ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အီတလီ နိုင်ငံ ကာမာရီးနို ဒေသတွင် ဟောကြားခဲ့သော သြဝါဒ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အီတလီ နိုင်ငံ ကာမာရီးနို ဒေသတွင် ဟောကြားခဲ့သော သြဝါဒ
ဇွန်လ ၁၆၊ ၂၀၁၉

လွန်ခဲ့သော သုံး နှစ် အောက်တိုဘာ ၂၄ နှင့် ၃၀ ရက် က အီတလီနိုင်ငံ တောင်ပေါ်မြို့များအနီး ကာမာရီးနိုဒေသတွင် ၆.၆ ပြင်အားရှိ ငလျှင် လှုပ်​်ခတ်ခဲ့မူကြောင့် လူပေါင်းသုံးရာနီးပါး သေဆုံးခဲ့ရသည့် ဒေသတွင် အောက်မေ့ဖွယ်ရာနေ့အဖြစ် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မစ္တားတရားတော်မြတ် ဟောကြားခဲ့ပါသည်။

ယင်းမစ္တားတရားတော်မြတ်တွင် ဆာလံ ၈ ကို အခြေခံပြီး အတူတကွပြန်လည်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း နှင့် အမှတ်ရခြင်း ခေါင်းစဉ်သုံးခုဖြင့်ဟောကြားခဲ့ပါသည်။

အမှတ်ရခြင်း၊ နှလုံးသားဖြင့်ပြန်လှည့်လာခြင်းဆိုတာ ဘုရားသခင်က တို့ရဲ့ အားနည်းခြင်းချို့တဲ့ခြင်းတွေကို သိမြင်တဲ့အတိုင် အမှတ်ထားတော်မူတယ်၊ လက်ခံတော်မူတယ်၊ ပြီးတော့ တို့ဆီကို ကြင်နာတဲ့ နှလုံးသားနဲ့ပြန်ပေးတယ် ဘာဖြစ်လို့လည်းဆိုတော့ တို့က သူနှလုံးသားထဲမှာရှိနေလို့ပါ။

တို့တွေဟာ ဒီကမ္ဘာကြီးနဲ့နှိုင်းယှဉ်ရင် ဘာမှပြောစရာမရှိလောက်အောင် စွမ်းအားမဲ့၊ သေးငယ်သောအရာလေးဖြစ်နေတယ်။ ဒါပေမဲ့ ဘုရားသခင်အတွက် တို့တတွေ အရောက်တိုင်းစီဟာ အရန်းတန်​ဖိုးကြီးမားကြပါတယ်။ အမှတ်ရခြင်းဟာ ဘဝမှာအရေးကြီးတဲ့အရာဖြစ်တယ်၊ အဲ့ဒီ အမှတ်ရခြင်းဟာ လက်မြောက် အရူံးမပေးဖို့ ခွန်အားပေးနေသော အရာလည်းဖြစ်တယ်၊ တို့ မလိုချင်တဲ့ နားကြည်းစရာတွေ အတိတ်ဆိုးတွေက ပြန်ပြန် အမှတ်ရစေတာကို လက်ခံပါတယ်။ တို့ကို ထောင်သားကဲ့သို့၊ လေဖြတ်ခံထားသူကဲ့သို့ ဖြစ်စေသော အတိတ်က မကောင်းတဲ့ အဖြစ်အပျက် အမှတ်တရတွေကနေ တို့ကို ကယ်ထုတ်ပေးဖို့ တို့ရဲ့ နှလုံးသားထဲမှာ ကယ်တင်ရှင်ရှိတယ်၊ ဒါပေမဲ့ သိထားရမှာက တို့ဒုက္ခအခက်အခဲ​တွေကို အလျှင်အမြန်၊ အလွယ်တကူ ဖြေရှင်းပေးတဲ့နည်းလမ်းတော့ သခင်ခရစ်တော်ကမပေးပါဘူး။ သူက တို့အတွက် တို့တတွေကို နှစ်သိမ့်ပေးမည့်သူ သန့်ရှင်းသောဝိညာဉ် တော်ဘုရားကို စေလွတ်ပေးတယ်၊ သန့်ရှင်းသောဝိညာဉ်တော်က တို့ရဲ့ အတိတ်ဒဏ်ရာတွေကို ကယ်တင်ပေးတဲ့ အမှတ်တရတွေ အဖြစ် ပြောင်းလဲ​ပေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သန့်ရှင်းသောဝိညာဉ် တော်ဘုရားဟာ ပြန်လည်တည်ဆောက်ပေးသူဖြစ်လိုပါပဲ။

