ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မြောက် မာချေဒီုးနီးယား ပြည်သို့ ၂၀၁၉ ခု မေလ ၆ ရက် အင်္ဂါနေ့ မှာ သွားရောက် လည်ပတ်မည့် သိုးထိမ်း ခရီးစဉ် အတွက် အကြို ဗီဒီယို သတင်းစကားပေးပို့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မြောက် မာချေဒီုးနီးယား ပြည်သို့ ၂၀၁၉ ခု မေလ ၆ ရက် အင်္ဂါနေ့ မှာ သွားရောက် လည်ပတ်မည့် သိုးထိမ်း ခရီးစဉ် အတွက် အကြို ဗီဒီယို သတင်းစကားပေးပို့
မေလ ၄၊ ၂၀၁၉

ချစ်လှစွာသော မြောက် မာချေဒီုးနီးယား မှ ညီကိုယ်မောင်နှမအပေါင်းတို့ သင်တို့နှင့်အတူ သင်တို့တိုင်းပြည်မှာရှိသော အသင်းတော် အတွက် ဒီသတင်းစကားအတိုလေးအားဖြင့် ကျွနုပ်၏ ပျော်ရွှင်ဝမ်းမြောက်မှု နှင့် ချစ်ခြင်းမေတ္တာ ကို ဖော်ပြခြင်ပါသည်။

သင်တို့ နိုင်ငံလွတ်လပ်ရေးရပြီးနောက် ဗာတီကန် ရဟန်းမင်းကြီး ရုံးတော်မှ မိတ်သဟာရဖွဲ့ရန် နှစ်​ဘက်​နိုင်ငံရေးသံတမာန်ဖွဲ့ရန် နည်းလမ်းရှာဖွေခဲ့ပါတယ်၊ ယနေ့မှာတော့ အဲ့ထက်ပိုတဲ့ ဥရောပတိုက် နှင့် ကမ္ဘာတဝှမ်းမှာ မြင်တင်ဖို့လိုအပ်နေတဲ့ ညီကိုယ်မောင်နှမ စိတ်ဓာတ် နှင့် ချစ်ခင်ရင်းနှီးစွာတွေ့ဆုံခြင်းအလေ့အထ မျိုးစေ့တွေကို သင်တို့ရဲ့ ကောင်းမွန်သောမြေပေါ်သို့ ကျွနုပ်လာယောက် ကျဲးချမည် ဒီမျိုးစေ့ကို ကြိုဆိုနေကြမယ် ဒီမျိုးစေ့က အသီးအပွင့်တွေ ဖြစ်ပေါ်လာမယ်။ သင်တို့နိုင်ငံ၏ သီးခြားထူးခြာသော အလှတရားက များပြားလှသော ရိုးရာယဉ်ကျေးမှုများ၊ လူမျိုးစုများ နှင့် ဘာသာတရားပေါ် ချစ်မြတ်နိုးခြင်းမှာ အခြေတည် ဖြစ်ပေါ်လာတယ်။

အတူတကွနေထိုင်းခြင်းဆိုတာ အမြဲတမ်းလွယ်ကူသော အရာ မဟုတ်ဖူးဆိုတာ ကျွနုပ်တို့နားလည်ပါတယ်၊ သို့သော် ်အဲ့ဒီအခက်အခဲကို ကျော်လွှာပြီး ရှေ့ဆက်နေခြင်းဟာ တန်ဖိုးရှိသော ထိုက်တန်​သော ကြိုးပန်းအားထုတ်မှုဖြစ်ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ အလှပဆုံး ပန်းချီကားဟာ ကြွယ်ဝသော ရောင်စုံကာလာတွေကြောင့် ဖြစ်ပေါ်လာလို့ပါပဲ။
ကျွနုပ်၏ ခရီးစဉ်ကို သင်တို့၏ နိုင်ငံသူ မာချေဒီုးနီးယား ပြည် စကော့ပီရေ မှာ မွေးဖွားကြီးပြင်ခဲသူ မာသာ တရေဇား ၏ ကြားဝင်ဆုတောင်းပေးမှုမှာ ပူဇော်အပ်နှံထားပါတယ်။ သူမဟာ ဘုရား၏ ကျေးဇူးတော် နှင့် တစ်​ကမ္ဘာလုံးအတွက် ရဲရင့်သော သခင်ခရစ်တော် ၏ ကရုနာရေး သာသနာပြုု ဖြစ်ပြီး ဆင်းရဲသားများထဲးမှ အဆင်းရဲဆုံးသူများကို ဂုဏ်သိက္ခာ နှင့်သက်တောင့်သက်သာ ရှိမှုကို ဖော်ဆောင်ပေးခဲ့သူဖြစ်တယ်။

ချစ်လှစွာသော မိတ်ဆွေတို့ မကြာခင်​မှာတွေ့ဆုံကြဖို့ ကျွနုပ်တိူ့၏ တွေ့ဆုံခြင်းကို ငြိမ်းချမ်းခြင်း၊ ကောင်းမြတ်ခြင်း အသီးအပွင်းများ သင်တို့စီမှာ ထွက်ပေါ်လာဖို့ ဆုတောင်းမေတ္တာ အားဖြင့်ပြင်ဆင်ကြပါစို့

ဘုရားရှင်သင်တို့ကို ကောင်းကြီးမင်္ဂလာ ပေးပါစေ။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-north-maced...

#pope, #visit, #northmacedonia, #peterkm,
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 8 =