ပုပ်ရဟန်းမင်းကြီးရဲ့ ဇူလိုင်လအတွက်ဆုတောင်း ရည်ရွက်ချက်

ပုပ်ရဟန်းမင်းကြီးရဲ့ ဇူလိုင်လအတွက်ဆုတောင်း ရည်ရွက်ချက်ကတော့ "လူမှုဆက်ဆံရေး" ဖြစ်ပါတယ်။

သမ္မာကျမ်းစာက သူငယ်ချင်း တစ်ယောက်ကို ရှာတွေ့သူဟာ ရတနာတစ်ခုကို ရတာနဲ့တူတယ်လို့ ဆိုထားပါတယ်။ မိမိအသိမိတ်ဆွေအဖွဲ့တွေထက် ကျော်လွန်ပြီး လူမှုဆက်ဆံရေးတွေတည်ဆောက်ကြဖို့ အားလုံးကို ကျွန်ုပ်ဖိတ်ခေါ်ပါတယ်။ ကျွန်ုပ်တို့ဟာ အစွန်းအဖျားဒေသက အချွတ်ခြုံကျဆုံးနဲ့ အထိခိုက်လွယ်ဆုံး လူတွေနဲ့ ဆန်းသစ်ထိတွေ့မှုတွေ လိုအပ်ပါတယ်။ လူတွေကို အတိဒုက္ခရောက်စေပြီး အနှစ်သာရမရှိတဲ့ စကားတွေပြောပြီး ဘာဖြေရှင်းချက်မှ မလုပ်ပေးဘဲ ခေါင်းပုံဖြတ်နေကြတဲ့ အဲဒီလိုမျိုး လူထု နိုင်ငံရေး ကိုယ်စားလှယ်တွေနဲ့ ကျွန်ုပ်တို့ဝေးဝေး ရှောင်ပြီး နေသင့်ပါတယ်။ ပျက်စီးစေပြီး နောက်ပိုင်းမှာ အစွန်းနှစ်ရပ်အဖြစ်သာ ကျန်ရစ်စေတဲ့ ရန်လိုမုန်းထားမှုကိုကျွန်ုပ်တို့ ရှောင်ရှား ရပါမယ်။ အဲဒီလိုလုပ်ဆောင်ဖို့ တကယ့်ကို မလွယ်ပါဘူး၊ အထူးသဖြင့် ဒီကနေ့ နိုင်ငံလောကတွေမှာ အဖွဲ့အစည်းနဲ့လူမှုကွန်ယက်တွေမှာ ရန်သူတွေဖန်တီးပြီး အာဏာကစားပွဲ အောင်ဖို့ ပြိုင်ဆိုင်နေကြလို့ ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုက လက်တွေအဖြသ်အပျက်ကို နည်းလမ်းသစ်နဲ့ ကြည့်နိုင်ဖို့အတွက် လမ်းကြောင်း တစ်ခု ဖြစ်ပါတယ်။ ဒါမှလည်းကျွန်ုပ်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို လူအများ ကောင်းကျိုးဆီသို့ ဖန်တီးဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ နေထိုင်နိုင်မှာ ဖြစ်တယ်။ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးပဋိပက္ခအခြေအနေတွေကို ကျွန်ုပ်တို့ဟာ သတ္တိရှိပြီး ပြင်းပြတဲ့ စိတ်ဆန္ဒ၊ ခင်မင်ရင်းနှီးမှုနဲ့အတူ တွေ့ဆုံဆွေးနွေးမှု နည်းလမ်း ဖန်တီးနိုင်ဖို့၊ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ အမြဲတမ်း ကူညီရိုင်းပင်းတဲ့ လက်တွေကို တွဲထားပြီး ရန်လိုမုန်းတီးမှုနဲ့ စစ်ပွဲတွေ ပပျောက်နိုင်အောင် ဆုတောင်းကြပါစို့။

✍️ထန်းဟာ, SJ

Source: Catholic News Service

Add new comment

4 + 3 =