ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၏ ဆေးကြောခြင်းခံယူသော အမည်နာမ ရဟန္တာ ဂျော့ ပွဲ​နေ့ အမှတ်တရ စိတ်ပုတီးများ လူငယ်များအား လက်ဆောင် ပေးခြင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၏ ဆေးကြောခြင်းခံယူသော အမည်နာမ ရဟန္တာ ဂျော့ ပွဲ​နေ့ အမှတ်တရ စိတ်ပုတီးများ လူငယ်များအား လက်ဆောင် ပေးခြင်း
ဧပြီလ ၂၂၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၏ ဆေးကြောခြင်းခံယူသော အမည်နာမ Jorge (George) Mario Bergoglio, ရဟန္တာ ဂျော့ ဓမ္မအာဇာနည် ပွဲ​နေ့ ဧပြီလ ၂၃ ရက်နေ့၊ မီလန် ဂိုဏ်းချုပ်သာသနာတွင် ကမ္ဘာ့လူငယ်များနေ ကျင်းပခြင်းအခမ်း​အနားတွင် ပါဝင်သော လူငယ်များကို ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ စိတ်ပုတီး အကုံး ၆၀၀၀ အမှတ်တရ လက်ဆောင်အဖြစ်ဝေပေးခဲ့ပါသည်။

ခရစ်ယာန်တို့ ၏ ဆေးကြောခြင်း ခံယူသော အခါ မိမိတို့ခံယူထားသည့် ရဟန္တာ တို့၏ အမည်နာမပွဲ​တော်နေ့ကို ကျင်းပခြင်းအစဉ်​အလာရှိပါသည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၏ ဆေးကြောခြင်းခံယူသော အမည်နာမ Jorge (George) Mario Bergoglio, ရဟန္တာ ဂျော့ ဓမ္မအာဇာနည် ပွဲ​နေ့ ဧပြီလ ၂၃ ရက်နေ့ တွင် ဂျေရုဆလင်မြို့ ကရုနာ​ရေးအသင်း၏ ထောက်ပံ့မူဖြင့် ဆင်ရဲသားများ၊ ဒုက္ခသည်များ နှင့် ထောင်ကျ​နေသော မိသားစုဝင်များ၏ လုပ်အားမှ ဖြစ်ပေါ်လာသော သန့်ရှင်း​သောမြေမှ သံလွင်သားဖြင့်ပြုလုပ်သော စိတ်ပုတီးများ ကို ဝေမျှခဲ့ပါသည်။

ယင်းအခမ်း​အနားတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ လူငယ်များအား မယ်တော်သခင်မထံအပ်နှံပူဇော်၍ သူ့အတွက် အထူးဆုတောင်းပေးကြရန် တောင်းဆိုခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-04/pope-francis-name-day-sa...

#pope, #george, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

6 + 13 =