Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီးသည် သူနာပြုဆရာမများ၏ သူရသတ္တိကို ချီးမြှောက်ခြင်း
ပုပ်ရဟန်းမင်းကြီးသည် သူနာပြုဆရာမများ၏ သူရသတ္တိကို ချီးမြှောက်ခြင်း
အင်္ဂါနေ့သည် ကမ္ဘာ့သူနာပြုများ၏နေ့ဖြစ်ပါ၍ ပုပ်ရဟန်းမင်းကြီးသည် သူနာပြုများအတွက် ဆုတောင်းပေးကြရန် ကျွန်ုပ်တို့အားဖိတ်ခေါ်ခဲ့ပါသည်။ ဩဝါဒမြွတ်ကြားစဉ်တွင်၊ လောကပေးသော ငြိမ်းချမ်းခြင်းနှင့် ယေဇူးသခင်ပေးသော ငြိမ်းချမ်းခြင်း၏ ကွာခြားပုံကို ဖွင့်ဆိုခဲ့ပါသည်။......
ပုပ်ရဟန်းမင်းကြီးသည် အင်္ဂါနေ့မနက်၊ Casa Santa Marta ဘုရားကျောင်း၌ ကျင်းပသော မစ္ဆားတရားတော်မြတ်၌ သူနာပြုဆရာမများအတွက် အထူးပူဇော်ဆုတောင်းပေးခဲ့ပါသည်။ သူနာပြုအလုပ်သည် ကျွမ်းကျင်သောပညာရပ်တစ်ခုသာမက ခေါ်တော်မူခြင်းတစ်မျိုးဖြစ်ကြောင်း မိန့်ဆိုခဲ့လေသည်။ အထူးသဖြင့် ဤကပ်ဆိုက်သောကလ၌ သူနာပြုများသည် မိမိတို့အသက်ကိုပင်ပေးကြသော သူရသတ္တိရှိသောသူများဟု သတ်မှတ်ခြင်းခံကြရသော ခေါ်တော်မူခြင်းတစ်မျိုးဖြစ်ကြောင်း အသိအမှတ်ပြုခဲ့လေသည်။..........
ဩဝါဒတရားတော်....
* လောက၏ ငြိမ်းချမ်းခြင်းနှင့် ခရစ်တော်၏ ငြိမ်းချမ်းခြင်း*
ဩဝါဒမြွတ်ကြားရာ၌၊ ပုပ်ရဟန်းမင်းကြီးသည် ရှင်ယောဟန်(၁၄း၂၇) တွင်ဖော်ပြသော "သင်တို့အား ငြိမ်းချမ်းခြင်းကို ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အားငါပေး၏။" ဟူသော သခင်ယေဇူး၏ နှုတ်တော်ထွက်စကားကို ထောက်ရှုမြွတ်ကြားခဲ့ပါသည်။ ........
ရဟန်းမင်းကြီး သည် စစ်မဲ့ခြင်းမှ လာသောငြိမ်းချမ်းခြင်းသည် "ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းခြင်း" မဟုတ်။ အမှန်မှာ စိတ်နှလုံး၌ ငြိမ်းချမ်းခြင်း၊ စိတ်ဝိညာဉ်၌ ငြိမ်းချမ်းခြင်း၊ ကျွန်ုပ်တို့ အတွင်းစိတ်၌ ငြိမ်းချမ်းခြင်းကို ဆိုလို ကြောင်း။" မိန့်ဆိုခဲ့လေသည်။
ဧဝံဂေလိကျမ်းစာတော်မြတ်၌ သခင်ခရစ်တော်မိန့်တော်မူသော ငြိမ်းချမ်းခြင်းဆိုသည်မှာ လောကီငြိမ်းချမ်းခြင်းမဟုတ်။ လောကမှမပေးသော ငြိမ်းချမ်းခြင်းကို ဆိုလိုသည်။ "ဤလောက၏ ငြိမ်းချမ်းခြင်းသည်ကား လောကီပစ္စည်းဥစ္စာအားဖြင့် အပေါ်ယံမျှကျွန်ုပ်အားကျေနပ်စေသော ငြိမ်ချမ်းခြင်းဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးမိန့်ဆိုခဲ့လေသည်။ ၎င်းငြိမ်းချမ်းခြင်းသည်၊ ကိုယ်ပိုင်ပိုင်ဆိုင်မှု၊ တခြားသူများမှ သီးခြားထားရှိထားသော အရာ၊ကျွန်ုပ်အတွက်သာ သိမ်းဆည်းထားသော အရာဖြစ်ကြောင်း မိန့်ကြားခဲ့လေသည်။ သတိမမူလျှင်၊ ထိုသို့သော ငြိမ်းချမ်းခြင်းသည် ကျွန်ုပ်တို့အား စိတ်အေးချမ်းစွာ နေနိုင်ရန် အယုံသွင်း၍ မိမိအတွက်သာမိမိ ဟူသောအယူဝါဒဖြင့်ပိတ်ဆို့ခံရပြီး ဘဝနိဂုံးချုပ်သွားတတ်သည်။ ၎င်းသည် အနည်းငယ်တစ်ကိုယ်ကောင်းဆန်သည်။ ဟု လည်း ရဟန်းမင်းကြီး မိန့်ဆိုခဲ့လေသည်။ ထိုကဲ့သို့သော ငြိမ်းချမ်းခြင်းမျိုးကို ရှာသောသူတို့သည်၊ သူတို့အား ၎င်း ငြိမ်းချမ်းခြင်းကိုပေးသောအရာသို့ အမြဲပြောင်းလဲကြရသည်။ အကျိုးမရှိသော ယာယီမျှသာဖြစ်သော ငြိမ်ချမ်းခြင်းဖြစ်သောကြောင့် တန်ဖိုးကြီးခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။.....
