခရစ်ယာန်များကြား စည်း​လုံးညီညွတ်ရေးအတွက် ရည်ရွယ်ချက်ဖြင့် ဗူဂေးရီးယားနှင့် ရိုမေးနီးယား နိုင်ငံများခရီးစဉ် အကောင်အထည်ဖော်ရန် ပြင်ဆင်ထားခြင်း

~ နယူးကလီးယား လက်နက်၏ ကြီးမားသော အန္တရယ် ကို လက်ရှိကာလနှင့်အနာဂတ်ကာလအတွက် သတိထားစရာ ခရီးစဉ် အဖြစ် ဂျပန်နိုင်ငံသို့သွားရောက်ရန် ခရီးစဉ် အကောင်အထည်ဖော်ရန် ပြင်ဆင်ထားခြင်း

~ မိသားစုတန်ဖိုးမြင့်တင်ရန် ထောင်ပေါင်းများစွာသောမိသားစုများနှင့် Dublin တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း

~ လူ့ခွန်အားတစ်ခုတည်းနှင့် နတ်ဆိုး၏ အဖျက်အမှောင်လုပ်ရပ်များကို တွန်းလှန်နိုင်ရန် မဖြစ်နိုင်သောကြောင့် အမိမယ်တော်မာရီယား နှင့် သကြားမင်းစိန့်မိုက်ကယ် တို့၏ ကာကွယ်စောင့်ရှောက်မှုဖြင့် အသင်းတော် စည်းလုံးညီညွတ်ရန်၊ အသင်းတော်အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အတူတကွဆုတောင်းခြင်း၊ အပြစ်အမှားများအတွက် နောင်တသံဝေဂရခြင်း များပြုလုပ်ကြရန် စိတ်ပုတီးလအဖြစ်သတ်မှတ်ထားသော အောက်တိုဘာလတွင် ကမ္ဘာတဝှမ်းရှိဘာသာဝင်များကို စိတ်ပါကိုယ်ရောက် စိတ်ပတီးစိတ်ကြရန် တိုက်တွန်းခဲ့ခြင်း

~ အသင်းတော်သည် စွမ်းအားရှင်များထုတ်လုပ်ပေးရာ နေရာမဟုတ်သလို ဘုရားမပါဘဲ လူတို့၏ တတ်​စွမ်းနိုင်မှုတစ်ခုတည်းဖြင့် အသင်းတော်သည် ခရီးဆက်လို့မရနိုင်ကြောင်း၊ နတ်ဆိုး၏ ချုပ်ကိုင်ချယ်လှယ်မှုများကို တွန်းလှန်နိုင်ရန် ဘုရားသခင်၏ အကူအညီလိုအပ်ကြောင်း၊ နေ့စဉ်ရက်ဆက် အသင်းတော်သည် နတ်ဆိုး၏ ချယ်လှယ်မှုများကို တွန်းလှန်နေရမည်ဖြစ်ကြောင်း ဘာသာဝင်များအားလုံး ဆုတောင်းကြရန် လိုအပ်ကြောင်းတောင်းဆိုနိုင်ခဲ့ခြင်း၊

~ အသင်းတော်၏ အတွင်းပိုင်းတိုက်ခိုက်ခံရမူများဖြစ်သော သိုးထိန်းတို့၏ မကောင်းလမ်းပြမှုများ၊ အလွဲသုံးစားပြုမှု့များကို သိသာထင်ရှားစွာ တိုက်ခိုက်ဖြေရှင်းခဲ့ရခြင်း(ဥပမာ- ရဟန်းအမတ်ဟောင်း ကာဒီနယ် McCarrick ၏ အပြစ်အပေါ် ကိုင်တွယ်ဖြေရှင်းမှုညံဖြင်းခဲ့သော ရဟန်းမင်းတာဝန်ခံအမတ် Carlo Maria Vigano ကို လူသိရှင်ကြား တာဝန်များမှ ရပ်ဆိုင်းခြင်း)

~ အသင်းတော်ဆိုရာ၌ ဦးဆောင်သူ ဘာသာရေးခေါင်ဆောင်များ ကိုသာခေါ်ဆိုခြင်းမဟုတ် အသင်းတော်သည် ဘာသာဝင်အားလုံး ကိုခေါ်ဆိုခြင်းဖြစ်ကြောင်း သိရပါမည်၊ အသင်းတော်သည်၊ အသင်းတော်အတွင်း အပြစ်ကျူးလွန်သူမည်သူမဆို အပြစ်နှင့်ထိုက်တန်သည့်ဒဏ်ပေးခြင်းခံရပါမည်၊ ခေါင်ဆောင်မို့၊ အကြီးအကဲမို့၊ ချွင်းချက်မထားပါ၊ အပြစ်ပြုသူသည် ​အပြစ်အတိုင်း ပေးဆပ်ရမည်ဖြစ်ပါသည်၊ အသင်းတော်အတွင်း ထိရောက်သော ဥပဒေများ၊ တာဝန်ယူမှုတာဝန်ခံမူများ၊ ပွင်လင်မြင်သာမှုများသည် ပိုမိုလိုအပ်လာကြောင်းနှင့် ယင်းအရာများသည် မည်သို့သောအခါမျှ ပြည့်ဝလုံလောက်ပြီဟု ပြောဆို၍မရကြောင်း၊ ပွင့်လင်မြင်သာမှုများရှိစေရန် ဖော်ထုတ်ပေးခဲခြင်း၊

~ အသင်း​ေ​တာ်သည် မိမိကိုယ်ကိုယ် လုံလောက်နေပါပြီ ဆိုပြီးကျေနပ် နေရမည်မဟုတ် အသင်းတော်ကိုယ် ဖြူစင်ြ​ခင်းအတွက်၊ ခွင်လွတ်ခံရခြင်းအတွက်၊ သနားကြင်နာမူရရှိရန် အတွက် တောင်းခံနေသူ အဖြစ်အသိအမှတ်ပြုရပါမည် သို့မှသာ ဒဏ်ရာ အခက်အခဲ​တွေနှင့်ရင်ဆိုင်နေရသူတို့၏ ဘဝကို နာလည် သက်သေခံနိုင်ပေမည်ဖြစ်သည်။

~ ယင်းခြောက်နှစ်တာကာလအတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်လုပ်ဆောင်ခဲ့သည်အရာ မြောက်များစွာ ထဲမှ တချို့ကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။

 

~ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဘုရားသခင်၏ အလိုတော်အတိုင်း သာသနာတော်ကြီးကို ဆက်လက်ဦးဆောင်နိုင်စေရန် ဝိုင်ဝန်းဆုတောင်းပေးကြဖို့ မေတ္တာ ရပ်ခံအပ်ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/the-anniversary-of-the-p...

#pope, # francis, #6anniversary, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 10 =