ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အကြားအာရုံချို့တဲ့ သူများ နှင့် တွေဆုံခဲ့ခြင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အီတလီနိုင်ငံ ရှိ အကြားအာရုံချို့ယွင်းသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဝင်များကို အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းတွင် အမူအရာဖြင့် ဆက်သွယ်စကားပြော အကူ အညီဖြင့် သီခြားလက်ခံတွေ့ဆုံခဲ့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အကြားအာရုံချို့တဲ့ သူများ နှင့် တွေဆုံခဲ့ခြင်း
ဧပြီလ ၂၅၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် အီတလီနိုင်ငံ ရှိ အကြားအာရုံချို့ယွင်းသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဝင်များကို အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းတွင် အမူအရာဖြင့် ဆက်သွယ်စကားပြော အကူ အညီဖြင့် သီခြားလက်ခံတွေ့ဆုံခဲ့ပါသည်။

အီတလီနိုင်ငံ ရှိ အကြားအာရုံချို့ယွင်းသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ၁၉၂၀ ကစတင်ဖွဲ့စည်းခဲ့ပါသည်၊ ယင်းအဖွဲ့အစည်းသည် အကြာ နှင့် အပြော အာရုံ ချို့ယွင်းသူများ ကို နှိမ့်ချဆက်ဆံခြင်း၊ ပြစ်ပယ်ထားခြင်းနှင့် အထီးကျန်ဆန်သော ဘဝများမှ ကယ်တင်ကူညီရန် ရည်ရွယ်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။

ယင်းအဖွဲ့အစည်း နှင့် တွေ့ဆုံခြင်းတွင် ပြစ်ပယ်မုန်းတည်း ခြင်းကို ဖယ်ရှားပြီး ထည့်သွင်းအသုံးပြုြုခင်းကို ကိုင်တွယ် လုပ်ဆောင်နေကြသူများ အဖြစ် အသိအမှတ်ပြုခဲ့ပြီး၊ ဒီအလုပ်ဟာ စွန့်အ နားမကြားသူများ ကို ထိရောက်စွာကူညီပေးပြီးသူတို့ဘဝ တန်ဖိုးကို ဝိညာဉ်ရေးရာကဏ္ဍ၊ မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်း၊ ရရှိထားသော အရည်အခြင်းများကို ဖော်ထုတ်အသုံးပြုစေ ခြင်းတို့တွင် ထိရောက်စေသော လုပ်ငန်း တစ်ခုဖြစ်ပါသည်။

စွန့်အနားမကြားသူများနှင့် တွေ့ဆုံခြင်းတွင် မိမိကိုယ်ကို မသိမ်ငယ်ကြဖို့၊ မကောင်းမူ့ထက် ကောင်းသော အရာများ ပြုလုပ်ကြဖို့ ကောင်းမွန်သော လူအဖွဲ့အစည်းကို တည်ဆောက်ကြဖို့ မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဘုရားသခင်ရဲ့ တည်ရှိခြင်းကို သိနိုင်တာက အကြားအာရုံအားဖြင့် မဟုတ် ယုံကြည်ခြင်းအာဖြင့်သာဖြစ်တယ်။ ဘုရားသခင်က လူတိုင်ရဲ့ နှလုံးသားထဲကနေ ပြောနေတယ်၊ ဆက်သွယ်နေတယ်၊ အဲ့တာကြောင့် လူတိုင်ကြားနိုင် ထိတွေ့ခံစားနိုင်တယ်၊ ဘုရားသခင်ရဲ့ အသံကို ပိုမိုအာရုံပြုကြရမယ်၊
သင်တို့၏ တက်စွမ်းသမျှသော အရာများဖြင့် လောကလူ့ဘောင်ကို ကောင်းကျိုးပြုကြပါ သင်တို့ နှင့် အတူ ကမ္ဘာပေါ် ရှိ အပြော၊ အကြား အာရုံးချို့တဲ့သူများအတွက် ကျွန်ုပ်ဆုတောင်းပေးနေပါတယ်။

 

https://www.vaticannews.va/en/pope/news/2019-04/pope-francis-italian-fed...

#pope, #thedeaf, #help, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 5 =