ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့ဝင် ၆၅ ဦးတို့ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှု ပြီးဆုံးခြင်း

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဥပုသ်စောင်ခြင်းအမူကိုဦးဆောင်ပေးသော Benedictine ရသေ့ အကြီး အကဲ Bernardo Francesco Maria Gianni ကို ကျေးဇူးတင်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့ဝင် ၆၅ ဦးတို့ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှု ပြီးဆုံးခြင်း
မတ်လ ၁၆၊ ၂၀၁၉

ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုးတက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့သားများ မတ်လ ၁၁ ရက် တနင်္လာနေ့မှ ၁၅ ရက် သောကြာ နေ့ထိ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှုပြုလုပ်ခြင်း အောင်မြင်ပြီးခဲ့ပြီး ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဥပုသ်စောင်ခြင်းအမူကိုဦးဆောင်ပေးသော Benedictine ရသေ့ အကြီး အကဲ Bernardo Francesco Maria Gianni ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

ဘုရားသခင်သည် ကျွနု်​ပ်တို့ လူသားများနှင့်အတူရှိကြောင်း၊ ဘုရားရှင်းနုတ်​ကပတ်တော်သည် လူသားများအကြား စည်းလုံးညီညွတ်စေရန် အသက်ဝင်လှုပ်ရှားနေကြောင်း၊ ပိုမို နားလည်သဘောပေါက်ခဲ့ပြီး၊ ဥပုသ်စောင့်ခြင်းမှ ရရှိခဲ့သော ကျေးဇူးတော်များသည် Benedictine ရသေ မှ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နှင့် ရဟန်းမင်းကြီးရုံတော် အဖွဲ့ဝင်များအတွက် လျှောက်လှမ်းရမည့်လမ်းကို ပြင်ဆင်ပေးခြင်းဖြစ်ကြောင်း၊ မျှော်လင့်ခြင်း၊ စိတ်ရှည်သည်းခံခြင်း ကျေးဇူးတော်တို့သည် ရှေ့အနာဂတ်ကို ခွန်အားရှိစွာ ချီတက်နိုင်ရန် အားအင်များပေးခဲ့ကြောင်း၊ ခွန်အားသတ္တိများဖြင့် အသင်းတော်ကြီး ကို ဦးဆောင်သွားနိုင်ရန် ကျေးဇူးတော် များ ခံစားခဲ့ရကြောင်း၊ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြား ခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-spiritual-r...

#pope, #lent, #retreat, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

10 + 10 =