ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ရဟန်းမင်းကြီး၏ လူမှုကူညီရေးအဖွဲ့အစည်း၏ ရက်ရောမှုအပေါ်ကျေးဇူးတင်ကြောင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ရဟန်းမင်းကြီး၏ လူမှုကူညီရေးအဖွဲ့အစည်း နှင့်တွေ့ဆုံခြဲ့

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ရဟန်းမင်းကြီး၏ လူမှုကူညီရေးအဖွဲ့အစည်း၏ ရက်ရောမှုအပေါ်ကျေးဇူးတင်ကြောင်း
မေလ ၁၀၊ ၂၀၁၉

မေလ ၁၀ ရက် သောကြာနေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ရဟန်းမင်းကြီး၏ လူမှုကူညီရေးအဖွဲ့အစည်း နှင့်တွေ့ဆုံခဲ့ပြီး သမ္မာကျမ်းစာ ၏ အနှစ်သာရ ဖြစ်သော မျှော်လင့်ခြင်း နှင့် သနားကျင်နာခြင်းကို ပြန့်နှံစေသော ယင်းအဖွဲ့အစည်း၏ လုပ်ရပ်အပေါ် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။

အမေရိကန် ကက်သလစ်အဖွဲ့အစည်းမှလည်း ပုပ်ရဟန်းမင်းကြီးအတွက်နှင့် ကမ္ဘာပေါ်ရှိလူမှုရေးလုပ်ငန်းများအားလုံးအတွက်ပါဝင်ကူညီပေးနေ သော အဖွဲ့အစည်းဖြစ်ပါသည်။ ရောမမြို့သို့ဘုရားဖူးရောက်ရှိလာသော ယင်းအဖွဲ့အစည်း၏ အဖွဲ့ဝင်များကို ပုပ်ရဟန်းမင်းကြီးမှ ကြိုဆိုခဲ့ပါသည်။ ကမ္ဘာအနှံအပြား လူမှုကူညီရေးလုပ်ငန်းများအတွက် ထောက်ပံကူညီပေးနေသော သင်တို့အဖွဲ့အစည်း နှင့်ပြန်လည်ဆုံတွေ့ရခြင်း အတွက်ကျွနုပ်ဝမ်​းသာ ကျေးဇူးတင်ရှိပါသည်။ သင်တို့၏ ဘုရားသခင်အပေါ် နှင့် အသင်းတော်အပေါ်မှာ သစ္စာရှိမှုအတွက်ကျေးဇူးတင်ပါသည်။

ရဟန်းမင်းကြီး၏ လူမှုကူညီရေးအဖွဲ့အစည်းကို ၁၉၉၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်ရှိ ကူညီကယ်တင်သူမဲ့သောသူများ နှင့် အသင်းတော်၏ ပညာသင်ကြားရေးစရိတ်မှားအတွက် အမေရိကန် ဒေါ်လာ ၁၅၆ သန်းထိ သုံးစွဲးကူညီပေးနေကြောင်းဖော်ပြထားပြီး ယင်းအဖွဲ့အစည်းသည် ငြိမ်းချမ်းခြင်းနှင့် ညီကိုယ်မောင်နှမစိတ်ဓာတ်ကို ဖော်ဆောင်နေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ ယင်းအဖွဲ့အစည်း၏ အကူအညီဖြင့် ကမ္ဘာအနှံအပြားရှိ ဂရုဏာရေးလုပ်ငန်းများ၊ ပညာရေးအထောက်အပံ့များကို မရှိဆင်းရဲးသားများ၊ ပညာသင်ကြားနေသော ဘုန်းတော်ကြီးများ၊ အမျိုးသားအမျိုးသမီးများ၊ မိသားစုများ နှင့် လူမှုဖွံဖြိုးရေးအထောက်အပံ့လိုအပ်သောသူများထံသို့ ဝေမျှကူညီပေးနေသော အဖွဲ့လည်းဖြစ်ပါသည်။

 

ရဟန်းမင်းကြီး၏ လူမှုကူညီရေးအဖွဲ့အစည်းသည် စိန်ပီတာ ကို ဆက်ခံသူများအဖွဲ့အစည်းနှင့် တဆက်တည်းဖြစ်ပြီး ဂရုဏာရေးလုပ်ငန်းများပြန်နှံဖို့၊ သမ္မာကျမ်းစာ ၏ အနှစ်သာရကို လူတွေ၏ နှလုံးသားစီကိုပြန့်နှံရောက်ရှိစေဖို့ညှင်းပန်းနှိပ်စက်ခံရသောသူများ၊ ဆင်းရဲးမွဲးတေမှုကြုံတွေ့ခံစားနေရသောသူများ၊ စွန့်ပြစ်ခံထားကြရသောသူများ၊ ကို ရက်ရောစွာာကူညီပြီး သနားကျင်နာခြင်းကိုပြသကြပါ သူတို့၏ မျှော်လင်ခြင်းများကို ရှင်သန်စေကြပါ။

ကျွနုပ်အတွက်လည်းဆုတောင်းပေးကြပါ သင်တို့အတွက်လည်း အမိမယ်တော်ထံအပ်နှံ ဆုတောင်းပေးနေပါသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ရဟန်းမင်းကြီး၏ လူမှုကူညီရေးအဖွဲ့အစည်း နှင့်တွေ့ဆုံခြင်းတွင် ပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-05/pope-francis-papal-found...

#pope, #meet, #papalfoundation, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 9 =