ပုပ်ရဟန်းမင်းကြီး၏ ခရစ္စမတ်ကာလအမှတ်တရနှင့် ကျွန်ုပ်တို့၏အနာဂတ်အတွက် ဆုတောင်း မေတ္တာ ပို့သခြင်း

ပုပ်ရဟန်းမင်းကြီး၏ ခရစ္စမတ်ကာလအမှတ်တရနှင့် ကျွန်ုပ်တို့၏အနာဂတ်အတွက် ဆုတောင်း မေတ္တာ ပို့သခြင်း

ပုပ်ရဟန်းမင်းကြီး၏ ခရစ္စမတ်ကာလအမှတ်တရနှင့် ကျွန်ုပ်တို့၏အနာဂတ်အတွက် ဆုတောင်း မေတ္တာ ပို့သခြင်း

 

ပုပ်ရဟန်းမင်းကြီး၏ ငယ်စဥ်ဘဝ၌ ဒီဇင်ဘာ ၂၅ ရက် နေ့ ရောက်တိုင်း အာဂျင်တီးနားနိုင်ငံ၌ရှိသော အဘိုး အဘွားများ၏အိမ်၌ ခရစ္စမတ်ကျင်းပသောအစဉ်အလာရှိခဲ့သည်ဟု မိန့်ဆိုခဲ့သည်။ တစ်ခါ၌ ပုပ်ရဟန်းမင်းကြီး၏ အဖွားသည် သူမ၏လက်ဖြင့်ပြုလုပ်သော Cappelletti မုန့်ကို အလုံး လေးရာ ပြင်ဆင်ထားသည့်အတွက် မိသားစုဝင်များအားလုံးက အကုန်လုံး အံ့ဩသွားကြောင်း၊  ပုပ်ရဟန်းမင်းကြီး၏ မိသားစု၊  ဦးလေးမိသားစုနှင့် ညီအစ်ကို ဝမ်းကွဲတို့၏ မိသားစုများသည်လည်း လာရောက်ခဲ့ ကြသည်ဟု မိန့်ဆိုခဲ့သည်။

ယနေ့အချိန်အခါ၌ ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်သည် အမြဲတမ်း အံ့သြစရာတစ်ခု ဖြစ်သည်ဟု မိန့်ဆိုခဲ့သည်။

 မိမိကိုယ်ကို ပြင်ဆင်ခြင်းဖြင့် အဖဘုရားသခင်နှင့်တွေ့ဆုံရန် ပြင်ဆင်ခြင်းအားဖြင့် ကျွန်ုပ်တို့ လူသားများထံ အလည်လာရန် ကြွလာသော သခင်ဖြစ်တာကြောင့် အံ့အားသင့်စရာတခုဖြစ်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ဆိုသည်မှာ သူကြိုက်နှစ်သက်သော Silent Night နှင့် အီတလီ သီချင်းဖြစ်သော Tuscendi dalle stelleသည် ဘုရား၏သားတော် သခင်ခရစ်တော်ဖွားမြင်ခြင်းကြောင့် ကျွန်ုပ်တို့၏ ကမ္ဘာလူသားများအတွက် ငြိမ်းချမ်းခြင်း၊ မျှော်လင့်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဖော်ပြပေးသော သီချင်းဖြစ်သည်ဟုဆိုသည်။

ဆင်းရဲနွမ်းပါးဖျားနာသော ကလေးသူငယ်များအား ဆင်ခြင် စဥ်းစားမိခြင်း .....

ခရစ္စမတ်ချိန်ကာလ၌ ဆင်းရဲစွာ ဖွားမြင်ခြင်းကို ခံယူသော သခင်ယေဇူးကဲ့သို့သော ဆင်းရဲသားများ၊  မေ့လျော့ခံရသူများ၊ စွန့်ပစ်ခံရသူများ၊  အငယ်ဆုံး သော သူများ အထူးသဖြင့် နှိပ်စက်ညှဉ်းပန်းခံရပြီး ကျွန်ပြုခံနေရသောကလေးများအား ဆင်ခြင်သတိရကြောင်း ခေါင်းပုံဖြတ်ခံရတဲ့ ကလေးသူငယ်များ နှင့် လူကြီးများ အကြောင်းကြားသိရတိုင်း သူ့ကို ဝမ်းနည်းကြေကွဲစေခဲ့သည်ဟူဆိုသည်။

