ပုပ်ရဟန်းမင်းကြီး စီးသော ကားပေါ်တွင် ရွေ့ပြောင်းဒုက္ခသည် ကလေးငယ်များကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အတူစီးခွင်ပြုပေးခဲ့ခြင်း

အပတ်စဉ်တွေ့ဆုံနေကြလူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း

ပုပ်ရဟန်းမင်းကြီး စီးသော ကားပေါ်တွင် ရွေ့ပြောင်းဒုက္ခသည် ကလေးငယ်များကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အတူစီးခွင်ပြုပေးခဲ့ခြင်း
မေလ ၁၅၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြလူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း အတွက် စိန်ပီတာရင်ပြင် သို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် သွားနေသောလမ်းတွင် လစ်ဗျားနိုင်ငံမှ မကြာသေမှီက အီတလီ နိုင်ငံ သို့ရောက်ရှိလာသော ရွေ့ပြောင်းဒုက္ခသည် ကလေးငယ် ရှစ်ဦးကို သူစီးသော ကားပေါ် သူနှင့်အတူ စီးရန် ရဟန်းမင်းကြီး မှခေါ်ပြီး အတူ စိန်ပီတာ ရင်ပြင်သို့သွားခဲ့ပါသည်။ ယင်းကလေးငယ်များသည် ကြိုဆိုပါ ကာကွယ်ပါ သူတို့ဘဝတွေကို မြှင့်တင်ပေးပါဟူသော ကမ္ဘာရွှေ့ပြောင်းနေထိုင်သူများ နှင့် ရွှေ့ပြောင်းဒုက္ခသည်နေ့ အမှတ်တံဆိတ်ပါ အကျိင်္များကို ဝတ်ဆင်ထားခဲ့ကြပါသည်။

ယင်းကလေးငယ်များသည် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် အီတလီနိုင်ငံ သို့ရောက်ရှိလာကြပြီး ရောမမြို့ မြို့အစွန်တနေရာတွင် လပ်တလောနေရာပေးပြီး နေစေကြောင်းနှင့် သူတို့သည် နိုင်ဂျီးရီးယား၊ ဆီရီးယား နှင့် ကွန်ဂို နိုင်ငံတို့မှ ဖြစ်ကြောင်း နှင့် ယင်းကလေးငယ်များ အတွက် ဘာသာစကားသင်ကြားခြင်း၊ ကျောင်းပညာရေး နှင့် အခြားသော စာရွက်စာတန်း နေထိုင်ခွင် လိုအပ်ချက်များကို အီတလီ အစိုးရ နှင့် လူမှုကူညီရေးအဖွဲ့အစည်း များမှ ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-audience-po...

#pope, #generalaudience, #migrants, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

2 + 0 =