ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် အန်ဂျေလူးမေတ္တာဆိုသည့် နေရာမှ သခင်ခရစ်တော်ကဲ့သို့ ဘုရားရှင်နှင့်နီးစပ်သောသူများအားအစေခံရန် ခရစ်ယာန်များအား ဖိတ်ခေါ်

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် အန်ဂျေလူးမေတ္တာဆိုသည့် နေရာမှ သခင်ခရစ်တော်ကဲ့သို့ ဘုရားရှင်နှင့်နီးစပ်သောသူများအားအစေခံရန် ခရစ်ယာန်များအား ဖိတ်ခေါ်

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် အန်ဂျေလူးမေတ္တာဆိုသည့် နေရာမှ သခင်ခရစ်တော်ကဲ့သို့ ဘုရားရှင်နှင့်နီးစပ်သောသူများအားအစေခံရန် ခရစ်ယာန်များအား ဖိတ်ခေါ်

တနင်္ဂနွေနေ့တွင် အန်ဂျေလူးမေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ မိန့်ကြားထားသည်မှာ- လက်ဝါးကားတိုင်ကို ထမ်းရွက်ခြင်းဆိုသည်မှာ ဘုရားရှင်နှင့်နီးစပ်သောသူများအားအစေခံရန် မိမိတို့ဘဝကို ရှင်သန်ခြင်းဖြစ်သည်။ 

" တနင်္နွေနေ့ ဧဝံဂေလိတရားတော်မြတ်တွင် သခင်ခရစ်တော်သည် မိမိတပည့်တော်ကြီးများအား သူကိုယ်တိုင် ရင်ဆိုင်ရမည့် ဒုက္ခစရိယာ၊ သေခြင်းတရားနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ဟောကြား‌တော်ခဲ့သည်။ တပည့်တော်ကြီးများ၏ ယုံကြည်ခြင်းသည် လောကဆန်ဆန်၊ လောကနှင့်သာ ရင်းနှီးနေပြီး မရင့်ကျက်သေးသဖြင့် သခင်ခရစ်တော်သွန်သင်ချက်များကို နားလည်နိုင်စွမ်းမရှိခဲ့ကြောင်း ‌ပုပ်ရဟန်းမင်းကြီးမှ ရှင်းပြခဲ့ပါသည်။

စိန့် ပီတာနှင့် အခြားသောတပည့်တော်ကြီးများ၊ ကျွန်ုပ်တို့အတွက်လည်းပဲ ကားတိုင်သည် ခလုတ်တိုင်စရာ ဟု ထင်မြင်ကြသည်။ သခင်ခရစ်တော်အတွက်မူ ခလုတ်တိုက်စရာသည် ကားတိုင်ကို ရှောင်လွဲစေသောအရာ၊ ဆိုလိုသည်မှာ ခမည်းတော်ဘုရား၏ အလိုတော်ကို ရှောင်လွဲခြင်းဟု ယူမှတ်သည်။ ထို့ကြောင့်ပင် သခင်ခရစ်တော်သည် ပီတာအား "အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့" ဟူ၍ ဆုံးမခဲ့သည်။ သခင်ခရစ်တော်၏ စစ်မှန်သော နောက်လိုက်တပည့်များဖြစ်ခြင်း ဧဝံဂေလိတရားနတာ်မြတ်၌ သခင်ခရစ်တော်သည် " ငါ၏ တပည့်၊ ငါ့နောက်လိုက်ဖြစ်လိုသောသူသည် မိမိကိုယ်ကို ငြင်းပယ်၍၊ မိမလက်ဝါးကားတိုင်ကို ထမ်းကာ ငါ့နောက်သို့လိုက်စေ။ ဟူ၍ မိမိနောက်လိုက်သူသည် မည်သူမည်ဝါဖြစ်ရမည်ကို ရှင်းပြခဲ့ပါသည်။