မျှော်​လင့်ခြင်းနဲ့ပတ်သက်လို့ လောကမျှော်လင့်ခြင်းတွေဟာ ခဏတဖြုတ်သာဖြစ်တယ်၊ သူတို့မှ အကန့်အသတ်တွေရှိတယ်၊ အခြားတဖက်မှာတော့ ဝိညာဉ်ရဲ့မျှော်လင်ခြင်းဟာ ထာဝရဖြစ်တယ် ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ သစ္စာရှိမှုအပေါ်မှာအခြေခံလို့ဖြစ်တယ်။ အဲ့ဒီယုံကြည်မျှော်လင့်ခြင်းက တို့ကို ဘယ်တော့မှ တစ်ယောက်ထဲရုန်း​ကန်နေရတယ်လို့ မခံစားစေလို့ဖြစ်တယ်၊ အဲ့ဒီမျှော်လင့်ချက်က ဘယ်သောအခါမှ စိတ်ပျက်အားငယ်ခြင်းကို မဖြစ်ပေါ်စေဘူး။

ပုဂ္ဂိုလ် ​သုံးပါးတစ်ဆူ ဘုရားဆိုတာ နက်နဲတဲ့ ဓမ္မသဂြိုလ် ပညာကို ဖော်ပြတာမဟုတ်ဘူး၊ ဘုရားသခင်ရဲ့ နက်နဲ​သော အတူတကွရှိခြင်းကို ဖော်ပြခြင်းဖြစ်တယ်၊ ဘုရားက အမြင့်ကြီးမှာ အဝေးကြီးမှာ ရှိနေတာမဟုတ် တို့နဲ့အတူရှိနေတာ၊ အဲ့တာကို နားလည်ဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက လုပ်ဆောင်ပေးနေတာဖြစ်တယ်။ အဲ့ဒီသန့်ရှင်းသောဝိညာဉ်တော်က အရာရာကိုပြည်လည်တည်ဆောက်တည့်မတ်ပေးတယ်။ ၂၀၁၆ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ငလျှင် ဒဏ် ဒုက္ခတွေ၊ မီဒီယာ သတင်​း​တွေ ၊ ​ပေးခဲ့တဲ့ ကတိကဝတ်​​တွေ မေ့ကုန်ကြပေမဲ့၊ ဘုရားသခင်ကတော့ အဲဒီခံစားခဲ့ရတဲ့ဒုက္ခတွေကို မမေ့လျှော့ဘဲ တို့ကို အမြဲသတိရဖို့၊ အတူတကွပြန်လည်တည်ဆောက်ဖို့၊ အတူတကွလုပ်ဆောင်ကြဖို့ တွန်းအားပေးနေတာကို သတိရကြရမယ်။

ဒီကနေ့ ကျွနု်​ပ်သင်တို့စီကိုလာရောက်ခဲ့ခြင်းဟာ တို့နဲ့အတူရှိတော်မူသောဘုရား၊ မျှော်လင့်ခြင်းပေးသော ဘုရားသခင်စီမှာ၊ ကမ္ဘာလောကကြီးတည်ငြိမ်မူမရှိပေမဲ့ တို့ရင်ထဲမှာ တည်ငြိမ်စေသော ဘုရားသခင်ထံ သင်တို့နှင့်အတူဆုတောင်းဖို့ လာခဲ့ခြင်းဖြစ်တယ်။

https://www.vaticannews.va/en/pope/news/2019-06/pope-at-mass-in-camerino...

#pope, #camerino, #earthquake, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 9 =