ပုပ်ရဟန်းမင်းကြီး၏ကမ္ဘာတစ်ဝှမ်းသို့မြွတ်ကြားသောခရစ္စမတ်မိန့်ခွန်း

ပုပ်ရဟန်းမင်းကြီး၏ကမ္ဘာတစ်ဝှမ်းသို့မြွတ်ကြားသောခရစ္စမတ်မိန့်ခွန်း

ကျွန်ုပ်တို့အားလုံးသည်ညီ အစ်ကိုမောင်နှမများဖြစ်ကြသည်။

ပုပ်ရဟန်းမင်းကြီးသည် ဤမိန့်ခွန်းမျိုးကိုနှစ်စဉ်အနည်း ဆုံး ခရစ္စမတ်ပွဲတော်၌တစ်ကြိမ်၊ ပါးစကားပွဲတော်၌တစ်ကြိမ် မိန့်ကြားလေ့ရှိသည်။ သို့သော် ရဟန်းမင်းကြီးအသစ်ရွေးချယ်တင်မြောက်သောအခမ်းအနားများရှိသောနှစ်များ၌ ဤမိန့် ခွန်းမျိုးကိုမြွတ်ကြားလေ့ရှိသည်။

ဤမိန့်ခွန်းသည် ရဟန်းမင်း ကြီး၏သာသနာပိုင်ဖြစ်သောရောမဂိုဏ်းချုပ်သာသနာအ တွင်းရှိမြို့သူမြို့သားများနှင့်ယေဇူးသခင်၏လောက ကိုယ် စားလှယ်အဖြစ် ကမ္ဘာတစ်ဝှမ်း သို့နှုတ်ဆက်ဆုတောင်းရင်းမိန့် ခွန်းမြွတ်ကြားခြင်းဖြစ်သည်။

သူငယ်တော်ယေဇူးအားကျေး ဇူးတင်ပါကြောင်း အဘယ် ကြောင့်ဆိုသော် သူ့အားဖြင့် ကမ္ဘာ၏မည်သည့်တိုက်ကြီး ၌ဖြစ်၊ မည်သည့်ဘာသားစကားပြောသည်ဖြစ်စေ၊ မည်သည့်ယဉ်ကျေးမူဖြစ်စေ မတူညီသောအခြေအနေများ၌ ကျွန်ုပ်တို့အ ချင်းချင်းတစ်ဦးကိုတစ်ဦးညီအစ်ကိုမောင်နှမများဟုခေါ်နိုင်သည်။ ဤအခြေခံကျသောအမှန်တရားသည် လက်ရှိ၌ကျွန်ုပ် တို့တွေ့ကြုံနေရသောသဘာ ၀ပတ်၀န်းကျင်ဆိုင်ရာပြဿ နာ၊ ဆိုးရွားသောစီးပွားရေးအကြပ်အတည်းနှင့်ကိုးဗစ်ကူးစက် ရောဂါကြောင့် လူမူရေးမမျှတ၊ မတည်ငြိမ်မူများကိုဆိုးရွားစွာမျှယူခံစားနေရခြင်သည်ကားသက်သေဖြစ်နေပါသည်။

(ဘုရားသခင်သည် သူ၏သားတော်ယေဇူးကို လူသားတို့အားပေး၍ညီအစ်ကိုမောင်နှမကဲ့သို့စုစည်းနိုင်ရန်ကြိုးစားသည်။)