၎င်းမိန့်ကြားချက်အပေါ် ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် မြွက်ကြားထားသည်မှာ- "သခင်ခရစ်တော်သည် စစ်မှန်သော တပည့်နှစ်မျိုးကို ဖော်ပြခဲ့သည်။ မိမိကိုယ်ကို ငြင်းပယ်ခြင်းဆိုသည်မှာ စစ်မှန်သော ပြောင်းလဲခြင်းဖြစ်ပြီး၊ မိမိလက်ဝါးကားတိုင်ကို ထမ်းရွက်ခြင်းဆိုသည်မှာ နေ့စဉ်နှင့်အမျှတွေ့ကြုံရသော ဒုက္ခများကို စိတ်ရှည်စွာ ခံထမ်းခြင်းမျှသာမဟုတ်၊ ပင်ပန်းခြင်းနှင့် ဒုက္ခခံထမ်းရခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မကောင်းမှုများကို တိုက်ခိုက်ရန် ကြိုးပမ်းမှုကို ယုံကြည်ခြင်းနှင့် တာဝန်ဝတ္တရားဖြင့် ခံထမ်းခြင်း ဖြစ်သည်။ ကမ္ဘာကြီး ၏ ကယ်တင်ခြင်း၌ ပါဝင်ခြင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ကမ္ဘာကြီးအားကယ်တင်ခြင်း၌ ပါဝင်ရာတွင် စာစောင်အပေါ် မီးမောင်းထိုးပြထားသည်မှာ " ထို့ကြောင့်၊ "လက်ဝါးကားတိုင်ကို ထမ်းခြင်း" ဆိုသည်မှာ သခင်ခရစ်တော်နှင့်အတူ ကမ္ဘာမြေကြီးအားကယ်တင်ခြင်းဖြစ်သည်ဟု မိန့်မှာခဲ့သည်။

လက်ဝါးကားတိုင်သည် ကျွန်ုပ်တို့အား ညီအစ်ကိုမောင်နှမများအား အစေခံခြင်း၊ အထူးသဖြင့် အငယ်ဆုံးသောသူနှင့် အချိနဲ့ဆုံးသောသူများကို အစေခံခြင်းမှတစ်ဆင့် သခင်ခရစ်တော်နှင့်အတူ တလုံးတစ်ဝတည်းပေါင်းစပ်ရန် ကျွန်ုပ်တို့ဆန္ဒ၏ အမှတ်အသားတစ်ခုဖြစ်သင့်ကြောင်း၊ လက်ဝါးကားတိုင်ဟူသည် ဘုရားရှင်ချစ်ခြင်း၏ မြင့်မြတ်သောအမှတ်အသားနှင့် သခင်ခရစ်တော်၏ ပူဇော်ခြင်းဖြစ်ကြောင်း၊ ၎င်းသည် အယူသီးသော အရာဝတ္ထု သို့မဟုတ် အလှဆင်ရန်လည်ဆွဲများကဲ့သို့ တန်ဖိုးမဲ့စေရမည့်အရာမဟုတ်ကြောင်း မိန့်ကြားခဲ့ပါသည်။ ကျွန်ုပ်တို့သည် လက်ဝါးကားတိုင်ကို ကြည့်သည့်အခါ သခင်ခရစ်တော်သည် သူ၏အလုပ်တာဝန်ကို အသက်ပေးခြင်းအားဖြင့်၊ အပြစ်ခွင့်ချမ်းသာရရန် အသွေးတော်သွန်းခြင်းအားဖြင့် ဖြည့်စည်းခဲ့သည်ကို ထောက်ရှုသုံးသပ်ရပါမည်။

သခင်ခရစ်တော်၏ နောက်လိုက်တပည့်တော်များဖြစ်ရန် ကျွန်ုပ်တို့သည် သူ့အား အတုယူ၍ ကျွန်ုပ်တို့၏ ဘဝအသက်တာကို ဘုရားရှင်နှင့်နီးစပ်သောသူများအားချစ်ခြင်းအတွက် ကျွန်ုပ်တို့၏ ဘဝအသက်တာကို ပြည့်ပြည့်ဝဝ ရှင်သန်သင့်ကြောင်း မိန့်ကြားခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/3bd6XrN

 

 

Add new comment

2 + 5 =