ဤခရစ္စမတ်ချိန်ကာလ၌ ပုပ်ရဟန်းမင်းကြီးသည် ဆေးရုံ၌ ကုသ ခြင်းခံနေရသော ကလေးများတွေအတွက် အထူးပင်အောက်မေ့သတိရသည်။ ဆက်လက်၍ ပုပ်ရဟန်းမင်းကြီးက ဆိုသည်မှာ စကားလုံးများ ဖြင့်ဖော်မပြနိုင်သော  ဒုက္ခဆင်းရဲ ခြင်းများ ကြုံတွေ့ရချိန်၌ ယုံကြည်ခြင်းသာလျင် ကျွန်ုပ်တို့ လက်ဆုပ်လက်ကိုင် ထားရမည်။ ကျန်းမာသန်စွမ်းနေသောကလေးသူငယ်များ၏ မိဘများအား ပုပ်ရဟန်းမင်းကြီးကဆိုသည်မှာ သင်တို့သည် မည်မျှ ကံကောင်း ကြောင်းကို သတိရရန်နှင့် မိမိတို့၏ ရင်သွေးငယ်များအတွက်အချိန်ပိုပေးရန် ဖိတ်ခေါ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆေးရုံ၌ရှိသော ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများအားလုံးတို့၏ မြင့်မြတ် သောနေ့စဥ် လုပ်ငန်းများကို ကျေးဇူးတင်ရန် မမေ့အပ်ပေဟု မိန့်ကြားခဲ့သည်။

 

ဂိုးဖမ်းသမားနှင့်စာအုပ်များမှ ရရှိသော သင်ခန်းစာများ မကြာသေးမီက ၈၅ နှစ်ပြည့်ပြီဖြစ်သော ပုပ်ရဟန်းမင်းကြီးက မေးခွန်းများကိုဖြေဆိုသည်မှာ မွေးနေ့ပွဲ ကျင်းပခြင်းသည် မိသားစု ပျော်ပွဲရွှင်ပွဲ ဖြစ်သည်ကြောင်းဆိုသည်။

ပုပ်ရဟန်းမင်းကြီးငယ်စဥ်ဘဝ၌ အိမ်နီးချင်း ကလေးသူငယ်များနှင့် ဘောလုံးကစားရာတွင် ဂိုးဖမ်းသမားအဖြစ် ကစားရသည်ကို အထူးနှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုးဖမ်းသမားတစ်ဦးသည် ဘက်ပေါင်းစုံမှ ကျရောက်လာမည့် အန္တာရာယ်များကို မည်ကဲ့သို့ ပြန်လည် တုံ့ပြန်ရမည်ကို အသင့်အနေအထား၌ ရှိ နေရမည်။ ဂိုးဖမ်းသမားဖြစ်ရခြင်းသည် ဘဝ၌ သင်ယူရမည့် အကြီးမားဆုံးသော ဘဝသင်ခန်းစာကိုပေးသော နေရာဖြစ်သည်။

၎င်းအပြင်ပုပ်ရဟန်းမင်းကြီးက ဆိုသည်မှာ စာအုပ်စာပေများကို ဖတ်ရှုခြင်းသည် စာအုပ်စာပေနှင့် အပြန်အလှန် ဆွေးနွေးခြင်းဖြစ်ပြီး ဤကဲ့သို့ အခိုက်အတန့်မျိုးကို TV နှင့် ဖုန်းများမှ မရရှိနိုင်ကြောင်းဆိုသည်။

 

အတိတ်ကို ပြန်လည် သတိရ ခြင်းသည် လွမ်းဆွေးပြီး စိတ်အားငယ်ဖို့ရန် မဟုတ်ပါ။

ငယ်ဘဝက အချိန်ကို သတိရပါသလား ဟု ပုပ်ဖရန်စစ်အား စကားဝိုင်းတစ်ခု၌ မေးကြသောအခါ ပုပ်ဖရန်စစ်က ပြန်ဖြေသည်မှာ တခါတရံမှာဖြင့် ၁၆ နှစ်အရွယ်တုန်းကအချိန်ကို သတိရပြီး အာဂျင်တီးနားလူမျိုးတို့၏ ရိုးရာပွဲ၌ လူရှေ့သူရှေ့တွင် ပထမဦးဆုံးအကြိမ် ဘောင်းဘီရှည် ဝတ်ဆင် ပုံသည်  အဘွားနဲ့ဆင်ကြောင်း  Maria က သူမ၏ ခံစားချက် ကိုပြောပြခဲ့သည်။

ပုပ်ဖရန်စစ်၏ အဘွား ရိုဇာ သည် စကားနည်းသူဖြစ်သော်လည်း   အရာအားလုံးကို နားလည်ပေး တတ် သူဖြစ်ကြောင်း၊ အဘိုးအဘွားများနှင့် အတူနေခဲ့သော အချိန် အခိုက်အတန့်များကိုသတိရမိပါသော်လည်း ဝမ်းနည်းပူဆွေးစရာအဖြစ် မခံစားရပါဟု မိန့်ဆိုသည်။

ပုပ်ရဟန်းမင်းကြီးက ဆက်လက်ဆိုသည်မှာ သူ၏ ကိုယ်ရေးကိူယ်တာ နောက်ခံ အကြောင်းအရာများကြောင့် မိမိကိုယ်ကို အတိတ်ကာလ၌ နစ်မွန်းခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှေ့ရေးကိုယ်သာ အမြဲတမ်း ရှေရှုတတ်သော အလေ့အကျင့်ကောင်းကို မိခင်ဆီမှ အမွေခံရသည်ဟူဆိူသည်။