ကျွန်ုပ်တို့လိုအပ်ပြီး၊ ရှာဖွေနေသောညီအစ်ကိုမောင်နှမကဲ့သို့သောစည်းလုံးခြင်းကို သူ၏ တစ်ပါးတည်းသောသား တော်ကို ကျွန်ုပ်တို့အားပေးခြင်းဖြင့် ဘုရားသခင်သည်ဖြစ်အောင်ဖန်တီးပေးလိုက်ပြီ။ ထိုစည်း လုံးခြင်းသည် စစ်မှန်သော ချစ်ခြင်း၌အခြေခံထားသည်။ ဤချစ်ခြင်းသည် ကျွန်ုပ်တို့နှင့်မတူကွဲပြားနေသော်လည်း အကူအညီလိုအပ်သူ၊ ဝေဒနာခံ စားနေရသူများအားသနားစာနာစိတ်ဖြင့်ကူညီပေးတတ်ခြင်း၊ မိမိ၏မိသားစု၀င်ဖြစ်ခြင်း၊ လူမျိုး၊ ဘာသာတူခြင်းမတူခြင်း၊ အနီးအ ဝေးခြားနားမူများကိုမတွက်။ ကူညီရန်အသင့်ရှိနေသည်။ ဘက်သလင်ဟင်မှကလေးလေးသည် လှောင်ပိတ်နေ သောကျွန်ုပ်တို့၏နှလုံးသားကိုဖွင့်ဟပေး ၍ အကာအကွယ်မဲ့သူများ၊ နေ ထိုင်မကောင်းသူများ၊ အလုပ် လက်မဲ့ဖြစ်နေသူများ၊ ကပ်ရောဂါဆိုးကြီးကူးစက်ခံနေကြရသူများ၊ အိမ်အောင်းကာလ၌ အိမ်တွင်းအကြမ်းဖက်မူကိုခံနေကြရသောအမျိုးသမီး များအတွက်သူငယ်တော်ထံဆု တောင်းပေးခဲ့သည်။

နိုင်ငံတကာအကူအညီဖြင့်ကိုဗစ်ကာကွယ်ဆေးနှင့်ကုထုံးများကိုလည်း လူတိုင်းအတွက်ရရှိနိုင်ရန်ဆောင်ရွက်ပေးရန်တိုက်တွန်းထားသည်။

(ဝေဒနာခံစားနေရသူများနှင့်ငြိမ်းချမ်းရေးအတွက်လုပ် ဆောင်နေသူများအတွက်ဆု တောင်း)

လူတိုင်း၌ ဘုရားသခင်၏ရွှေမျက်နှာတော်ကိုမြင်တွေ့နိုင် သည်။ ဝေဒနာခံစားနေကြရသူများအတွက်လည်းကိုယ် တော်သည်အသနားခံပေး

လျှက်ရှိသည်။ မကျန်းမမာသူများ၊ ချို့တဲ့နွမ်းပါးသူများ၊ အလုပ်လက်မဲ့များ၊ အပယ်ခံများ၊ ပြောင်းရွေ့များနှင့်ဒုက္ခ သည်များ၌လည်းကိုယ်တော်ကိုမြင်တွေ့နေရပါ သည်။ ကျွန်ုပ်တို့ကမ္ဘာကြီး၏ အ ကောင်းနှင့်အဆိုး နှစ်ခုကိုယှဉ်ကြည့်၍သူဆုတောင်းပေးခဲ့သည်။ ထို့အတူစစ်ဘေးဒဏ်များကြောင့်အတိဒုက္ခရောက်နေသောဆီးရီးယား၊ အီရတ်၊ ယေမင်နှင့်ဤသို့သောအခြေ အနေမျိုးနှင့်ကြုံတွေ့နေသောနိုင်ငံများမှကလေးများအ တွက် လည်းသတိရဆု တောင်း ပေးခဲ့သည်။ အရှေ့အလယ်ပိုင်းကိုနှင့်မြေထဲပင် လယ်အရှေ့ပိုင်း၏ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိဆက် လက်လုပ်ဆောင် ကြရန်၊ စစ်မီးကြောင့်နာကျင်လောင်မြှိုက်ခံစားခဲ့ရသောဒဏ်ရာ၊ ဝေ ဒနာများကိုသူငယ်တော်ယေဇူးကကုစားပေးပြီး၊ နှစ်သိမ့်ခြင်းခံစားရရန်နှင့်ဖြစ်ခဲ့သမျှကိုမေ့ပျောက်ကြေအေးနိုင်ကြစေရန်၊ အလွန်ခံစားခဲ့ရသော Yazidis တို့ကိုလည်းမမေ့ လျော့ကြရန်၊ ငြိမ်းချမ်းရေးသည် လစ်ဗျား၊ အစ္စရေးနှင့်ပါလက်စတိုင်း၌လည်းအမြစ်တွယ်၍အချင်းချင်းယုံကြည်မူတည် ဆောက်ကာနာကျည်းမူများကိုတွေးဆုံဆွေးနွေးမူဖြင့်ကျော်လွှားနိုင်ရန်၊ လက်ဘနွန်နိုင်ငံ၏ခေါင်းဆောင်များအားလည်း တိုင်းပြည် ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်နှင့်ပြုပြင်ပြောင်းလဲရေးအတွက်လုပ်ဆောင်ကြရန်၊ သို့မှသာတိုင်းပြည်ကမျှော်မှန်း ထားသောလွတ်လပ်ခြင်းနှင့်အတူ တကွငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးဆီသို့တက်လှမ်းနိုင်မည်ဖြစ်သည်။

