ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သာများ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်း ပြုလုပ်မည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သာများ မတ်လ ၁၁ ရက် တနင်္လာနေ့မှ ၁၅ ရက် သောကြာ နေ့ထိ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှုပြုလုပ်ရန် ရောမမြို့အပြင်ဘက်ရှိ အာရီချာ (Ariccia) မြို့ Casa Divin Mastro သို့ မတ်လ ၁၀ ရက် တနင်္ဂနွေန

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သာများ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်း ပြုလုပ်မည်
မတ်လ ၁၀၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သာများ မတ်လ ၁၁ ရက် တနင်္လာနေ့မှ ၁၅ ရက် သောကြာ နေ့ထိ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှုပြုလုပ်ရန် ရောမမြို့အပြင်ဘက်ရှိ အာရီချာ (Ariccia) မြို့ Casa Divin Mastro သို့ မတ်လ ၁၀ ရက် တနင်္ဂနွေနေ့ ညနေက ရောက်ရှိခဲ့ပါသည်။

ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုးတက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သာများ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှုကို San Miniato al Monte ၏ Olivetan ရသေ့ အကြီး အကဲ Bernardo Francesco Maria Gianni ဦးဆောင်လမ်းညွန်မှု့ဖြင့် ကမ္ဘာလောကကြီးတွင်ပြုမူနေထိုင်အသက်ရှင်ပုံ၊ ပါစကားကာလကို မျှော်ကြည့်ခြင်း နှင့် တက်ကြွသော အလိုဆန္ဒများ၏ မြို့စသည့် အချက်သုံးချက်ကို ရက်သတ္တပတ် တာ ထောက်ရှု့ ခွန်အားယူကြမည်ဖြစ်ပါသည်။

ယင်းရက်သတ္တပတ် ဥပုသ်စောင့်စဉ်ကာလတွင် ရဟန်းမင်းကြီး အပတ်စဉ်ပြုလုပ်လေ့ရှိသော လူထု​တွေဆုံခြင်းများ၊ ဧည်သည်တွေ့ဆုံခြင်း အချိန်ဇယားများ၊ ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်းများကို ၂၀၁၉ မတ်လ ၁၁ ရက်မှ ၁၅ သောကြာနေ့ ထိ ရပ်နားထားမှာဖြစ်ကြောင်း ဗာတီကန် သတင်းဌာနမှ ဖော်ပြထားပါသည်။ ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သာများ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်း ပြုလုပ်မည်ဖြစ်ပါ၍ ဘာသာဝင်များအားလုံး အတူတကွ ဝိုင်းဝန်း ဆုတောင်းပေးကြပါရန် တိုက်တွန်း နိုးဆော်အပ်ပါသည်။ ။

https://www.vaticannews.va/en/pope/news/2019-03/spiritual-exercises-begi...

#pope, #lent, #retreat, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 0 =