ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သွားရောက်လည်ပတ်ရန် စီစဉ်ထားသော Baltics နိုင်ငံများသို့. ကြိုတင်သဝဏ်လွှာပေးပို့

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သွားရောက်လည်ပတ်ရန် စီစဉ်ထားသော Baltics နိုင်ငံများသို့. ကြိုတင်သဝဏ်လွှာပေးပို့
စက်တင်ဘာလ ၂၀၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/apostolic-journey-lithua...

#pope, #baltics, #greetings, #visit, #peace, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၂၂ မှ ၂၅ နေ့ထိ ရဟန်းမင်းကြီးခရီးစဉ် သွားရောက်လည်ပတ်ရန်စီစဉ်ထားသော Baltics နိုင်ငံများဖြစ်သော လစ်သွေးနီယာ၊ လပ်တ်ဗီယား နှင့် အစ်တ်နီယ နိုင်ငံများသို့ သဝဏ်လွှာကြိုတင်ပေးပိုခဲ့ပါသည်။
အသင်းတော်၏ ဖခင်တစ်​ေ​ယာက်အနေဖြင့်ကျွနု်​ပ်သင်တို့ဆီလာ၍ စိတ်ကောင်းစေတနာများ၊ ငြိမ်းချမ်း သာယာလှပသော အနာဂတ်တို့ဖြင့် သင်တို့ကိုပွေ့ဖက်ချင်ပါသည်။
သင်တို့ Baltics သုံးနိုင်ငံလွတ်လပ်ရေးရခြင်း နှစ် ၁၀၀ ပြည့်နှင့်လည်းတိုက်ဆိုင်နေပါသည်။လွတ်လပ်ရေးရရန်ကြိုးပမ်​း
ခဲ့ကြသူအားလုံး၏ အနစ်နာခံခဲ့မှုများကို လေးစားဂုဏ်ပြုပါသည်။ သူတို့၏ အသီးအပွင့်များကို သင်တို့ယနေ့ခံစားနေကြရပါသည်။
လွတ်လပ်ရေးသည် တန်ဖိုးရှိသော အမွေအနှစ်ဖြစ်ပြီး တန်ဖိုးထားထိန်း​သိမ်းလက်ဆင့်ကမ်းပေးရမည့်အရာဖြစ်ကြောင်း နှင့် Baltics နိုင်ငံများရှိပြည်သူပြည်သားများကို ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်ကြစေလိုကြောင်း၊
လွတ်လပ်ခြင်း၏ မီးလျှံသည် ညှင်းပမ်​းနှိပ်စက်ခံရချိန်၊ အကြမ်းဖက်များအောက်တွင်နေရချိန်၊ ဒုက္ခမှောင်မိုက်တွင်လျှောက်လှမ်းနေရချိန်တွင် မတောက်လောင်နိုင်ပါ။ သို့သော် ဘုရားပေးသော လူ့ဂုဏ်သိက္ခာကို ရိုသေလေးစားခြင်း၊ တရားမျှတ၍ ညီကိုမှောင်နှကဲ့သို့ ချစ်ခင်ကြင်နာသော အဖွဲ့အစည်းကို တည်ဆောက်ချိန်တွင် မျှော်လင့်ခြင်းအလင်းရောင်းကို တောက်ပစေပါသည်။ တစ်​ဦးနှင့်တစ်​ဦး ကူညီစောင့်​ရှောက်ခြင်းနှင့် တလုံးတဝတည်းရှိခြင်းသည် အလွန်​အရေးကြီးသော အရာဖြစ်၍ ကျွနု်​ပ်လာရောက်လည် ပတ်ခြင်းကြောင့် သင်တို့တွင် ဝိညာဉ်ခွန်အား ကာယခွန်အားတိုးတက်စေပြီး၊ ဒုက္ခဝေဒနာခံစားနေရသော ညီကိုမောင်နှမများအား အတူတကွကယ်တင်ပေးကြခြင်းနှင့် ဘက်စုံဖွံဖြိုးတိုးတက်စေခြင်းများ ရရှိစေရန် ကျွနု်​ပ်မျော်လင့်ပါသည်။
အချုပ်အနေနှင့် ကျွနု်​ပ်၏ ခရီစဉ်အတွက်ပြင်ဆင်နေကြသူများအားလုံးကို
ကျေးဇူးတင်ကြောင်း၊ သင်တို့နှင့်အတူ ဆုတောင်းမေတ္တာ၌ အတူရှိနေကြောင်း ပြောကြားလိုပါသည်။ သင်တို့အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။ ဟု ရဟန်းမင်းကြီး၏ သဝဏ်လွှာတွင် ဖော်ပြထားပါသည်။

 

Add new comment

3 + 4 =