ကမ္ဘာကြီး၏အခြားတစ်ဖက်သို့ငဲ့စောင့်ကြည့်လိုက်သော အခါ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း ယူကရိန်အရှေ့ခြမ်း၌ဖြစ်ပွားနေသောစစ်မီးငြိမ်းသွားစေရန်ဆုတောင်းခဲ့သည်။

အထူးသဖြင့်ဤအခြေအနေသို့ကျရောက်နေသောသည့် Burkina Faso, Mali, Niger, Ethiopia, Mozambique, South Sudan, Nigeria, Cameroon နိုင်ငံများ၌ ဖြစ်ပွားနေသောလက်နက်ကိုင်ပဋိပက္ခများအမြန်ဆုံးအဆုံး သတ်နိုင်ရန်ဆု တောင်းပေးခဲ့သည်။ ရဟန်းမင်းကြီးသည် အမေရိကားတိုက်အတွက်လည်းဆုတောင်းပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချီလီနှင့်ဗင်နီဇွဲလားနိုင်ငံများသည် ကိုးဗစ် (၁၉) ၏တိုက်ခိုက်မူကိုအလူးအလဲခံခဲ့ရသည်။ ထို့အတူသဘာ၀ဘေးဒဏ်ကိုဆိုး ဆိုးရွားရွားခံခဲ့ရသောဖိလစ်ပိုင်နှင့်ဗီယက်နမ်နိုင်ငံများအတွက်လည်းဆုတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးသည်ပါကစ္စ တန်နိုင်ငံ၌ခိုလုံနေကြသောဘင်ဂါလီများ၏ဒုက္ခကိုလည်းမေ့မထားနိုင်။ ၄င်းတို့သည်လုံခြုံမူနှင့်မျှော်လင့်ချက်ရောင် ခြည် များကိုမြင်တွေ့နိုင်ပါစေဟုဆုတောင်းခဲ့သည်။

(မျှော်လင့်ခြင်း၊ နှစ်သိမ့်ခြင်းနှင့်အထောက်အပံ့များကိုဆောင်ယူလာခြင်း)

အလွန်ခက်ခဲသောအခြေအနေကိုကြုံတွေ့နေရသော်လည်း ယေဇူးသူငယ်တော်ကျွန်ုပ်တို့အား ‘နာကျင်မူနှင့်မ ကောင်းမူ’ တို့သည်ဖြင့်ဘ၀သည်အဆုံးမသတ်ပေ။ အဘယ် ကြောင့်ဆိုသော် အတိဒုက္ခရောက်နေသူ၊ ဝေဒနာခံစားနေ ရသူ၊ အထီးကျန်နေသူများအတွက် ငြိမ်းချမ်းရေး၏ လုပ် သားများလည်းမျှော်လင့် ခြင်း ၊ နှစ်သိမ်းခြင်းနှင့်အကူအညီအ ထောက်အပံ့များကိုယူ ဆောင်လာပေးနေကြကြောင်း၊ နိဂုံးအချုပ်အနေဖြင့် ခရစ္ဏမတ်သည်မိသားစုပွဲဖြစ်သော် လည်း မိမိ တို့၏မိသားစုနှင့်ဆုံဆည်းခွင့်အခြေအနေမရကြသောသူများအတွက်လည်းဆုတောင်းပေးပြီး၊ မိသားစုသည်ယုံကြည်ခြင်း ၏ ထောက် တိုင်၊ အခြေအနေအရပ်ရပ်ကိုချစ်ခြင်းဖြင့်လက် ခံရန်နေရာ၊ ဆွေးနွေးညှိ နှိုင်းခြင်း၊ ခွင့်လွှတ်မေ့ပျောက်ခြင်း၊ လူ သားထုအတွက်ငြိမ်းချမ်းရေး၏အရင်းအမြစ်အဖြစ်နားလည်နိုင်ရန် ခရစ္စ မတ်သည်ကျွန်ုပ်တို့အားကူညီပေးပါစေဟုမိန့်ကြား ခဲ့ပါ သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3b8P3bR

Add new comment

1 + 4 =