ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရိုမေးနီးယား သို့ မေလ ၃၁ ရက်မှ ဂျွန်လ ၂ ရက်နေထိ သိုးထိန်​းခရီးစဉ်အတွက် ဗီဒီယို သတင်းစကား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရိုမေးနီးယား သို့ မေလ ၃၁ ရက်မှ ဂျွန်လ ၂ ရက်နေထိ သိုးထိန်​းခရီးစဉ်အတွက် ဗီဒီယို သတင်းစကား
မေလ ၂၈၊ ၂၀၁၉

ရိုမေးနီးယား မှ ချစ်လှစွာသော ညီကိုယ်မောင်နှအပေါင်းတို့ ရက်အနည်​းငယ်သာ ကျန်ရှိတော့သည့် သင်တို့ထံသို့ ကျွနု်​ပ်၏ ခရီးစဉ်မတိုင်မှီ ကျွန်​ုပ်ကို ဝမ်းမြောက်ပျော်ရွှင်စေသောကြောင့် သင်တို့ကို လှိုက်လှဲစွာ နုှတ်ဆက်လိုက်ပါသည်။

လှပမူ့နှင့် ကြိုဆိုနေသော သင်တို့၏ နိုင်ငံသို့ ညီကိုတစ်ယောက်အနေနှင့် ဘုရားဖူးခရီးစဉ်အဖြစ် ကျွနု်​ပ်ကြွလာပါမည်၊ ကျွနု်​ပ်ကို ဖိတ်ကြားခြင်းနှင့် သင်တို့၏ အပြည့်အဝပါဝင်ပူးပေါင်းဆောင်ရွက်မူ့များအတွက်နိုင်ငံတော်သမတ္တ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကိုကျေးဇူးတင်ပါသည်။ ရိုမေးနီးယားရှိ ကက်သလစ်ခရစ်ယာန် သိုးထိန်းမျာ၊ ဘာသာဝင်များအပါအဝင်၊ ရိုမေးနီးယား သြသဒေါ့စ် အသင်းတော်၏ အမြဲတမ်း ညီလာခံ၊ အသင်းတော်အကြီးအကဲများ နှင့် ဝမ်းမြောက်ဝမ်းသာစွာ တွေ့ဆုံမည့်အရေးကို ကျွနု်ပ်မျှော်လင့်နေပါသည်။

သခင်ခရစ်တော်၏ တပည့်တော်ကြီးများ လက်ထပ်​ကတည်းက အထူးသဖြင့် ရှေးထုံးအစဉ်အလာအရ သင်တို့ဒေသသို့ ယုံကြည်ခြင်းကို သယ်ဆောင်ပေးခဲ့သူများ ဖြစ်သည့် ပီတာ နှင့် အန္ဒြေယ တို့ကိုစည်းလုံးစေခဲ့သော ယုံကြည်ခြင်းက ကျွနု်​ပ်​တိုူိ့ကို စည်းလုံးစေခဲ့သော ခိုင်မာသည့် ယုံကြည်ခြင်းဖြစ်တယ်။သူတို့နှစ်ဦးဟာ ဘုရားသခင်အတွက် အသက်သွေး သွန်းလောင်းပေးဆပ်ခဲ့ကြသော ညီအစ်​ကို အရင်း​တွေဖြစ်ကြတယ်။ သင်တို့အထဲမှာလည်း ဘုရားသခင်အတွက် အသက်ပေးခဲ့ကြသော ဓမ္မအာဇာနည်းများ မြောက်များစွာရှိခဲ့တယ်၊ ယနေ့ခေတ်လက်ရှိအချိန်မှာတောင် ဂရိ နိုင်ငံက မကြာမှီသူတော်စဉ်များအဖြစ် ကျွနု်​ပ်ကြေငြာမည့် ကက်သလစ်ဆရာတော် ၇ ပါး၊ သူတို့အသက်ကိုပေးဆပ်သည့်အထိ ပူဇော်အနစ်နာခံခဲ့ကြသော မမေ့မပြောက်အပ်သည့် တန်ဖိုးရှိသော သမိုင်းမှတ်တိုင်တွေဖြစ်တယ်။ တို့ကို ယင်းသမိုင်မှတ်တိုင်တွေကနေမဝေးကွာစေဖို့၊ ငါတို့အတူတကွဝေမျှကြဖို့ ဖိတ်ခေါ်နေသော အများပိုင် သမိုင်အမွေအနှစ်ဖြစ်တယ်။

ကျွနု်​ပ်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်၊ ကျွနု်​ပ်တို့နှင့်နီးစပ်သော ညီကိုမောင်နှမတွေကို စောင့်ရှောက်ဖို့ ကျွနု်​ပ်တို့ရဲ့ ကြောက်စိတ်၊ သံသယစိတ်များကို ဖယ်ရှာပြီး၊ တပါးသူကို လဲကျစေသည့် အဟန့်အတားအစည်​းကိုဖယ်ရှားပြီး၊ အတူထာဝရရှိခဲ့သော ယုံကြည်ခြင်း အရင်းအမြစ်ကို မိသားစုဝင်များအဖြစ် အတူတကွ လေ့လာလျှောက်လှမ်းကြဖို့ သင်တို့နှင့်အတူ ခရစ်ဆက်ဖို့ ကျွန်ုပ်လာခဲ့မယ်။

သင်တို့တတွေ ကျွနု်​ပ်၏ ခရီးစဉ် အတွက်စိတ်အား ထက်သန်စွာ ပြင်ဆင်နေကြမည်ကို ကျွနု်​ပ်သိပါသည် ထို့အတွက့်ကြောင့်ကျွန်​ုပ် နှလုံးသားထဲမှ သင်တို့ကို လှိုက်လှဲစွာကျေးဇူးတင်ပါသည်။ကျွန်​ုပ်၏ ဆုတောင်းမေတ္တာပြုခြင်း၌ သင်တို့နှင့်အတူရှိနေကြောင်း နှင့် ကျွနု်ပ်၏ ကောင်းကြီးမင်္ဂလာ ကို ပေးသနားလိုက်ပါသည်။

ကျွန်ု​ုပ်အတွက်လည်း ဆုတောင်းပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါသည်။ Good Bye..!

https://www.vaticannews.va/en/pope/news/2019-05/pope-francis-pastoral-vi...

#pope, #romania, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

18 + 1 =