ပုပ်ဖရန်စစ် သတိရသော ပုဂ္ဂိုလ်များထဲမှ သတိရဆုံးသော သူများမှာ မွေးချင်း မောင်နှမ သုံးဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မွေးချင်းမောင်နှမ သုံးဦးအား တည်ငြိမ်အေးချမ်းစွာဖြင့် ပြန်လည်မြင်ယောင် သတိရမိသောကြောင့်ဖြစ်သည်။

နံနက်လေး နာရီအချိန်မှ စတင်သော နေ့တစ်နေ့ပြီးခဲ့သော နွေရာသီ၌ ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူပြီးနောက် သူ၏ ကျန်းမာရေးနှင့် စပ်လျဥ်း၍ မေးမြန်းသော အခါ ပုပ်ရဟန်းမင်းကြီးက ခရီးစဥ်များစွာ သွားနိုင်ခဲ့ပြီး ဘုရားသခင်အလိုရှိလျင် လာမည့် ၂၀၂၂ တွင်  တခြားသော တာဝန် ဝတ္တရားများစွာကိုလည်း လုပ်ဆောင်ရန် စီစဥ်ရှိသည်ဟူဆိူသည်။

သူ၏ သမာရိုးကျ နေ့စဥ်လုပ်ငန်းများကိုဖော်ပြရာတွင် အမြဲတမ်း မနက်လေးနာရီထကာ ဆုတောင်းခြင်းဖြင့် စတင်ခဲ့ပြီးနောက် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ အမျိုးမျိုးသော လက်ခံတွေ့ဆုံရမည့် ပုဂ္ဂိုလ်များနှင့် တရက်တာကို ဖြတ်သန်းသည်။ မိမိကိုယ်ကို နေ့လည်စာ သုံးဆောင်ပြီးချိန်၌ မိမိကိုယ်ကို ခေတ္တ ခဏသာ အနားယူတတ်သည်။

ကျွန်ုပ်တို့၏ အနာဂတ်သည် မည်သည့်အဆင့်အတန်း၌မဆို စည်းလုံးညီညွတ်မှုပေါ်တွင် မူတည်ပါသည်။

 

ကပ်ရောဂါဘေး ပဋိပက္ခများနှင့် ကွဲလွဲမှုများကြောင့် ဒဏ်ရာရနေသော လူသားမျိုးနွယ်၏ အနာဂတ်ကို ရှေးရှုသော ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံမေးမြန်းခန်း

 

အဆုံးသတ်၌ ပုပ်ရဟန်းမင်းကြီးဆိုသည်မှာ ကျွန်ုပ်တို့သည် အတူတကွ တည်ဆောက်တယ် မတည်ဆောက် ဘူးဆိုတဲ့ အရာအ  ပေါ်၌သာ မူတည်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤစကြာဝဠာ၌ ရှိနေကြသော လူသားများ တစ်ဦးကိုတစ်ဦး ညီရင်း အစ်ကိုသဖွယ် ဆက်ဆံမှသာလျင် လူသားမျိုးနွယ်ကို ကယ်တင်နိုင် ပါလိမ့်မည်။ ဒါဟာ အင်အားချိနှဲ့သူများ ၊ ထိရှလွယ်သောသူများ၊ အကာအကွယ်မဲ့သော နေရာဒေသ၌ ရှိနေသော သူများ၊ အတ္တကြီးမှုနဲ့ ဥပေက္ခာပြုမှုတို့ရဲ့ သားကောင်တွေကို

ပုပ်ရဟန်းမင်းကြီးကအစ၊ အသင်းတော်ကြီးတစ်ခုလုံး ၊အထူးသဖြင့် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံမှာရှိကြတဲ့ နိုင်ငံသားအယောက်စီတိုင်း အပါအဝင် နိုင်ငံရေးနှင့်လူမှုရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် တွေ ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက လုံးဝ မပစ်ပယ်သင့်ပေ။ မေ့မထားသင့်ပေ။

ဤခရစ္စမတ်၌ ကျွန်ုပ်ဆုတောင်းလိုသည်မှာ ထာဝရဘုရားသခင်သည် ဤကမ္ဘာမြေပေါ်တွင် ပိူမို ရက်ရောသော စိတ်ဓာတ်နှင့် တသွေးတသားတည်း မျှဝေခံစားလိုသော စိတ်ဓာတ်မျိုးကို အလင်းပေးတော်မူပါစေ။

အဆုံးသတ်အနေဖြင့် သူ၏မျော်လင့် ခြင်းကိုဖော်ပြသည်မှာ ဤခရစ္စမတ်၌ နာကျင်ခံစားနေရသောသူတို့၏ နှလုံးသားများကို နွေးထွေးစေရန်နှင့် ကျွန်ုပ်တို့၏ နှလုံးသားများကို ဖွင့်ဟလျက် အလိုအပ်ဆုံးသောသူများကို ကူညီလိုသော စိတ် ဆန္ဒ ကို မွေးမြူကြပါ။

 

 

RVA Myanmar

https://bit.ly/3eA49Yn

Add new comment

3 + 10 =