*ကောင်းကင်သို့ မျှော်မှန်းသောငြိမ်းချမ်းခြင်း *
သခင်ခရစ်တော်ပေးသော ငြိမ်းချမ်းခြင်းသည် ခြားနားလှ၏်။ ၎င်းငြိမ်းချမ်းခြင်းသည်၊ သင့်အား လှုံ့ဆော်မှုပေး၏။ သင့်အား တစ်ကိုယ်တည်းသီးခြားခွဲခြားမထား။ သခင်ခရစ်တော်ပေးသော ငြိမ်းချမ်းခြင်းကား သင့်အားအဖွဲ့အစည်းနှင့် ဆက်သွယ်ရေး ဖန်တီး ရန် တစ်ခြားသူများထံသို့ လက်ကမ်းပေးရန် ဦးဆောင်သည်။ ကမ္ဘာလောက ငြိမ်းချမ်းခြင်းသည် သင့်အားကြီးမားသော ဆုံးရှုံးမှုကို တောင်းဆိုချိန်တွင် သခင်ခရစ်တော်ပေးသော ငြိမ်းချမ်းခြင်းသည် ဘုရားပေးသောအခမဲ့လက်ဆောင်ဖြစ်၏။
ပုပ်ရဟန်းမင်းကြီးသည် ဧဝံဂေလိကျမ်းစောင်မှ မိမိစပါးတိုက်တွင် စပါးများဖြင့်ပြည့်လျက် မိမိကိုယ်ကိုယ် ချီးမွမ်ပြီး နောက်ထပ် စပါးတိုက်များတည်ရန်ကြံစည်နေသော ချမ်းသာသော သူဋ္ဌေးသူကြွယ်အကြောင်းကို ပုံဥပမာပေးခဲ့သည်။ ထိုသူအားဘုရသခင်မိန့်တော်မူသည့်မှာ "အချင်း မိုက်မဲသောသူ၊ ယနေ့ည သင့်ဝိညာဉ်သည်၊ သင့်ကိုအလိုရှိ၏။ သင်ပြင်ဆင်ထားအရာများသည် အဘယ်သူအတွက်ဖြစ်မည်နည်း?ဟုမေးတော်မူခဲ့သည်။ (သံလုကား ၁၂း ၂၀) လောက၏ ငြိမ်းချမ်းခြင်းသည် အနာဂတ် ကောင်းကင်တံခါးကို မဖွင့်ပေး။ သို့သော် တစ်ဦးတစ်ယောက်နှင့်သာသက်ဆိုင်ကြောင်း ရရဟန်းမင်းကြီး မိန့်ကြားခဲ့ပါတယ်။
တစ်ဘက်တွင် သခင်ခရစ်တော်ပေးသော ငြိမ်းချမ်းခြင်းသည်၊ ဘုရားသခင်အား အမြဲဦးတည်၏။ ယနေ့အတွက်သာ ငြိမ်းခြမ်းခြင်းမဟုတ်။ သို့သော် အနာဂတ်အတွက်ဖြစ်သည်။ ကောင်းကင်နိုင်ငံ၏ အကျိုးမြတ်များနှင့် ကောင်းကင်ဘုံတွင် ရှင်သန်ရန် စတင်ခြင်းဖြစ်သည်။လာကီငြိမ်းချမ်းခြင်းသည် ကျွန်ုပ်တို့အား မူးယစ်ဆေးဝါးကဲ့သို့ မူးဝေအိပ်စက်စေသည်။ သို့သော် ကျွန်ုပ်တို့သည် တစ်ခြားသောက်ဆေး အမြဲလိုနေသည်။ လောက၏ ငြိမ်းချမ်းခြင်းသည် ယာယီဖြစ်သောကြောင့် တန်ဖိုးကြီး၏။ သို့သော် ခရစ်တော်ပေးသော ငြိမ်းချမ်းခြင်းကား ခိုင်မာ၍၊ အကိုးမြတ်ခံစားကာ ကိုယ်မှတစ်ဆင့် တခြားသူများလည်း ခံစားနိုင်သော ငြိမ်းချမ်းခြင်းဖြစ်၏။ "ဟု မိန်ဆိုခဲ့သည်။
ပုပ်ရဟန်မင်းကြီးသည် ဩဝါဒအဆုံး၌.. " ဘုရားသခင်သည် ကျွန်ုပ်တို့အား ပါရာဒီဇူးဘုံ၏ ခိုင်မြဲသောငြိမ်းချမ်းခြင်းကို ရှာဖွေသော အဖွဲအစည်းကို ထူထောင်သော၊ မျော်လင့်ခြင်းကိုပေးသော ငြိမ်းချမ်းခြင်း ကို ကျွန်ုပ်တို့အားပေးသနားပါစေ။ " ဟုဆုတောင်းမေတ္တာ ရွက်ဆိုကာ အဆုံးသတ်ခဲ့လေသည်။
ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA
Photo credit: Justina
Add new comment