ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နယူးဇီလန် နိုင်ငံအကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် ဆုတောင်းပေးရန် တောင်းဆို

People lay flowers following New Zealand attacks

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နယူးဇီလန် နိုင်ငံအကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက် ဆုတောင်းပေးရန် တောင်းဆို
မတ်လ ၁၇၊ ၂၀၁၉

 

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် မတ်လ ၁၅ ရက် သောကြာနေ့က နယူးဇီလန် နိုင်ငံ ခရစ်စ်ချပ် ဒေသရှိ မွတ်စလင် ပလီ နှစ်ခု အစ္စလမ်ဘာသာဝင်များ ဘုရားဝတ်တက်ချိန်တွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော အကြမ်းဖက်တိုက်ခိုက်ခံရမှု အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေးကြဖို့ တောင်းဆိုခဲ့ပါသည်။

 

ဒီလုပ်ရပ် ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးနဲ့ လူသားထုကြီးအတွက် ဒဏ်ရာတွေ ထပ်တိုးလာစေခြင်းပါပဲ၊ သေဆုံးသွားကြသူများ၊ ပူဆွေးဝမ်းနည်းနေကြသော မိသားစုဝင်များအတွက် ကျွနု်​ပ်ဆုတောင်းပေးပါတယ်။ ဆုတောင်းခြင်း၊ ငြိမ်းချမ်းသော အပြုအမူများ ပြုမူနေထိုင်းကြခြင်းဖြင့် အမုန်းတရားများ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြန်လည် တွန်းလှန်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် နှင့် အတူတကွ စိန့်​ပီတာ ရင်ပြင်တွင် ရောက်နေကြသော ဘာသာဝင်လူထုပရိသတ်များ အတူတကွ ဆုတောင်းပေးခဲ့ကြပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-angelus-appeal-for-...

#pope, #sunday, #angelus, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 0 =